By Ra Wai / MPA
မန္တလေးမြို့ပေါ်တွင် အလုပ်မှအပြန် စစ်ကောင်စီတပ်၏ ပေါ်တာဆွဲခြင်းခံလိုက်ရသည့် စစ်မှုထမ်းတပ်သားတစ်ဦး PDFထံ ခိုလှုံလာကြောင်းသိရသည်။
ယင်းတပ်သားသည် ပေါ်တာဆွဲခံရပြီးနောက် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၌ စစ်မှုထမ်းအပတ် စဉ် ငါး သင်တန်းတက်ရောက်ခဲ့ရပြီး ပုသိမ်ကြီးမြို့နယ် ခမရ ၁၁၉၌ တာဝန်ကျနေစဉ် မေလ တစ်ရက်က ထွက်ပြေးခိုလှုံလာကြောင်း Burma Revolution Ranger အဖွဲ့ထံမှသိရသည်။
” မန္တလေးမြို့မှာ အလုပ်လုပ်နေရင်း ညနေအလုပ်ကအပြန်ပေါ်တာဆွဲခံရတာပါ။ ကျတော်တို့ကို ဆက်သွယ်လာလို့ သေချာစစ်ပြီး သွားခေါ်ခဲ့တာပါဗျ။ အစကတည်းကသူက ဒီ စကစကို မကြိုက် တာပေါ့ဗျာ။ ခုလို ပေါ်တာဆွဲခံရတော့လည်း သူ့အနေနဲ့ ထွက်ပြေးဖို့ပဲတွေးထားပြီး လစ်တဲ့အချိန်မှာ ထွက်လာခဲ့တာပါ” ဟု Burma Revolution Rangerအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ၊ ရဲဘော် Demo က MPA သို့ပြောသည်။
ယင်းတပ်သားနှင့်အတူ လက်နက်ခဲယမ်းမပါလာသည့်အတွက် ဆုကြေးငွေချီးမြှင့်ခြင်းမရှိကြောင်း
ယင်းတပ်သား၏ မိသားစုနှင့်ဆက်သွယ်ပြီး မိသားစုထံပြန်ပို့ပေးထားကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြင်မှန်ရကာ မိမိ၏အသက်အသေမခံဘဲ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်နှင့်အတူအလင်းဝင်ရောက်ကြရန် Burma Revolution Rangers ကတိုက်တွန်းထားသည်။