By MPA
တရုတ်အစိုးရ ဦးဆောင်မှုဖြင့် PSLF / TNLA ကိုယ်စားလှယ်နှင့် စစ်ကောင်စီကိုယ်စားလှယ်များသည် တရုတ်နိုင်ငံ ကူးမင်မြို့၌ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ဧပြီ ၂၈ ရက်နှင့် ၂၉ရက်တွင် PSLF ၏ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျာဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် စစ်ကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် ကိုယ်စားလှယ်များသည် ကူမင်းမြို့၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
သို့သော် အဆိုပါ ဆွေးနွေးပွဲတွင် စစ်ကောင်စီက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်ဒေသများမှ TNLA တပ်များသည် နမ့်ဆန်နှင့် မန်တုံမြို့ထိ ဆုတ်ပေးရန် တောင်းဆိုသည့်အတွက် PSLF ကိုယ်စားလှယ်က သဘောမတူသဖြင့် ဆွေးနွေးမှု ရှေ့မရောက်ဘဲ နှစ်ဘက်အပစ်ရပ်ရန်အတွက် ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန်သာ သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆွေးနွေးပွဲ၌ လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်း စသည့် တိုက်ခိုက်မှုအားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ရန် တရုတ်နိုင်ငံ ကိုယ်စားလှယ် မစ္စတာ တိ့န်ရှိကျွင်းက ဆောင်ရွက်ခဲ့သည်ဟုလည်း ဆိုထားသည်။
ပြီးခဲ့သည့် ဧပြီလကလည်း တရုတ်နိုင်ငံ၏ ဝင်ရောက်ညှိနှိုင်းမှုကြောင့် MNDAA တပ်များသည် လားရှိုးမြို့မှ ဆုတ်ခွာပေးခဲ့ရသေးသည်။