ပုံစာ- NUGယာယီသမ္မတ PDFတပ်ကို စစ်ဆေးနေပုံ(ပုံဟောင်း)By Nway / MPA
NUGအစိုးရအနေနှင့် မဟာဗျူဟာနည်းလမ်းခြောက်ခုကို ဟန်ချက်ညီညီ အရှိန်မြှင့် ဖော်ဆောင် ခြင်း ဖြင့် ဒေသအလိုက် လွတ်မြောက်မှုမှသည် ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်သည်အထိ ဆက် လက်ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
NUGအစိုးရအနေဖြင့် ပြည်သူ့တော်လှန်ရေး၏ မဟာဗျူဟာဦးတည်ချက် ခြောက်ချက် ကို ရရှိနိုင်ရန်အတွက် မဟာဗျူဟာ နည်းလမ်းခြောက်ခုကို သတ်မှတ်အကောင်အထည်ဖော်လျက် ရှိရာ ယင်းနည်းလမ်းခြောက်ခုမှာ နိုင်ငံရေး၊နိုင်ငံခြားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ဘဏ္ဍာရေးနှင့် လူထုဆက် ဆံရေးနည်းလမ်းတို့ဖြစ်ကြောင်း NUGအစိုးရက ယနေ့(ဧပြီ၃၀ရက်)ထုတ်ပြန်သည်။
“မြင်မိသလောက် ပြောရမယ်ဆိုရင် NUGအစိုးရဟာ နိုင်ငံရေးအရ ပြည်တွင်း၊ပြည်ပထောက်ခံမှု အ ခိုင်အမာရရှိထားပေမဲ့ ဒီနေ့ထိအောင် တော်လှန်ရေးအတွက် အရေးပါတဲ့ ထိုင်းနိုင်ငံနဲ့ ခိုင်မာတဲ့ ဆက် ဆံရေးကောင်း မတည်ဆောက်ထားနိုင်ဘူး။နိုင်ငံတကာအသိုင်းအဝိုင်းဆီကနေ လက်တွေ့ကျတဲ့ ပံ့ပိုး မှုတွေ ဘာမှ မရတာဟာ NUGနိုင်ငံခြားရေးဌာနရဲ့ အားနည်းချက်ကြောင့်ပါပဲ။စစ်ရေးမှာ တရိပ်ရိပ် တက်နေတယ်။ဘဏ္ဍာရေးပိုင်းလည်း အားကောင်းအောင် လုပ်နိုင်စွမ်းရှိတယ်။ဒါပေမဲ့ နာမည်ကြီးနေ တဲ့ ပသုံးလုံးယန္တရားပေါ့။ဒီနေ့ထိ NUGခေါင်းဆောင်တွေက ပသုံးလုံးယန္တရားရဲ့ ပုပ်နေတဲ့အခြမ်းကို ရှင်းထုတ်နေတယ်ပြောပေမဲ့ နှေးကွေးလွန်းနေတာ တွေ့ရတယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက် ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
NUGအစိုးရ၏ မဟာဗျူဟာ နည်းလမ်းခြောက်ခုမှာနိုင်ငံရေးနည်းလမ်းအရ မဟာမိတ်များနှင့် နိုင်ငံရေး၊ စစ်ရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူလူထု၏ စဉ်ဆက်မပြတ် ထောက်ခံပါဝင်မှုကို ထိန်းသိမ်းမြှင့်တင်ခြင်း။နိုင်ငံခြားရေးနည်းလမ်းအရ တော်လှန် ရေးအပေါ် နိုင်ငံတကာ၏ သိရှိနားလည်မှုနှင့် အားပေးထောက်ခံမှု တိုးတက်ရရှိအောင် ဆောင်ရွက် ခြင်း။စစ်ရေးနည်းလမ်းအရ မိမိတပ်မတော်ကို Chain of Command & Code of Conduct ဟူသည့် CoC နှစ်ရပ်နှင့် တိုက်စွမ်း ရည် အားကောင်းအောင် တည်ဆောက်လျက် ဗျူဟာမြောက် တိုက်ပွဲဝင်ခြင်း။အုပ်ချုပ်ရေးနည်းလမ်း အရ ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို တရားဥပဒေနှင့်အညီ စီမံ ဆောင်ရွက်ခြင်း၊ Legality အခြေခံ ဖြင့် ပို၍ စနစ်ကျအောင် ထိန်းကျောင်းကြပ်မတ်ခြင်း နှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ပြည် သူ့ဝန် ဆောင်မှုလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ခြင်း။ဘဏ္ဍာရေးနည်းလမ်း အရ တော်လှန်ရေးအ တွက်လိုအပ်သော ဘဏ္ဍာရန်ပုံငွေကို စဉ်ဆက်မပြတ် ဖြည့်တင်းနိုင်ရန်နှင့် စစ်ကောင်စီ၏ ဘဏ္ဍာ ရန်ပုံငွေ ရလမ်းများကို ဖြတ်တောက်ရန် ဆောင်ရွက်ခြင်းနှင့်လူထုဆက်ဆံရေးနည်းလမ်းအရ ပြည်သူ့တော်လှန်ရေးဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ဆောင်ချက်များအပေါ် ပြည်သူလူထုနှင့် နိုင်ငံတကာက ကောင်းစွာ နားလည်သိရှိ နိုင်ရန် ဆောင်ရွက်ခြင်းတို့ဖြစ်သည်။
စာတည်း-ML