By Ko Paing / MPA
ငလျင်ဘေးသင့်ကာလ ၁၀ရက်ကျော်ကတည်းကပင် ရန်ကုန်မြို့တော်တွင်း စစ်ကောင်စီတပ် ၏ လူအလစ်သုတ်ဖမ်းဆီးမှုများမှာ ပုံမှန်အတိုင်း ပြန်လည်အသက်ဝင်ခဲ့ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်ပြီးနောက် ၁၀ရက်ကျော်အထိ ရန်ကုန်မြို့၌ စစ်ကောင်စီတပ်၏ လူဖမ်းဆီးမှုနှင့် ဧည့် စာရင်းစစ်ခြင်းများ လျော့ကျသွားသော်လည်း ယင်းနောက်ပိုင်း၌ ပုံမှန်အတိုင်း လူဖမ်းမြဲဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ရဲသတင်းရင်းမြစ်ထံက သိရသည်။
“ငလျင်လှုပ်ပြီးတော့ အဖမ်းအဆီးနည်းနည်းငြိမ်သွားတာက ငလျင်ကြောင့် စာနာထောက်ထားပြီး ငြိမ်တာ မဟုတ်ဘူး။စစ်မှုထမ်းသင်တန်းဖွင့်မယ့်အချိန်နဲ့ နည်းနည်းဝေးသေးလို့။ဧပြီ၁၀ရက်နောက် ပိုင်းကျတော့ စစ်မှုထမ်းအတွက် လူလိုပြီဆိုတော့ အစွယ်ထုတ်တော့တာ”ဟု ၎င်းက MPAသို့ပြော သည်။
စစ်ကောင်စီတပ်သည် စစ်မှုထမ်းသင်တန်းဖွင့်လှစ်ရန် အချိန်နီးကပ်လာတိုင်း လူလိုသဖြင့် ရန်ကုန် မြို့ရှိ လူအသွားအလာနည်းနေသည့်နေရာမျိုးနှင့် ညဘက်တို့တွင် အမျိုးသားများအား ဖမ်းဆီးမြဲဖြစ် ကြောင်း သိရသည်။
ဒဂုံမြို့သစ်မြောက်ပိုင်း၊၇/၈လမ်းဆုံအနီးနေပြည်သူတစ်ဦးက “ အခုနောက်ပိုင်းညဘက် လမ်းဘေးမှာ ထိုင်တာတွေ၊သောက်စားပြီး ပြန်လာတာတွေ မရှိသလောက်ပဲ။မရှိတော့ဘူးဆိုတာက အဲလိုလမ်း ဘေးထိုင်တဲ့လူငယ်တွေကို စစ်တပ်ကဖမ်းတာလည်း ကုန်ပြီလေ။အဲဒါကြောင့် အခုနောက်ပိုင်း မှောင်ခါ စအချိန် အလစ်ဖမ်းတာ များလာတယ်”ဟု ပြောသည်။
စစ်တပ်သည် ရန်ကုန်မြို့၊ဆင်ခြေဖုံးမြို့နယ်များတွင် လူအလစ်သုတ်ဖမ်းဆီးခြင်းကို အဓိက လုပ်ကြကြောင်း ရဲသတင်းရင်းမြစ်က ဆိုသည်။
ဧပြီ၂၂ရက်တွင် စစ်မှုထမ်းအပတ်စဉ်၁၂ကို စစ်ကောင်စီ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်း ကျောင်းများ၌ ဖွင့်လှစ်ခဲ့သည်။
စာတည်း-ML