• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
17 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ရန်ကုန်အတွက် ကြားကာလ အစီအမံရေးဆွဲရေးကော်မရှင် ဖွဲ့စည်း

Thar Nge Lay by Thar Nge Lay
Apr 28, 2025
in နိုင်ငံရေး
0
0
ရန်ကုန်အတွက် ကြားကာလ အစီအမံရေးဆွဲရေးကော်မရှင် ဖွဲ့စည်း

Photo-MPA (ပုံစာ- ၂၀၂၁ခုနှစ်၊ မတ်လအတွင်း စစ်ကောင်စီကို ဆန္ဒထုတ်ဖော်ခဲ့သည့် မြင်ကွင်း)

Share on FacebookShare on Twitter

By Chun Nrein / MPA

ရန်ကုန်တိုင်း တော်လှန်ရေးအင်အားစု အဖွဲ့ပေါင်း တစ်ရာကျော် စုစည်းပြီး ရန်ကုန်ကြားကာလအစီအမံ ရေးဆွဲရေးကော်မရှင်တစ်ရပ်ကို နှစ်ရက်တာ‌စုံညီ အစည်းအဝေးပြုလုပ်ပြီးနောက် အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ကြောင်း စုံညီအစည်းအဝေးကျင်းပရေးကော်မတီမှ တာဝန်ရှိသူများက ပြောသည်။

ရန်ကုန်ကြားကာလအစီအမံ ရေးဆွဲရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းနိုင်ရန်အတွက် လွန်ခဲ့သော တစ်နှစ်ခွဲအချိန်ကပင်က သဘောတူညီခဲ့ပြီးဖြစ်ပြီး ကော်မရှင်ပေါ်ပေါက်ရေးအတွက် ရက်ပေါင်း ၁၆၀တိတိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စုံညီအစည်းအဝေးကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ ဒေါက်တဘိုင်အိုက ပြောသည်။

“စစ်အုပ်စု ကျရှုံးသွားတဲ့အချိန်မှာ ရုတ်တရက် ဖြစ်ပေါ်လာနိုင်တဲ့ အာဏာလေဟာနယ်အတွက် အစားထိုးပြီးတော့ ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးနဲ့ ရှိနေတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ပဋိပက္ခတွေ နည်းပြီး ညီညီညွတ်ညွတ်၊ မျှမျှတတနဲ့ အစားထိုးနေရာယူနိုင်ဖို့အတွက် ရေးဆွဲတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ရန်ကုန်ကြားကာလအစီအမံ ရေးဆွဲရေးကော်မရှင်တစ်ရပ်ကို နှစ်ရက်တာ ပြုလုပ်ခဲ့သည့် ရန်ကုန်ပလက်ဖောင်းမျက်နှာစုံညီအစည်းအဝေးမှ အတည်ပြုလိုက်သည့်အတွက် မကြာခင်မှာ အသက်ဝင်တော့မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ကြားကာလအစီအမံ ရေးဆွဲရေးကော်မရှင်ကို လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီများ၊ CDM များ၊ မြေပြင်သပိတ်နှင့် တော်လှန်ရေးအင်အားစုများ၊ သမဂ္ဂများ၊ အမျိုးသမီးကဏ္ဍ၊ လူအနည်းစုနှင့် တတ်သိပညာရှင် စသည့် အခန်းကဏ္ဍ စုံလင်စွာဖြင့် ဖွဲ့စည်းရန် သဘောတူညီမှု ရှိခဲ့သည်ဟု ကြားကာလအစီအမံရေးဆွဲရေး အလုပ်အဖွဲ့ဝင် ဦးထွန်းကြည်က ပြောသည်။

“ရန်ကုန်ကောင်းဖို့အတွက်၊ ရန်ကုန်တည်ငြိမ်ဖို့အတွက်နဲ့ စစ်ရာဇဝတ်ကောင်နဲ့ စစ်ရှုံးကောင်စီက တကယ်လို့များ ရန်ကုန်က ဆုတ်ခွာသွားပြီး စစ်ရှုံးပြီဆိုရင် ပါဝါလေဟာနယ်ဖြစ်တဲ့အချိန်မှ ကြိုးစားတာထက် အခုတည်းက ကြိုပြင်တဲ့အနေနဲ့ ကြားကာလအစီအမံ ရေးဆွဲဖို့ အလုပ်အဖွဲ့ကို တာဝန်ပေးပြီး လုပ်ဆောင်တာဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ရန်ကုန်ပလက်ဖောင်း၏ အလုပ်အဖွဲ့ဝင်များ ဖွဲ့စည်းရာတွင်လည်း အမျိုးသမီး ပါဝင်မှုအပြင် ကျားမတန်းတူရေးကိုလည်း ချန်လပ်ထားခြင်းမရှိကြောင်းသိရသည်။

“လက်ရှိ အဖွဲ့အစည်းပေါင်း ၆၀ကျော် ပါဝင်တဲ့ ကော်မရှင်မှာ အမျိုးသမီး ပါဝင်မှုနှုန်းက ၁၇ရာခိုင်နှုန်းအထက်မှာရှိတယ်။ LGBTပါဝင်မှုက သုံးရာခိုင်နှုန်းရှိတယ်။ အမျိုးသမီးတွေရဲ့ စွမ်းရည်တွေကို မြှင့်တင်ပေးဖို့၊ ကာကွယ်ဖို့ ဥပဒေရေးဆွဲရေးတွေမှာ ပါဝင်ဖို့ ပထမခြေလှမ်းအနေနဲ့ ကြိုးစားထားတာတွေ ရှိပါတယ်”ဟု ကြားကာလအစီအမံရေးဆွဲရေး အလုပ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် မဒေဝီက ပြောသည်။

ကော်မရှင်နှင့် လူစာရင်းများလည်း ကြေညာပြီးပြီဖြစ်သောကြောင့် ရန်ကုန်ကြားကာလအစီအမံ ရေးဆွဲရေးကော်မရှင်၏ ပထဆုံး အစည်းအဝေးကို လာမည့်မေလ ၁၁ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ကြားကာလ အစီအမံရေးဆွဲရေးကော်မရှင် ပေါ်ပေါက်လာရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ထိုင်း-မြန်မာနယ်စပ်တွင် ကနဦး တွေ့ဆုံဆွေး နွေးမှုများလည်း ရှိခဲ့သည်ဟု သိရသည်။

Tags: ကြားကာလရန်ကုန်တိုင်းအစီအမံရေးဆွဲရေးကော်မရှင်
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

နိုင်ငံရေး

ရန်ကုန်မြို့ရှိ ဆင်းရဲနွမ်းပါးသူအချို့ စစ်မှုထမ်းရန် ကိုယ်တိုင် စာရင်းပေးသူများရှိနေ

Mar 18, 2025
ဧရာဝတီတိုင်း၌ စစ်မှုထမ်းရန် လူငယ်များကို ကြိုမပြောဘဲ မဲပေါက်သူများအား ရုတ်တရက် အိမ်ပေါ်တက်ဖမ်း

By Mg Dagon / MPA ရန်ကုန်တိုင်းထဲက ဆင်ခြေဖုံးမြို့နယ်များဖြစ်သော ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်တို့တွင် နေထိုင်သည့် ဆင်းရဲနွမ်းပါးသူအချို့သည် စစ်ကောင်စီတပ်၏ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် စာရင်းလာပေးသူများ ရှိနေကြောင်း ထိုအကြောင်းသိရှိထားသူများထံမှ သိရသည်။ အသက် ၃၀...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းစာရင်းဝင်လူငယ်များကို အိမ်ထဲအထိ ဝင်ဖမ်းကာ သင်တန်းကျောင်း ပို့ဟုဆို

Mar 7, 2025
ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းစာရင်းဝင်လူငယ်များကို အိမ်ထဲအထိ ဝင်ဖမ်းကာ သင်တန်းကျောင်း ပို့ဟုဆို

By Ko Paing / MPA ရန်ကုန်တိုင်းအတွင်းရှိ စစ်မှုထမ်းစာရင်းဝင်လူငယ်များကို စစ်ကောင်စီတပ်က အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးကာ သင်တန်းကျောင်းပို့နေကြောင်းသိရသည်။ ဖေဖော်ဝါရီ ၁၇ ရက်တွင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၀ စတင်ခဲ့ပြီး အဓမ္မစုဆောင်းထားသူ လူ...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

ရန်ကုန်တိုင်းအတွင်း တစ်လတာ စစ်တပ် ဖမ်းဆီးခြင်းခံရသူ ၂၀၀ ကျော်ရှိ၊ လမ်းမပေါ် အဖမ်းခံရသူ အများဆုံးဟုဆို

Mar 6, 2025
ရန်ကုန်တိုင်းအတွင်း တစ်လတာ စစ်တပ် ဖမ်းဆီးခြင်းခံရသူ ၂၀၀ ကျော်ရှိ၊ လမ်းမပေါ် အဖမ်းခံရသူ အများဆုံးဟုဆို

By Ko Paing / MPA ဖေဖေါ်ဝါရီအတွင်း ရန်ကုန်တိုင်း၌ စစ်ကောင်စီတပ်၏ ကနဦး ဖမ်းဆီးခြင်းခံရသူ ၂၃၃ ဦး ရှိကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်သည်။ ဖမ်းဆီးခံရသူများအနက် ၅၄...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ရန်ကုန်တိုင်းအတွင်း PDF တပ် ဝင်လာပါက မြို့လုံခြုံရေးနှင့်ထောက်ပို့ ရဲများ တာဝန်ယူရမည်ဟုဆို

Mar 4, 2025
ရန်ကုန်တိုင်းအတွင်း PDF တပ် ဝင်လာပါက မြို့လုံခြုံရေးနှင့်ထောက်ပို့ ရဲများ တာဝန်ယူရမည်ဟုဆို

By Ko Paing/MPA ရန်ကုန်တိုင်းအတွင်းသို့ PDF တပ်များ ဝင်ရောက်တိုက်ခိုက်လာပါက ရဲတပ်ဖွဲ့ဝင်များအား မြို့လုံခြုံရေးနှင့် ထောက်ပို့စစ်ကြောင်းများ၌ တာဝန်ချရန် စစ်ကောင်စီ ပြင်ဆင်နေကြောင်း သိရသည်။ ရန်ကုန်တိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားလာပါက တိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များကို မူလတာဝန်...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

ရန်ကုန်တိုင်း၌ တစ်လအတွင်း စစ်မှုထမ်းစာရင်းပါ၍ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၄၈ ဦးရှိ၊ ဧည့်စာရင်း စစ်ပြီး ဖမ်းခေါ်ခံရသူ ၇၇ ဦးနှင့် လမ်းမပေါ် အဖမ်းခံရသူ ၅၈ ဦးရှိဟုဆို

Feb 5, 2025
ရန်ကုန်တိုင်း၌ တစ်လအတွင်း စစ်မှုထမ်းစာရင်းပါ၍ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၄၈ ဦးရှိ၊ ဧည့်စာရင်း စစ်ပြီး ဖမ်းခေါ်ခံရသူ ၇၇ ဦးနှင့် လမ်းမပေါ် အဖမ်းခံရသူ ၅၈ ဦးရှိဟုဆို

By Ko Paing/MPA ရန်ကုန်တိုင်း၌ ဇန်နဝါရီလအတွင်း စစ်မှုထမ်းစာရင်းပါ၍ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၄၈ဦး ရှိ ကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်သည်။ ဇန်နဝါရီအတွင်း ဧည့်စာရင်းစစ်ပြီး ဖမ်းခေါ်ခံရသူ ၇၇ ဦး၊...

Read more
by Thar Nge Lay
0 Comments
သတင်း

ငမိုးရိပ်ရေလှောင်တမံ ဖောက်ချမည်ဟု သတင်းအမှား ပျံ့နေ၍ ရန်ကုန်မြို့ခံများ စိုးရိမ်နေ

Sep 13, 2024
ငမိုးရိပ်ရေလှောင်တမံ ဖောက်ချမည်ဟု သတင်းအမှား ပျံ့နေ၍ ရန်ကုန်မြို့ခံများ စိုးရိမ်နေ

By Maung Dagon / MPA ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ငမိုးရိပ်ရေလှောင်တမံ ဖောက်ချမည်ဟု သတင်းအမှားများ ပျံ့နှံ့နေ၍ ရန်ကုန်မြို့ခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ည ကိုးနာရီခန့်မှစတင်ကာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊...

Read more
by Thar Nge Lay
0 Comments
သတင်း

လျှပ်စစ်မီး မမှန်ခြင်းသည် Star City နှင့် စက်မှုဇုန်များသို့ ရောင်းထားခြင်းကြောင့်ဟုဆို

Apr 29, 2024
လျှပ်စစ်မီး မမှန်ခြင်းသည် Star City နှင့် စက်မှုဇုန်များသို့ ရောင်းထားခြင်းကြောင့်ဟုဆို

ရန်ကုန်တိုင်းရှိ မြို့နယ်အများစုတွင် လျှပ်စစ်မီးအချိန်မှန် မဖြန့်ဖြူးနိုင်ခြင်းသည့် သန်လျင် Star City နှင့် စက်မှုဇုန်များသို့ လျှပ်စစ်မီးရောင်းစားထားခြင်းကြောင့်ဖြစ်ကြောင်း Star City အိမ်ရာအတွင်းရှိ သတင်းအရင်းအမြစ်တစ်ဦးက‌ ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်အပါအဝင် မြို့နယ်အများစုတွင် လျှပ်စစ်မီးဖြန့်ဖြူးချိန်များ...

Read more
by MPA CJ018
0 Comments
သတင်း

ရန်ကုန်တိုင်းရှိ မြို့အချို့တွင် အလှည့်ကျမီးကင်းမစောင့်နိုင်ပါက တစ်အိမ်ထောင်လျှင် ကျပ် ၁၅၀၀၀ ပေးနေရ

Jan 23, 2024
ရန်ကုန်တိုင်းရှိ မြို့အချို့တွင် အလှည့်ကျမီးကင်းမစောင့်နိုင်ပါက တစ်အိမ်ထောင်လျှင် ကျပ် ၁၅၀၀၀ ပေးနေရ

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် အလှည့်ကျမီးကင်းမစောင့်နိုင်သည့် အိမ်ထောင်စုတစ်စုလျှင် ကျပ် ၁၅၀၀၀ပေးနေရ ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ထို့ပြင် မီးကင်းစောင့်တဲ ဆောက်လုပ်ရန်အတွက် တစ်အိမ်လျှင် ကျပ် ၅၀၀၀ ကောက်ခံနေကြောင်း လှိုင်သာယာ၊ မီးခွက်စျေးရှိ အမျိုးသားတစ်ဦးကပြောသည်။ "နွေရာသီရောက်တော့မှာမလို့...

Read more
by MPA CJ022
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In