• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
18 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ရခိုင်တွင် ရိုဟင်ဂျာများအတွက် လွတ်လပ်သော ပြည်နယ်တစ်ခု ထူထောင်ပေးရန် ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ်ပါတီက တရုတ်ကို အဆိုပြု

Thar Nge Lay by Thar Nge Lay
Apr 28, 2025
in နိုင်ငံရေး
0
0
ရခိုင်တွင် ရိုဟင်ဂျာများအတွက် လွတ်လပ်သော ပြည်နယ်တစ်ခု ထူထောင်ပေးရန် ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ်ပါတီက တရုတ်ကို အဆိုပြု

ပုံစာ - ဂျာမတ်-အီ-အစ္စလာမီ ခေါင်းဆောင်များ ၂၀၂၅ ခုနှစ် ဧပြီ ၂၇ ရက်က ဒါကာမြို့၌ တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံနေစဉ်။ (ဓာတ်ပုံ- Facebook)

Share on FacebookShare on Twitter

The Business Standard

ရိုဟင်ဂျာအများစုနေထိုင်သည့် ရခိုင်ပြည်နယ်တွင် လွတ်လပ်သော ပြည်နယ်တစ်ခု တည်ထောင်ပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး အစ္စလာမ်မစ် နိုင်ငံရေး ပါတီကြီးတစ်ခုဖြစ်သော ဂျာမတ်-အီ-အစ္စလာမီ (Jamaat-e-Islami) အဖွဲ့က တရုတ်ကွန်မြူနစ်ပါတီ (CCP) မှ ဧပြီ ၂၇ က တွေ့ဆုံစဉ် အဆိုပြု တင်ပြထားသည်။

တွေ့ဆုံမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် အဖွဲ့၏ ဒုတိယခေါင်းဆောင် ဂျာမတ် နိုင်ယေဘ်-အေ-အမီးရ် ဆီယဒ် အဗ္ဗဒူလာ မိုဟာမက် တာဟေရ်က “ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာ ၁.၂ သန်း ရှိနေပါတယ်။ သူတို့ဟာ လူသား မဆန်တဲ့ ဘဝကို ဖြတ်သန်းနေရပါတယ်။

အစားအသောက်နဲ့ အမိုးအကာပေးရုံနဲ့ ပြဿနာ မပြေလည်ဘူးလို့ တရုတ်ပါတီကိုကျွန်တော်တို့ ပြောခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းပြဿနာကို ဖြေရှင်းရန်နည်းလမ်းမှာ ရိုဟင်ဂျာများအနေဖြင့် ကိုယ်ပိုင်မြေတွင် ပြန်လည်နေထိုင်နိုင်ရန် ဖြစ်ပြီး ရခိုင်တွင် လွတ်လပ်သော ပြည်နယ်သစ်တစ်ခု ထူထောင်နိုင်ရန် အဆိုပြုခဲ့သည်။

” တရုတ်နဲ့ မြန်မာရဲ့ ဆက်ဆံရေးက အင်မတန် ကောင်းမွန်တဲ့အတွက် တရုတ်က အကြီးမားဆုံး အခန်းကဏ္ဍကနေ ပါဝင်ပေးလို့ရပါတယ် ” ဟု ၎င်းက ဆိုသည်။

ပါတီဒုတိယအကြီးအကြတာဟေရ်က တရုတ်ပါတီနှင့် တွေ့ဆုံရာတွင် ဒေသတွင်း လုံခြုံရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။

“ ဒါဟာ ဒီဒေသမှာ ဘယ်သူ့ကိုမှ ရန်လိုတဲ့ သဘောထား မရှိစေဖို့အတွက်ပါ”

တာဟေရ်က ပါတီအချင်းချင်း တွေ့ဆုံမှုဖြစ်ကြောင်းနှင့် ယခုတွေဆုံမှုသည် CCP နှင့် ဆက်ဆံရေး တိုးမြှင့်ရန် ဂျာမတ်အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ကြောင်းလည်း ပြောကြားသည်။

ဒေသတွင်း၌ တီစတာရေကာတာ၊ ဒုတိယမြောက် ပက်ဒမာ တံတားနှင့် ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရေးတို့အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပေးရန်လည်း တောင်းဆိုခဲ့ကြောင်း ၎င်းက သတင်းထောက်များကို ပြောကြားသည်။

“ ရေနက်ဆိပ်ကမ်းတွေကနေတစ်ဆင့် အပြာရောင်စီးပွားရေးကို မြှင့်တင်သင့်တယ်လို့ ကျွန်တော်တို့ ပြောခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ကျောင်းသားတွေကိုလည်း ပညာသင်ဆုအကြီးတွေ ပေးဖို့ တောင်းဆိုခဲ့ပါတယ်”

မိမိတို့နယ်မြေအတွင်း ရွေးကောက်ပွဲများ ကျင်းပနိုင်မည့် အခြေအနေများနှင့် ပြုပြင်ပြောင်းလဲရေးကိစ္စများ၊ ပါတီအနေဖြင့် အတိုင်ပင်ခံချုပ်က ချမှတ်ထားသော အချိန်ဇယားကို ထောက်ခံနိုင်ခြင်းရှိ၊ မရှိ စသည်တို့ကို သိလိုကြောင်း CCP က မေးမြန်းခဲ့သည်။

“ တရုတ်ကိုယ်စားလှယ်တွေက တရုတ်အစိုးရဟာ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လေ့မရှိဘူးလို့ ပြောပါတယ်။ အဲဒီမူဝါဒကို ဘင်္ဂလားဒေ့ရှ်မှာလည်း ကျင့်သုံးသွားပါလိမ့်မယ်”

ဆွေးနွေးပွဲတွင် CCP ကိုယ်စားလှယ်အဖွဲ့ကို CCP ဗဟိုကော်မတီ၏ နိုင်ငံတကာရေးရာဌာန၊ အရှေ့တောင်အာရှနှင့် တောင်အာရှရေးရာဗျူရိုမှ ပန်ကျူဘင်က ဦးဆောင်ခဲ့သည်။

ဂျာမတ် ကိုယ်စားလှယ်အဖွဲ့တွင် လက်ထောက်အတွင်းရေးမှူးချုပ်များဖြစ်သော ရာဖီကူလ် အစ္စလာမ် ခန်နှင့် အီဆန်နူလ် မာဘူဘ် ဇိုဘေယာ၊ ပြန်ကြားရေးဌာန အတွင်းရေးမှူး မာတီယူး ရာမန် အာကန်ဒ်နှင့် အမှုဆောင်ကောင်စီ အဖွဲ့ဝင်များဖြစ်သော မိုဟာမက် ဆယ်လင် အူဒင်နှင့် နူရူလ် အစ္စလာမ် ဘူလ်ဘူလ်တို့ ပါဝင်ခဲ့သည်။

Tags: ရခိုင်ပြည်နယ်ရိုဟင်ဂျာလွတ်လပ်သောပြည်နယ်အစ္စလာမ်မစ်ပါတီ
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

စစ်ရေး

ငလျင်ကြီးလှုပ်ခတ်ခဲ့သည့် အချိန်မှ တစ်လအတွင်းအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်ကို အကြိမ် ၃၀ ထက်မနည်း လေကြောင်းတိုက်ခိုက်

Apr 28, 2025
ငလျင်ကြီးလှုပ်ခတ်ခဲ့သည့် အချိန်မှ တစ်လအတွင်းအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်ကို အကြိမ် ၃၀ ထက်မနည်း လေကြောင်းတိုက်ခိုက်

By Hlaing / MPA အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သည့် မတ် ၂၈ရက်မှ တစ်လပြည့် ဧပြီ ၂၈ရက်အထိ စစ်ကောင်စီက တစ်လအတွင်း ရခိုင်ပြည်နယ်ကို အကြိမ် ၃၀ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း MPA ကပြုစုထားသည့် စာရင်းများအရ...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

ရိုဟင်ဂျာအရေးသည် မြန်မာ့ပြဿနာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဇစ်မြစ်မှာ စစ်အာဏာရှင်စနစ် ဟု သံအမတ်ကြီးဆို

Mar 28, 2025
ရိုဟင်ဂျာအရေးသည် မြန်မာ့ပြဿနာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဇစ်မြစ်မှာ စစ်အာဏာရှင်စနစ် ဟု သံအမတ်ကြီးဆို

By Ra Wai / MPA ရိုဟင်ဂျာ အရေးသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်ဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။ ၆၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေး၌...

Read more
by Thar Nge Lay
0 Comments
Fact Check

ရခိုင်ပြည်နယ်တွင် အေအေက မိုင်းထောင်ပြီး မိုင်းနင်းမိသည့် ကျွဲနွားများကို ရိက္ခာအဖြစ်ယူဆောင်နေဟုဆိုသည့် သတင်းဓာတ်ပုံအမှား

Feb 15, 2025
ရခိုင်ပြည်နယ်တွင် အေအေက မိုင်းထောင်ပြီး မိုင်းနင်းမိသည့် ကျွဲနွားများကို ရိက္ခာအဖြစ်ယူဆောင်နေဟုဆိုသည့် သတင်းဓာတ်ပုံအမှား

By Haythar / MPA ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် အေအေ က မိုင်းထောင်ပြီး မိုင်းနင်းမိသည့် ကျွဲနွားများကို ရိက္ခာအဖြစ် ယူဆောင်နေဆိုသည့် အကြောင်းအရာနှင့် ဓာတ်ပုံနှစ်ပုံ ကို အသုံးပြုပြီး ဖေဖော်ဝါရီ ၁၂ ရက်တွင်ဖေ့ဘွတ်အ...

Read more
by Thar Nge Lay
0 Comments
ရခိုင်ဒေသ

ရခိုင်ပြည်နယ်တွင် ဖုန်းလိုင်းရသည့်နေရာ၌ တစ်မိနစ်နှစ်ထောင်ကျပ်ဖြင့် ဖုန်းပြောခပေးနေရ

Dec 30, 2024
ရခိုင်ပြည်နယ်တွင် ဖုန်းလိုင်းရသည့်နေရာ၌ တစ်မိနစ်နှစ်ထောင်ကျပ်ဖြင့် ဖုန်းပြောခပေးနေရ

By Jar Seng / MPA ရခိုင်ပြည်နယ်ရှိ AA ထိန်းချုပ်ထားသည့်မြို့နယ်များကို စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး ဖုန်းလိုင်းရရှိသည့်နေရာများတွင် တစ်မိနစ်နှစ်ထောင်ကျပ်ဖြင့် ဖုန်းပြောခပေးနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ၁၆ရက်မှ...

Read more
by Thar Nge Lay
0 Comments
Fact Check

စစ်ကောင်စီတပ်က တောင်ကုတ်မြို့အနီး ဗုံးကြဲရာ AA ဗျူဟာမှူး အပါအဝင် ၃၈ ဦး သေဆုံးဆိုသည့် သတင်းအမှား

Aug 19, 2024
စစ်ကောင်စီတပ်က တောင်ကုတ်မြို့အနီး ဗုံးကြဲရာ AA ဗျူဟာမှူး အပါအဝင် ၃၈ ဦး သေဆုံးဆိုသည့် သတင်းအမှား

By Haythar / MPA ရခိုင်ပြည်နယ် တောင်ကုတ်မြို့အနီးရှိ ဒေသအခေါ် မိုးတောင်တန်းအနီးသို့ စစ်ကောင်စီတပ်က လေကြောင်း က ဗုံးကျဲတိုက်ခိုက်ရာ အာရက္ခတပ်တော်(AA) က ဗျူဟာမှူးအပါအဝင် ၃၈ဦး သေဆုံးဆိုသည့်သတင်းအ မှား သြဂုတ် ၁၈ရက်တွင်...

Read more
by Thar Nge Lay
0 Comments
သတင်း

စစ်ကောင်စီ၏ စစ်သားအဖြစ်စုဆောင်းခံရသည့် ရိုဟင်ဂျာ လူငယ်တစ်ဦး ထွက်ပြေးရာမှ မိုင်းနင်းမိ

Jun 3, 2024
စစ်ကောင်စီ၏ စစ်သားအဖြစ်စုဆောင်းခံရသည့် ရိုဟင်ဂျာ လူငယ်တစ်ဦး ထွက်ပြေးရာမှ မိုင်းနင်းမိ

Sayar Ngaat / MPA ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် စစ်ကောင်စီ စစ်သားအဖြစ် စုဆောင်းခံရသည့် ရိုဟင်ဂျာလူငယ်တစ်ဦးသည် ထွက်ပြေးရာမှ စစ်တပ်ထောင်ထားသည့် မိုင်းကို နင်းမိခဲ့ကြောင်း ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများထံမှ စုံစမ်းသိရှိရသည်။ စစ်ကောင်စီ၏ စစ်သားအဖြစ် စုဆောင်းခံခဲ့ရသည့် လူငယ်သည်...

Read more
by MPA
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In