• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
13 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

လားရှိုးကိုဝင်လာသည့် စစ်ကောင်စီတပ်ကို ကိုးကန့်တပ်လူကြီးများ ကြိုဆိုဟုဆို

Thar Nge Lay by Thar Nge Lay
Apr 22, 2025
in နိုင်ငံရေး
0
0
လားရှိုးကိုဝင်လာသည့် စစ်ကောင်စီတပ်ကို ကိုးကန့်တပ်လူကြီးများ ကြိုဆိုဟုဆို

Photo-ပေးပို့ (ပုံစာ-ယနေ့ လားရှိုးမြို့သို့ ဝင်ရောက်လာသည့် စစ်ကောင်စီ ယာဉ်တန်း)

Share on FacebookShare on Twitter

By Mg Dagon / MPA

စစ်ကောင်စီလက်ထဲ ပြန်ပေးလိုက်ရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၏ လူကြီးများက ခရီးဦးကြိုဆိုခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် မြို့ခံများထံမှ သိရသည်။

ယမန်နေ့ ဧပြီ ၂၁ ရက်က MNDAA တပ်ဖွဲ့ဝင်များ လားရှိုးမြို့မှ အပြီးသတ်ဆုတ်ခွာသွားခဲ့ပြီးနောက် ယနေ့တွင် စစ်ကောင်စီတပ်သည် မော်တော်ယာဉ် ၇၀ ထက်မနည်းပါဝင်သည့် စစ်ယာဉ်တန်းဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

“မြို့ပြင် မယ်ဟန်ဘက်ကနေ စစ်ကားအစီးရေ ၇၀ ကျော်နဲ့ ဝင်လာပါတယ်။ အဝိုင်းပတ်မှာ ကားအပြည့်နဲ့ ယူနီဖောင်းအပြည့်နဲ့ ဝင်လာတာပါ။ ကိုးကန့်ဘက်က လူကြီးတွေလည်း ကြိုနေကြတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သည့် လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက MPA သို့ပြောသည်။

မျက်စိတစ်ဆုံးအထိရှည်လျားသည့်စစ်ယာဉ်တန်းသည် မယ်ဟန်ရွာဘက်မှနေ၍ လားရှိုးမြို့တွင်းသို့ ဝင်ရောက်သွားပြီးနောက် အချို့စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လားရှိုးတက္ကသိုလ်ရှေ့တွင် ရောက်ရှိနေကြောင်း မြို့ခံ နောက်တစ်ဦးက ပြောသည်။

“အခု လားရှိုးတက္ကသိုလ် အရှေ့မှာတော့ သူတို့တွေ နေရာယူထားပါတယ်။ စစ်ဒဏ်ကြောင့်ပျက်စီးသွားတဲ့ဒဏ်ကို ပြန်ပြင်ဖို့ထင်တယ်။ တပ်စွဲဖို့လောက်အထိတော့ မဖြစ်နိုင်ပါဘူး။ အင်အားနည်းနည်းပါးပါးပဲဆိုတော့” ဟု ၎င်းတွေ့ရှိခဲ့သည်ကို ပြောသည်။

လတ်တလော လားရှိုးမြို့တွင်း၌ ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေကြပြီး အပြောင်းအလဲမရှိကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

“ပုံမှန်အတိုင်းပါပဲ။ သွားလာနေကြတယ်။ ဘာမှစိုးရိမ်ထိတ်လန့်နေတာမျိုးတော့မရှိသေးဘူး” ဟု လားရှိုးမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

လတ်တလော လားရှိုးမြို့အတွင်း MNDAA တပ်ဖွဲ့ဝင်များမရှိတော့သော်လည်း ၎င်းတို့၏ ရဲတပ်ဖွဲ့အချို့နှင့် လူကြီးအချို့ကျန်ရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

“ကိုးကန့်ဘက်ကလူတွေကတော့ အနည်းအကျဉ်းပဲရှိပါတော့တယ်။ စစ်တပ်က နေရာပြန်ယူနေကြပြီ” ဟု လားရှိုးမြို့တွင်ရောက်ရှိနေသူတစ်ဦးက ပြောသည်။

သို့သော် လားရှိုးမြို့ဆေးရုံကြီးအပါအဝင် အစိုးရဌာနရုံးများမှာမူ MNDAA တပ် စတင်ဆုတ်ခွာသွားခဲ့စဉ်ကအတိုင်း ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်ပြန်လည်ဝင်ရောက်လာခြင်းကြောင့် မြို့ခံအချို့ ထိတ်လန့်မှုရှိနေပြီး အချို့လည်း ပုံမှန်အတိုင်းရှိနေကြကာ ကိုးကန့်တပ်စိုးမိုးပြီးနောက် လားရှိုးမြို့တွင် ပြန်လည်ဝင်ရောက်နေထိုင်နေသည့် တော်လှန်ရေးအင်အားစုများအနေဖြင့် ပြန်လည်ထွက်ခွာသွားကြပြီဖြစ်သည်ဟု သိရသည်။

လက်ရှိ လားရှိုးမြို့တွင် MNDAA နှင့် စစ်ကောင်စီတပ် ဆွေးနွေးပွဲကို တရုတ်ဘက်မှ ဦးဆောင်ခဲ့သူ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရွှီကျွင်း ပြီးခဲ့သည့်ရက်ပိုင်းကတည်းက ရောက်ရှိနေပြီး ၎င်းရောက်ရှိခဲ့စဉ်က လားရှိုးမြို့အဝင်/အထွက်ကို ဧပြီလ ၂၀ ရက်နေ့က ခေတ္တပိတ်ခဲ့သေးသည်ဟု မြို့ခံများက ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှိရာ မြို့တော် လားရှိုးကို MNDAA နှင့် မဟာမိတ်တပ်များကို ၁၀၂၇ ဒုတိယလှိုင်းဖြစ်သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် စစ်ကောင်စီက တရုတ်နှင့်ပူးပေါင်းပြီးနောက် MNDAA အနေဖြင့် တရုတ်ဖိအားဒဏ်နှင့်ရင်ဆိုင်ခဲ့ရပြီးနောက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလလယ်နှင့် ယခုနှစ် ဇန်နဝါရီလလယ်တို့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် နှစ်ကြိမ်တိုင်ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲများမှတစ်ဆင့် အသက်သွေးချွေးများဖြင့်စုပေါင်းတိုက်ယူခဲ့ရသည့် လားရှိုးမြို့ကို စစ်ကောင်စီတပ်က သေနတ်တစ်ချက်ပင်မဖောက်ဘဲ တရုတ်အကူအညီဖြင့် ယခုအခါ ပြန်လည်ရယူသွားခဲ့ပြီဖြစ်သည်။

Tags: စစ်ကောင်စီတပ်ယာဉ်တန်းလားရှိုးမြို့
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

နိုင်ငံရေး

လားရှိုးမြို့ ဌာနဆိုင်ရာများပြန်လည်ပတ်ရန် စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို ပြန်လည်ခေါ်ယူနေ

Apr 25, 2025
လားရှိုးမြို့ ဌာနဆိုင်ရာများပြန်လည်ပတ်ရန် စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို ပြန်လည်ခေါ်ယူနေ

By Poesangle/ MPA ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ဌာနဆိုင်ရာများ ပြန်လည် လည်ပတ်ရန်အတွက် စစ်ကောင်စီက Non-CDM ဝန်ထမ်းမျာကို ဧပြီ ၂၃ရက်မှ စတင်ကာ ပြန်လည်ခေါ်ယူနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ထို့ပြင် စစ်ကောင်စီက ဧပြီ...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

လားရှိုးအရေး တရုတ်သံရုံးထုတ်ပြန်ချက် ထောင်နှင့်ချီသော မြန်မာပြည်သူတို့ ပြင်းထန်စွာ ကန့်ကွက်

Apr 24, 2025
လားရှိုးအရေး တရုတ်သံရုံးထုတ်ပြန်ချက် ထောင်နှင့်ချီသော မြန်မာပြည်သူတို့ ပြင်းထန်စွာ ကန့်ကွက်

By Nway / MPA လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲသို့ ထိုးအပ်လိုက်ခြင်းနှင့် ပတ်သက်သည့် တရုတ်သံရုံး၏ ထုတ် ပြန်ချက် ဖေ့စ်ဘွတ်ခ်ပို့စ်အောက်တွင် ထောင်နှင့်ချီသော မြန်မာပြည်သူတို့ကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခဲ့ကြသည်။ လားရှိုးမြို့နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီး...

Read more
by Thar Nge Lay
0 Comments
Fact Check

လားရှိုးမြို့ကို စစ်တပ်ပြန်ထိန်းချုပ်ပြီးနောက် ဒေသခံပြည်သူများ ပြန်ဝင်လာဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်

Apr 22, 2025
လားရှိုးမြို့ကို စစ်တပ်ပြန်ထိန်းချုပ်ပြီးနောက် ဒေသခံပြည်သူများ ပြန်ဝင်လာဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်

By Wadi / MPA လားရှိုးမြို့သို့ ပြန်ဝင်လာသည့် ဒေသခံများဟု ဆိုကာ တန်းစီနေသော ယာဉ်တန်းဓာတ်ပုံတစ်ပုံသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့ခဲ့သည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဧပြီ ၂၂ ရက် နေ့လည် ၂...

Read more
by Thar Nge Lay
0 Comments
Fact Check

လားရှိုးမြို့ကို တရုတ်ထံ ရောင်းလိုက်ပြီဟု AI ဖြင့် ဖန်တီးထားသော ဓာတ်ပုံများ ပျံ့နှံ့နေ

Apr 22, 2025
လားရှိုးမြို့ကို တရုတ်ထံ ရောင်းလိုက်ပြီဟု AI ဖြင့် ဖန်တီးထားသော ဓာတ်ပုံများ ပျံ့နှံ့နေ

By Haythar / MPA ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှ MNDAA တပ်များ ဆုတ်ခွာပြီးနောက် လားရှိုးမြို့ကို တရုတ်ထံ ရောင်းလိုက်သည်ဟုဆိုကာ AI ဖြင့် ဖန်တီးထားသော ဓာတ်ပုံအမှားများ ဆိုရှယ်မီဒီယာများ၌ ပျံ့နှံ့လျက်ရှိသည်။ Dai...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

လားရှိုးမြို့အကြောင်း ပြောရန်အင်အားမရှိတော့ဟု MNDAA ပြော

Apr 21, 2025
လားရှိုးမြို့အကြောင်း ပြောရန်အင်အားမရှိတော့ဟု MNDAA ပြော

By Poesangle / MPA ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နှင့် ပတ်သက်ပြီး ပြောရန် အင်အားမရှိတော့ဟု MNDAA ကဖွဲ့စည်းထားသည့် လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့ တာဝန်ခံက MPA သို့ပြောသည်။ လက်ရှိ MNDAA တပ်ဖွဲ့များ လားရှိုးမြို့မှ...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

လားရှိုးမြို့မှ ကိုးကန့်တပ်ဖွဲ့များ ဆုတ်ခွာမှုကြောင့် နိုင်ကျဉ်းများလည်း တိမ်းရှောင်နေရ

Apr 7, 2025
လားရှိုးမြို့မှ ကိုးကန့်တပ်ဖွဲ့များ ဆုတ်ခွာမှုကြောင့် နိုင်ကျဉ်းများလည်း တိမ်းရှောင်နေရ

By Ah Jar / MPA ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ ကိုးကန့်တပ်ဖွဲ့(MNDAA) တပ်သားများသည် မြို့မှ တဖြည်းဖြည်းဆုတ်ခွာနေပြီး လားရှိုးဆေးရုံရှိ ဆေးရုံပစ္စည်းများကို သယ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံများ အခက်ကြုံနေရသည့်အပြင် နိုင်ငံရေးအကျဉ်းသားများလည်း တိမ်းရှောင်းနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။...

Read more
by Thar Nge Lay
0 Comments
Fact Check

လားရှိုးတွင် MNDAA က တရုတ်ဆန့်ကျင့်ရေးဆန္ဒပြနေဟု စစ်ကောင်စီဝါဒဖြန့်သူများ သတင်းအမှားဖြန့်

Mar 22, 2025
လားရှိုးတွင် MNDAA က တရုတ်ဆန့်ကျင့်ရေးဆန္ဒပြနေဟု စစ်ကောင်စီဝါဒဖြန့်သူများ သတင်းအမှားဖြန့်

By Haythar / MPA လားရှိုးမြို့နေ ပြည်သူများက တရုတ်ဆန့်ကျင့်ရေး ဆန္ဒထုတ်ဖော်မှုကို MNDAA တပ်က တရုတ်ကို ဆန္ဒပြနေဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။ People Media တယ်လီဂရမ်ချန်နယ်က မတ်...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

လားရှိုးမြို့မှ MNDAA တပ်များ လုံး၀ဆုတ်ခွာမှုမရှိကြောင်း ပြန်လည်ထူထောင်ရေးတာဝန်ခံ အတည်ပြု

Feb 4, 2025
လားရှိုးမြို့မှ MNDAA တပ်များ လုံး၀ဆုတ်ခွာမှုမရှိကြောင်း ပြန်လည်ထူထောင်ရေးတာဝန်ခံ အတည်ပြု

By Poesangle/ MPA ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၌ တပ်စွဲထားသည့် MNDAA တပ်များ လုံး၀ဆုတ်ခွာမှုမရှိကြောင်း MNDAA၏ ပြန်လည်ထူထောင်ရေးတာဝန်ခံက MPA သို့ အတည်ပြုပြောသည်။ တရုတ်နိုင်ငံအကူအညီနှင့် စစ်ကောင်စီနှင့် MNDAA တို့ သည် ဇန်နဝါရီ...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

လားရှိုးပြည်သူများကို သန်းခေါင်ယံအချိန် စစ်တပ် ဗုံးကြဲပြန်၊ ဒေသခံသုံးဦးသေဆုံးပြီး ခရစ်ယာန် ဘုရားကျောင်းလည်း ထိမှန်

Oct 14, 2024
လားရှိုးပြည်သူများကို သန်းခေါင်ယံအချိန် စစ်တပ် ဗုံးကြဲပြန်၊ ဒေသခံသုံးဦးသေဆုံးပြီး ခရစ်ယာန် ဘုရားကျောင်းလည်း ထိမှန်

By Ra Wai / MPA လားရှိုးမြို့အနီးရှိ၊ လူနေထူထပ်သော အီနိုင်းရွာထဲသို့ စစ်ကောင်စီတပ်က သန်းခေါင်ယံအချိန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူသုံးဦးသေဆုံးခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း လည်း ပျက်စီးခဲ့ကြောင်း သိရသည်။ ယနေ့(အောက်တိုဘာ၁၄ရက်)နံနက်၁၂နာရီကျော်(သန်းခေါင်ယံ)တွင် အီနိုင်းရွာထဲသို့ စစ်တပ်က...

Read more
by Thar Nge Lay
0 Comments
Fact Check

လားရှိုးမြို့ကို စစ်ကောင်စီပြန်သိမ်းရန် PDF များ ထောက်ခံဟု စစ်တပ်ဝါဒဖြန့်သူများ သတင်းအမှားဖြန့်

Oct 7, 2024
လားရှိုးမြို့ကို စစ်ကောင်စီပြန်သိမ်းရန် PDF များ ထောက်ခံဟု စစ်တပ်ဝါဒဖြန့်သူများ သတင်းအမှားဖြန့်

By Wadi / MPA ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လားရှိုးမြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းယူမည့်ကိစ္စအပေါ် PDF များက ထောက်ခံနေဟုဆိုသည့် သတင်းအမှား အောက်တိုဘာ ၅ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန် နယ်များ၌ ပျံ့နှံ့ခဲ့သည်။...

Read more
by Thar Nge Lay
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10850) Myanmar (9776) News (9157) military (7093) SAC (6803) PDF (953) Politics (307) Yangon (282) SagaingRegion (214) RakhineState (139) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In