• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
18 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

လားရှိုးမြို့အကြောင်း ပြောရန်အင်အားမရှိတော့ဟု MNDAA ပြော

Thar Nge Lay by Thar Nge Lay
Apr 21, 2025
in နိုင်ငံရေး
0
0
လားရှိုးမြို့အကြောင်း ပြောရန်အင်အားမရှိတော့ဟု MNDAA ပြော

Photo- Ko Naymyo (ပုံစား-လားရှိုးမြို့အဝိုင်း၌ ကိုးကန့်အလံများ ဖြုတ်သိမ်းပြီးမြင်ကွင်း)

Share on FacebookShare on Twitter

By Poesangle / MPA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နှင့် ပတ်သက်ပြီး ပြောရန် အင်အားမရှိတော့ဟု MNDAA ကဖွဲ့စည်းထားသည့် လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့ တာဝန်ခံက MPA သို့ပြောသည်။

လက်ရှိ MNDAA တပ်ဖွဲ့များ လားရှိုးမြို့မှ ဆုတ်ခွာနေမှုနှင့် ပြည်သူများအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို MPA က မေးမြန်းရာ၌ ၎င်းက အထက်ပါ အတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

” ဘာမှ ပြောစရာမရှိပါဘူး။ ပြောဖို့လည်း အားမရှိလို့ပါ ” ဟု လားရှိုးမြို့ပြန်လည်ထူထောင်ရေးတာဝန်ခံက ပြောသည်။

တရုတ်နိုင်ငံအစိုးရ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ကိုးကန့်တပ်(MNDAA) များသည် ယနေ့ (ဧပြီ ၂၁ရက်) နောက်ဆုံးထားပြီး လားရှိုးမြို့မှ ရွှေ့ပြောင်းပေးရခြင်းဖြစ်ကာ ယနေ့ နံနက်အစောပိုင်း၌ ကိုးကန့်အလံတိုင်များကို ၎င်းတို့ကိုယ်တိုင် ပြန်လည်ဖြုတ်သိမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ ဒီနေ့ ထူးတာကတော့ ကိုးကန့်က သူအလံတွေ လိုက်ဖြုတ်တာရှိတယ်။ အစည်းအဝေးကလည်း မနက်ဖြန် ထပ်တွေ့မယ်လို့ ပြောကြတယ်။ မြို့ထဲအသွားအလာတော့ ပုံမှန်ဘဲ၊ ပြီးတော့ စစ်တပ်ကလည်း စစ်ဝတ်စုံနဲ့ ဝင်လာတာမတွေ့သေးဘူး။ ဆွေးနွေးပွဲတက်တဲ့သူတွေလောက်ပဲ ရောက်လာတာ၊ ရဲစခန်းနဲ့ အခြားဌာနဆိုင်ရာတွေလည်း ဖွင့်တာမရှိသေးဘူး။ အခုလောလောဆယ်တော့ ကိုးကန့်တပ်ဖွဲ့တွေရှိပါသေးတယ်” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ကိုးကန့်တပ်၊ စစ်ကောင်စီနှင့် တရုတ်ကိုယ်စားလှယ်များသည် လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်၌ ရှိကြပြီး ယင်းဟိုတယ် အဝင်းလမ်းကိုပိတ်ဆို့ထားကာ ဧပြီ ၂၂ရက်တွင်လည်း ဆွေးနွေးမှုများ ထပ်မံပြုလုပ်ရန် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် လားရှိုးမြို့၏ အုပ်ချုပ်ရေးယန္တရားကို မည်သည့်အဖွဲ့က အုပ်ချုပ်မည်နှင့် ပတ်သက်ပြီး သေချာသော အဖြေမထွက်ရှိသေးခြင်းကြောင့် CDM ဝန်ထမ်းအချို့နှင့် ဒေသခံအချို့တို့သည် မိမိလုံခြုံရေးအရ ကြိုတင် တိမ်းရှောင်နေသူများလည်းရှိနေကြောင်း သိရသည်။

“ ကိုးကန့်က တရားဝင်ထုတ်ပြန်တာတော့ မရှိသေးဘူး။ ဒါပေမဲ့ စစ်ကောင်စီက အားသာသွားမယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ တရုတ်လည်းပါနေတယ်တာဆိုတော့လေ၊ ကိုးကန့်သာ ဆုတ်ခွာရမယ်ဆိုရင်တော့ လူထုတွေကို တောင်းပန်သင့်တယ်။ ဝမ်းနည်းကြောင်းလည်း ပြောရမယ်။ သူတို့မထွက်ခွာခင် လူထုအတွက် ဘာတွေလုပ်ဆောင်ပေးထားလည်းတော့ ထုတ်ပြန်သင့်တယ်လို့ မြင်တယ်။ မဟုတ်ရင်တော့ လူထုက အရင်လိုပဲ ပြေးရအုန်းမယ် “ ဟု လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ လားရှိုးမြို့နှင့် ပတ်သက်ပြီး စစ်ကောင်စီနှင့် MNDAA ကပါ တရားဝင်ထုတ်ပြန်ပြောကြားမှုများမရှိခြင်းကြောင့် ဒေသခံများ ပိုမိုစိုးရိမ်နေခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၁၈ရက်မှ စတင်ကာ စစ်ကောင်စီတပ်များ၊ ဌာနဆိုင်ရာဝန်ထမ်းအချို့သည် လားရှိုးမြို့သို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့မြို့တွင်းသို့ အေးချမ်းစွာဝင်ရောက်နိုင်ရန်အတွက် MNDAA တပ်များက လုံခြုံရေး ရယူပေးခဲ့ရသည်။

ထို့ပြင် လားရှိုးမြို့အတွင်း ကိုးကန့်တပ်၊ စစ်ကောင်စီနှင့် တရုတ်ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးနေစဉ်ကာလအတွင်း လားရှိုး၊ သီပေါလမ်းပိုင်းနှင့် လားရှိုးမြို့အဝင်အထွက်ကိုလည်း ယာယီပိတ်ထားကြောင်း သိရသည်။

“ လိုင်းပေါ်မှာတော့ အဝင်အထွက်ပိတ်တယ်လို့ တင်ကြတာတွေ့တယ်။ ကျတော် မနေ့က လားရှိုးကနေ လာတာ အထွက်လည်းရတယ်။ အဝင်လည်းရတယ်။ ဒါပေမဲ့ ကိုးကန့်တပ်ကတော့ အတင်းအကျပ်စစ်ဆေးနေတာရှိတယ်။ ပြီးတော့ စစ်ကောင်စီသာ လားရှိုးကို အုပ်ချုပ်မယ်ဆိုရင်တော့ ဒေသခံတွေအပြင် ကားသမားတွေလည်း အခက်တွေ့နိုင်တယ်” ဟု လားရှိုးမြို့သို့ ကုန်စည်ပို့ဆောင်ပေးနေသည့် ကားသမားတစ်ဦးက ပြောသည်။

ယင်းအပြင် ဆွေးနွေးပွဲအားလုံးပြီးမြောက်ပြီးနောက် စစ်ကောင်စီက မြို့ကိုအလုံးစုံထိန်းချုပ်လိုက်ပါက ဒေသခံများသည် လားရှိုးအဓိကလမ်းမကြီးကို အသုံးပြု၍မရတော့ဘဲ ကွင်းလမ်းကိုအသုံးပြုလာရနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ပျက်စီးခဲ့သည့် နေအိမ်များအတွက်ဟုဆိုကာ ဧပြီ ၇ရက်တွင် MNDAA က အိမ်ထောင်စု တစ်စုလျှင် ကျပ်သိန်း ၅၀ ထောက်ပံ့ခဲ့သေးသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဩဂုတ် သုံးရက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် MNDAA နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

Tags: MNDAAလားရှိုးမြို့
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

နိုင်ငံရေး

လားရှိုးမြို့ ဌာနဆိုင်ရာများပြန်လည်ပတ်ရန် စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို ပြန်လည်ခေါ်ယူနေ

Apr 25, 2025
လားရှိုးမြို့ ဌာနဆိုင်ရာများပြန်လည်ပတ်ရန် စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို ပြန်လည်ခေါ်ယူနေ

By Poesangle/ MPA ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ဌာနဆိုင်ရာများ ပြန်လည် လည်ပတ်ရန်အတွက် စစ်ကောင်စီက Non-CDM ဝန်ထမ်းမျာကို ဧပြီ ၂၃ရက်မှ စတင်ကာ ပြန်လည်ခေါ်ယူနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ထို့ပြင် စစ်ကောင်စီက ဧပြီ...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

လားရှိုးအရေး တရုတ်သံရုံးထုတ်ပြန်ချက် ထောင်နှင့်ချီသော မြန်မာပြည်သူတို့ ပြင်းထန်စွာ ကန့်ကွက်

Apr 24, 2025
လားရှိုးအရေး တရုတ်သံရုံးထုတ်ပြန်ချက် ထောင်နှင့်ချီသော မြန်မာပြည်သူတို့ ပြင်းထန်စွာ ကန့်ကွက်

By Nway / MPA လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲသို့ ထိုးအပ်လိုက်ခြင်းနှင့် ပတ်သက်သည့် တရုတ်သံရုံး၏ ထုတ် ပြန်ချက် ဖေ့စ်ဘွတ်ခ်ပို့စ်အောက်တွင် ထောင်နှင့်ချီသော မြန်မာပြည်သူတို့ကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခဲ့ကြသည်။ လားရှိုးမြို့နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီး...

Read more
by Thar Nge Lay
0 Comments
Fact Check

လားရှိုးမြို့ကို စစ်တပ်ပြန်ထိန်းချုပ်ပြီးနောက် ဒေသခံပြည်သူများ ပြန်ဝင်လာဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်

Apr 22, 2025
လားရှိုးမြို့ကို စစ်တပ်ပြန်ထိန်းချုပ်ပြီးနောက် ဒေသခံပြည်သူများ ပြန်ဝင်လာဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်

By Wadi / MPA လားရှိုးမြို့သို့ ပြန်ဝင်လာသည့် ဒေသခံများဟု ဆိုကာ တန်းစီနေသော ယာဉ်တန်းဓာတ်ပုံတစ်ပုံသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့ခဲ့သည်။ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဧပြီ ၂၂ ရက် နေ့လည် ၂...

Read more
by Thar Nge Lay
0 Comments
Fact Check

လားရှိုးမြို့ကို တရုတ်ထံ ရောင်းလိုက်ပြီဟု AI ဖြင့် ဖန်တီးထားသော ဓာတ်ပုံများ ပျံ့နှံ့နေ

Apr 22, 2025
လားရှိုးမြို့ကို တရုတ်ထံ ရောင်းလိုက်ပြီဟု AI ဖြင့် ဖန်တီးထားသော ဓာတ်ပုံများ ပျံ့နှံ့နေ

By Haythar / MPA ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှ MNDAA တပ်များ ဆုတ်ခွာပြီးနောက် လားရှိုးမြို့ကို တရုတ်ထံ ရောင်းလိုက်သည်ဟုဆိုကာ AI ဖြင့် ဖန်တီးထားသော ဓာတ်ပုံအမှားများ ဆိုရှယ်မီဒီယာများ၌ ပျံ့နှံ့လျက်ရှိသည်။ Dai...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

လားရှိုးကိုဝင်လာသည့် စစ်ကောင်စီတပ်ကို ကိုးကန့်တပ်လူကြီးများ ကြိုဆိုဟုဆို

Apr 22, 2025
လားရှိုးကိုဝင်လာသည့် စစ်ကောင်စီတပ်ကို ကိုးကန့်တပ်လူကြီးများ ကြိုဆိုဟုဆို

By Mg Dagon / MPA စစ်ကောင်စီလက်ထဲ ပြန်ပေးလိုက်ရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၏ လူကြီးများက ခရီးဦးကြိုဆိုခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် မြို့ခံများထံမှ သိရသည်။ ယမန်နေ့ ဧပြီ ၂၁...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲရသည်အထိ စည်လုံးညီညွတ်ကြမည်ဟု MNDAA နှင့် TNLA ဆို

Apr 10, 2025
၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲရသည်အထိ စည်လုံးညီညွတ်ကြမည်ဟု MNDAA နှင့် TNLA ဆို

By Nway / MPA ၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲရရှိသည်အထိ ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်လုံးညီညွတ်ကြမည်ဟု ယနေ့ (ဧပြီ ၁၀) ကျရောက်သည့် အာရက္ခတပ်တော်၏ ၁၆ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်နေ့သို့ MNDAA နှင့် TNLA...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

လားရှိုးမြို့မှ ကိုးကန့်တပ်ဖွဲ့များ ဆုတ်ခွာမှုကြောင့် နိုင်ကျဉ်းများလည်း တိမ်းရှောင်နေရ

Apr 7, 2025
လားရှိုးမြို့မှ ကိုးကန့်တပ်ဖွဲ့များ ဆုတ်ခွာမှုကြောင့် နိုင်ကျဉ်းများလည်း တိမ်းရှောင်နေရ

By Ah Jar / MPA ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ ကိုးကန့်တပ်ဖွဲ့(MNDAA) တပ်သားများသည် မြို့မှ တဖြည်းဖြည်းဆုတ်ခွာနေပြီး လားရှိုးဆေးရုံရှိ ဆေးရုံပစ္စည်းများကို သယ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံများ အခက်ကြုံနေရသည့်အပြင် နိုင်ငံရေးအကျဉ်းသားများလည်း တိမ်းရှောင်းနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။...

Read more
by Thar Nge Lay
0 Comments
ငလျင်ဘေး

ငလျင်ဘေးသင့်ပြည်သူများအား ဝမ်းနည်းကြောင်းဖော်ပြရန် သင်္ကြန်ပွဲတော်ကို MNDAA ဖျက်သိမ်း

Mar 29, 2025
ငလျင်ဘေးသင့်ပြည်သူများအား ဝမ်းနည်းကြောင်းဖော်ပြရန် သင်္ကြန်ပွဲတော်ကို MNDAA ဖျက်သိမ်း

By Nway / MPA ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသွားခဲ့ကြသည့် ပြည်သူများအား ဝမ်းနည်းကြောင်းဖော်ပြရန် အတွက် အထူး‌ဒေသရှိ အစိုးရအဖွဲ့က စည်ကားသိုက်မြိုက်စွာကျင်းပရန်စီစဉ်ထားသော မဟာသင်္ကြန်ရေကစားပွဲတော်ကို ဖျက်သိမ်းလိုက်ကြောင်း ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်သည်။ အထူးဒေသအတွင်း မည်သည့်ပျော်ပွဲရွှင်ပွဲကိုမှ...

Read more
by MPA
0 Comments
Fact Check

လားရှိုးတွင် MNDAA က တရုတ်ဆန့်ကျင့်ရေးဆန္ဒပြနေဟု စစ်ကောင်စီဝါဒဖြန့်သူများ သတင်းအမှားဖြန့်

Mar 22, 2025
လားရှိုးတွင် MNDAA က တရုတ်ဆန့်ကျင့်ရေးဆန္ဒပြနေဟု စစ်ကောင်စီဝါဒဖြန့်သူများ သတင်းအမှားဖြန့်

By Haythar / MPA လားရှိုးမြို့နေ ပြည်သူများက တရုတ်ဆန့်ကျင့်ရေး ဆန္ဒထုတ်ဖော်မှုကို MNDAA တပ်က တရုတ်ကို ဆန္ဒပြနေဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။ People Media တယ်လီဂရမ်ချန်နယ်က မတ်...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

MNDAA နှင့် အနီးကပ်ပူးပေါင်းလက်တွဲသွားမည်ဟု MDY-PDF ဆို

Mar 12, 2025
MNDAA နှင့် အနီးကပ်ပူးပေါင်းလက်တွဲသွားမည်ဟု MDY-PDF ဆို

By Ra Wai / MPA စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် MNDAA နှင့် အနီးကပ်ပူးပေါင်းလက်တွဲကာ ဆက်လက်ချီတက်သွားမည်ဟု MDY-PDF ကဆိုသည်။ မတ်လ ၁၁ရက်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် MNDAA ၏...

Read more
by Thar Nge Lay
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In