• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
14 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

မလေးရှားဝန်ကြီးချုပ် NUG နှင့်တွေ့ဆုံမှုကို တရားဝင်ချပြခဲ့ပြီး စစ်ခေါင်းဆောင်နှင့် တွေ့ဆုံမှုအား ပြသမှုမရှိ

Thar Nge Lay by Thar Nge Lay
Apr 18, 2025
in နိုင်ငံရေး
0
0
မလေးရှားဝန်ကြီးချုပ် NUG နှင့်တွေ့ဆုံမှုကို တရားဝင်ချပြခဲ့ပြီး စစ်ခေါင်းဆောင်နှင့် တွေ့ဆုံမှုအား ပြသမှုမရှိ

Photo- လူမှုကွန်ရက်

Share on FacebookShare on Twitter

By Mg Dagon / MPA

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Rosewood ဟိုတယ်တွင် ယမန်နေ့ ဧပြီ ၁၇ ရက်က အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့မှုကို မလေးရှားဝန်ကြီးချုပ်က မှတ်တမ်းဓာတ်ပုံများကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် မျှဝေခဲ့ခြင်းမရှိကြောင်း သိရသည်။

သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်တို့ အွန်လိုင်းက တွေ့ဆုံခဲ့မှုကို မလေးရှားဝန်ကြီးချုပ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ဖြန့်ဝေခဲ့သည်။

ယင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို မလေးရှားနိုင်ငံက တရားဝင်အသိအမှတ်ပြုလိုခြင်းမရှိ၍ဖြစ်သည်ဟု နိုင်ငံရေးလေ့သုံးသပ်သူများနှင့် ပြည်သူအများက မှတ်ချက်ပေးသည်။

“ဒါက ရှင်းနေတာပါပဲ။ တွေ့တာက တာဝန်အရနဲ့ ငလျင်အကူအညီတွေ တကယ်ဒုက္ခတွေ့နေသူတွေဆီ ရောက်စေချင်တယ်ဆိုတဲ့ သူ့(မလေးရှားဝန်ကြီးချုပ်)ရဲ့ ရည်ရွယ်ချက်အတိုင်းတွေ့တယ်။ မှတ်တမ်းဓာတ်ပုံလေးတစ်ပုံတောင် မတင်တာကတော့ စကစခေါင်းဆောင်ကို နိုင်ငံရေးနည်းအရ အသိအမှတ်မပြုဘူးဆိုတာ သိသာစေပါတယ်” ဟု သတင်းများကိုလေ့လာစောင့်ဖတ်နေသူ ရန်ကုန်မြို့နေ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါတွေ့ဆုံပွဲသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ၏ စီစဉ်ပေးမှုဖြင့် သုံးဦးတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုင်းကိုနှစ်ရက်တာလာရောက်ခဲ့သည့် မလေးရှားဝန်ကြီးချုပ်၏ မော်တော်ယာဉ်တွင် မလေးရှားနိုင်ငံတော်အလံတပ်ဆင်ထားသည်ကိုတွေ့ရသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မော်တော်ယာဉ်တွင် မြန်မာ့အလံမတွေ့ရခြင်းမှာလည်း စစ်ခေါင်းဆောင်ကို တရားဝင် အသိအမှတ်မပြုခြင်းဖြစ်နိုင်သည်ဟု အထက်ပါအမျိုးသားက ပြောသည်။

“ဒီနေရာမှာ ပုံမှန်အနေနဲ့ အနီးစပ်ဆုံးပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ဘင်းစ်တပ်အစည်းအဝေးကို စစ်ခေါင်းဆောင်လာခဲ့ချိန်တုန်းကနဲ့ အခြေအနေမတူတော့တာပါ။ ဘင်းစ်တပ်အစည်းအဝေးက စစ်ခေါင်းဆောင်ရဲ့ ကားမှာ မြန်မာ့အလံတပ်ဆင်ထားတာ တွေ့ရပါတယ်။ အခုမတွေ့ရတော့ဘူး” ဟု ၎င်းက ထောက်ပြပြောဆိုသည်။

ထို့အပြင် မလေးရှားဝန်ကြီးချုပ်သည် စစ်ခေါင်းဆောင်နှင့်တွေ့ဆုံခဲ့သည်ပုံရိပ်များကို ၎င်း၏ လူမှုကွန်ရက်များတွင် ဖော်ပြခဲ့ခြင်းမရှိဘဲ ကျန်ခေါင်းဆောင်များ၏ မှတ်တမ်းဓာတ်ပုံများကိုသာ ဝေဝေဆာဆာဖော်ပြခဲ့သည်။

“မလေးရှားဝန်ကြီးချုပ်က စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို သူ့ရဲ့လူမှုကွန်ရက်တွေကနေ မမျှဝေခဲ့ဘူး။ ဒါက ဘန်ကောက်တွေ့ဆုံပွဲဟာ နိုင်ငံတော်အဆင့်၊ တရားဝင်တွေ့ဆုံခဲ့တာမျိုးမဟုတ်ဘူးလို့ သက်သေခံနေတာဖြစ်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက မှတ်ချက်ပေးသည်။

မလေးရှားလွှတ်တော်အမတ်တစ်ဦးဖြစ်သည့် တန်ဟောင်ပင်ကလည်း ၎င်းတို့ဝန်ကြီးချုပ်အနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ခြင်းသည် နိုင်ငံရေးအရ အသိအမှတ်ပြုလိုခြင်းကြောင့်မဟုတ်ဘဲ ငလျင်ဘေးကြောင့် ထိခိုက်ခံစားနေရသူများကို ကူညီနိုင်ရန်အတွက်သာဖြစ်သည်ဟု ယမန်နေ့ ဧပြီ ၁၇ ရက်နေ့တွင် ၎င်းက ထုတ်ပြန်ပြောကြားသည်။

“လူတွေရဲ့ အသက်တွေကို ကယ်ဆယ်ဖို့ လိုအပ်နေတဲ့အခြေအနေမှာ နိုင်ငံရေးအရ ဖြစ်သင့်/မဖြစ်သင့် ဆိုတာတွေနဲ့ တွေဝေမနေသင့်ဘူး” ဟု မလေးရှားအမတ်က ပြောသည်။

မစ္စတာ အန်ဝါ အီဘရာဟင်သည် မစ္စတာ သက်ဆင်နှင့်တွေ့ဆုံမှုမှတ်တမ်းများ၊ ထိုင်းဝန်ကြီးချုပ် ပေတောင်တန် ရှင်နာဝပ်ထရာနှင့် တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများကို ၎င်း၏လူမှုကွန်ရက်များဖြစ်သည့် Facebook နှင့် X တို့တွင် ဝေဝေဆာဆာပြန်လည်မျှဝေခဲ့သည်ကိုတွေ့ရသည်။

ထို့အတူ စစ်ကောင်စီဘက်ကလည်း မလေးရှားဝန်ကြီးချုပ်နှင့်တွေ့ဆုံခဲ့မှုကို ၎င်းတို့ထိန်းချုပ်ထားသည့်မီဒီယာများမှတစ်ဆင့် သတင်းဖော်ပြခဲ့သော်လည်း မှတ်တမ်းဓာတ်ပုံနှင့် ဗီဒီယိုများကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။

သို့သော် မစ္စတာ အီဘရာဟင်သည် ယနေ့ ဧပြီ ၁၈ ရက်တွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် တွေ့ဆုံမှုကိုမူ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြန်လည်ဖော်ပြသွားခဲ့သည်။

“မလေးရှားနိုင်ငံမှာ လူချင်းလည်း တွေ့ဆုံဖို့ အမြဲတံခါးဖွင့်ထားတယ်” ဟု မလေးရှားဝန်ကြီးချုပ်က ပြောသွားသေးသည်။ သို့သော် မလေးဝန်ကြီးချုပ်၏ထုတ်ပြန်ချက်အတွင်း NUG ဝန်ကြီးချုပ်၏ ရာထူးကို ထည့်သွင်းမဖော်ပြထားဘဲ ဦးမန်းဝင်းခိုင်သန်းဟုသာ ပြောထားသည်ကို တွေ့ရသည်။

အလားတူ မလေးဝန်ကြီးချုပ်သည် ပြီးခဲ့သည့်ရက်ပိုင်းက ၎င်းတို့နိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဓာတ်ပုံများကိုလည်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဝေဝေဆာဆာဖော်ပြခဲ့သည်။

မလေးရှား ဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထောင်တန် ရှင်နာဝပ်ထရာက တရားဝင်ဖိတ်ကြားမှုဖြင့် ဘန်ကောက်မြို့သို့ နှစ်ရက်တာ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ရာတွင် ပေထောင်တန်အပါအဝင် သက်ဆင်ရှင်နာဝပ်ထရာတို့ကို မစ္စတာ အီဘရာဟင်က သီးသန့်တွေ့ဆုံဆွေးနွေးများပြုလုပ်ခဲ့သည်။

မလေးရှားဝန်ကြီးချုပ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ငလျင်ဘေးပြန်လည်ထူထောင်ရေး၊ လူသားချင်းစာနာမှုအကူအညီများအရေးနှင့် ငြိမ်းချမ်းရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ပြီး NUG ဝန်ကြီးချုပ်နှင့်တွေ့ဆုံခဲ့ရာတွင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်နိုင်ရေး အပါအဝင် မြန်မာပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထိရောက်စွာ ပေးပို့ဖြန့်ဝေနိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

Tags: NUGတရားဝင်ချပြမလေးရှားဝန်ကြီးချုပ်
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

နိုင်ငံရေး

ဒီပဲယင်းစာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်မှုတွင် ပါဝင်သူများ ပြစ်ဒဏ်ကျခံစေရေး အစွမ်းကုန်ကြိုးပမ်းမည်ဟု NUG ဆို

May 12, 2025
ဒီပဲယင်း စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှု ကျောင်းသူ/သားသူနှင့် ဆရာမ ၂၂ဦးသေဆုံးပြီး ၄၀ကျော်ဒဏ်ရာရ၊ သေဆုံးစာရင်းထပ်တိုးနိုင်ဟုဆို

By Ra Wai / MPA စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်မှု၌ ပါဝင်ပတ်သက်နေသူများကို တရားမျှတမှုပြန်လည်ဖော်ဆောင်သည့်အခါ ထိုက်တန်သည့် ပြစ်ဒဏ်များကျခံရရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကပြောသည်။ ယနေ့ (မေလ...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

ပြည်သူ့အကူအညီနှင့် စိုးမိုးနယ်မြေများလာခြင်းကြောင့် ဘဏ္ဍာငွေရရှိမှု ပိုများလာဟု NUG ဆို

May 12, 2025
ပြည်သူ့အကူအညီနှင့် စိုးမိုးနယ်မြေများလာခြင်းကြောင့် ဘဏ္ဍာငွေရရှိမှု ပိုများလာဟု NUG ဆို

By Hsu Yee / MPA ပြည်သူလူထုအကူအညီနှင့် စိုးမိုးနယ်‌မြေများလာခြင်း‌ကြောင့် ယခုနှစ်တွင် ဘဏ္ဍာငွေ ရရှိမှု ပိုမိုမြင့်တက်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထံမှ သိရသည်။ တော်လှန်ရေး အင်အားစုများဘက်က စိုးမိုးထိန်းချုပ်နယ်မြေ ပိုမိုရရှိလာသည့် အလျှောက် မြေပြင်စိုးမိုးထိန်းချုပ်နယ်မြေများမှ...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောထားကို နိုင်ငံတကာ လေးနက်စွာ သုံးသပ်ရန် NUG တိုက်တွန်း

Apr 23, 2025
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောထားကို နိုင်ငံတကာ လေးနက်စွာ သုံးသပ်ရန် NUG တိုက်တွန်း

By Ra Wai / MPA နိုင်ငံတကာ အသိုင်းအဝန်းအနေနှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပေါ်ထားသည့် သဘောထားကို လေးနက်စွာဆန်းစစ်သုံးသပ်ကြရန် NUG အစိုးရ၊ ယာယီသမ္မတက တိုက်တွန်းလိုက်သည်။ ဧပြီ ၂၂ ရက်၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

NUG ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အာဆီယံ ဥက္ကဌတို့ အွန်လိုင်းမှ တွေ့ဆုံ

Apr 18, 2025
NUG ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အာဆီယံ ဥက္ကဌတို့ အွန်လိုင်းမှ တွေ့ဆုံ

By MPA အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံ အလှည့်ကျ ဥက္ကဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့သည် ယနေ့(ဧပြီ ၁၈ရက်)၊ နံနက်ပိုင်းတွင် Teleconference မှ တွေ့ဆုံခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။...

Read more
by Thar Nge Lay
0 Comments
ငလျင်ဘေး

၁၅ ရက်တာ အရေးပေါ်ငလျင်တုံ့ပြန်ရေးကမ်ပိန်း ကျပ် ၁ ဒဿမ၆ ဘီလီယံကျော် ရရှိ

Apr 12, 2025
၁၅ ရက်တာ အရေးပေါ်ငလျင်တုံ့ပြန်ရေးကမ်ပိန်း ကျပ် ၁ ဒဿမ၆ ဘီလီယံကျော် ရရှိ

By Ra Wai / MPA ၁၅ ရက်တာ ပြုလုပ်ခဲ့သော အရေးပေါ်ငလျင်တုံ့ပြန်ရေးကမ်ပိန်းမှ ဘေးသင့်ပြည်သူများကို ကျပ် ၁ ဒဿမ ၆၅ ဘီလီယံခန့် ပံ့ပိုးနိုင်ခဲ့ကြောင်း နွေဦးဖွံ့ဖြိုးရေးဘဏ် SDB က သတင်းထုတ်ပြန်သည်။...

Read more
by Thar Nge Lay
0 Comments
ငလျင်ဘေး

ဧပြီ၁၁အထိ ရစ်ချ်တာစကေး ၅ နှင့်အထက်ရှိ ငလျင် ဖြစ်ပေါ်နိုင်ခြေ ၅၄ရာခိုင်နှုန်းရှိပြီး လေးကြိမ်အထိ လှုပ်နိုင်ဟုဆို

Apr 6, 2025
ဧပြီ၁၁အထိ ရစ်ချ်တာစကေး ၅ နှင့်အထက်ရှိ ငလျင် ဖြစ်ပေါ်နိုင်ခြေ ၅၄ရာခိုင်နှုန်းရှိပြီး လေးကြိမ်အထိ လှုပ်နိုင်ဟုဆို

By Ra Wai / MPA ဧပြီ၁၁ရက်အထိ ရစ်ချ်တာစကေး ၅ နှင့်အထက်ရှိ နောက်ဆက်တွဲငလျင် ဖြစ်ပေါ်နိုင်ခြေ ၅၄ရာ ခိုင်နှုန်းရှိပြီး လေးကြိမ်အထိ လှုပ်နိုင်ကြောင်း အမေရိကန်ဘူမိဆိုင်ရာ သုတေသနအဖွဲ့ (USGS)က ခန့်မှန်းထားသည်။ USGS...

Read more
by MPA
0 Comments
စစ်ရေး

ငလျင်ဘေးသင့် ပြည်သူများကို စာနာသောအားဖြင့် ထိုးစစ်ခေတ္တရပ်မည်ဟု NUG ကြေညာ

Mar 29, 2025
ငလျင်ဘေးသင့် ပြည်သူများကို စာနာသောအားဖြင့် ထိုးစစ်ခေတ္တရပ်မည်ဟု NUG ကြေညာ

By MPA ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအနေဖြင့် ထိုးစစ်ခေတ္တရပ်စဲရေးနှင့် အရေးပေါ်ကူညီရေးများ လုပ်ဆောင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့(မတ် ၂၉ရက်) ညပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။ မတ် ၂၈ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊...

Read more
by MPA
0 Comments
ငလျင်ဘေး

နိုင်ငံတကာမိတ်ဆွေများ၏ အကူအညီ ငလျင်ဒဏ်သင့်ပြည်သူများဆီ ရာနှုန်းပြည့်ရောက်ရန်လိုဟု ယာယီသမ္မတဆို

Mar 29, 2025
နိုင်ငံတကာမိတ်ဆွေများ၏ အကူအညီ ငလျင်ဒဏ်သင့်ပြည်သူများဆီ ရာနှုန်းပြည့်ရောက်ရန်လိုဟု ယာယီသမ္မတဆို

By Nway / MPA နိုင်ငံတကာမိတ်ဆွေများအနေနှင့် ငလျင်ဒဏ်သင့် ပြည်သူများဆီသို့ ပေးအပ်သည့်အကူအညီများ ရာနှုန်းပြည့်ရောက်အောင် လုပ်ဆောင်ရန် အရေးကြီးလှကြောင်း NUGယာယီသမ္မတက သတိပေး လိုက်သည်။ နိုင်ငံတကာမိတ်ဆွေများနှင့် ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းအနေနှင့် ငလျင်ဒဏ်သင့်မြန်မာပြည် သူများကို ယခုချက်ချင်း ထိထိရောက်ရောက်ကူညီကြရန်...

Read more
by MPA
0 Comments
နိုင်ငံရေး

မြန်မာ့ဒီမိုကရေစီရေး ချက်နိုင်ငံ အထောက်အပံ့ပေးရန် ဆွေးနွေး

Mar 28, 2025
မြန်မာ့ဒီမိုကရေစီရေး ချက်နိုင်ငံ အထောက်အပံ့ပေးရန် ဆွေးနွေး

By Ra Wai / MPA မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် အကူအညီ၊အထောက်အပံ့ပေးနိုင်ရေးကိစ္စကို ချက်နိုင်ငံခြား ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း NUGအစိုးရက သတင်းထုတ်ပြန်သည်။ မတ်လ၂၇ရက်တွင် NUGအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský...

Read more
by MPA
0 Comments
နိုင်ငံရေး

စစ်အုပ်စု၏ အကြမ်းဖက်မှုများကို အာဆီယံ ရဲရင့်ထိရောက်စွာ ကိုင်တွယ်ရန် NUG တိုက်တွန်း

Mar 20, 2025
စစ်အုပ်စု၏ အကြမ်းဖက်မှုများကို အာဆီယံ ရဲရင့်ထိရောက်စွာ ကိုင်တွယ်ရန် NUG တိုက်တွန်း

By Nway / MPA စစ်အုပ်စု၏ အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် အာဆီယံအနေနှင့် ရဲရင့်ထိရောက်သည့် ဆောင်ရွက်ချက်များ ချမှတ်လုပ်ဆောင်ရန် NUG အစိုးရက တိုက်တွန်းလိုက်သည်။ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၉ ရက်၊ “အကြမ်းဖက်စစ်အုပ်စုက...

Read more
by Thar Nge Lay
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10850) Myanmar (9776) News (9157) military (7093) SAC (6803) PDF (953) Politics (307) Yangon (282) SagaingRegion (214) RakhineState (139) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In