By MPA
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံ အလှည့်ကျ ဥက္ကဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့သည် ယနေ့(ဧပြီ ၁၈ရက်)၊ နံနက်ပိုင်းတွင် Teleconference မှ တွေ့ဆုံခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။
ထိုကဲ့သို့တွေ့ဆုံရာတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နိုင်ရေးအပါအဝင် မြန်မာပြည်သူများထံ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ထိရောက်စွာ ပေးပို့ ဖြန့်ဝေနိုင်ရေး ကိစ္စများကိုဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ပြင် အာဆီယံ အလှည့်ကျ ဥက္ကဌ၊ မလေးရှားဝန်ကြီးချုပ်သည် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဧပြီ ၁၇ရက်တွင် တွေ့ဆုံခဲ့သေးသည်။
အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်မှုမရှိခဲ့သလို မလေးရှားနိုင်ငံကလည်း ထုတ်ပြန်မှု တစ်စုံတစ်ရာမပြုလုပ်ခဲ့ပေ။