By Ko Paing / MPA
သင်္ကြန်သည် မြန်မာပြည်သူတို့အတွက် မျှော်လင့်ခြင်းနှင့် အသစ်ပြန်လည်စတင်ခြင်းကို ကိုယ် စားပြုကြောင်း ရန်ကုန်မြို့၊အမေရိကန်သံရုံးအကြီးအကဲက ပြောသည်။
ယနေ့(ဧပြီ၁၂ရက်)တွင် ရန်ကုန်မြို့၊အမေရိကန်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်က အတာသင်္ကြန်အမှာစကား ပြောကြားရာ၌ ယင်းသို့ ထည့်သွင်းပြောကြားထားသည်။
“သင်္ကြန်ရေက နှစ်ဟောင်းက အဆိုးအညစ်တွေကို ဆေးကြောပေးနိုင်ပြီး နှစ်သစ်မှာ အားလုံးကို အ သစ်က ပြန်စနိုင်စေပါတယ်”ဟု ၎င်းက ပြောသည်။
အတာသင်္ကြန်မှာ အားလုံးဘေးကင်းကြပါစေကြောင်း အမေရိကန်ပြည်သူများကိုယ်စား ၎င်းက ဆုတောင်းလိုက်သည်။
စစ်ကိုင်းငလျင်ကြောင့် လူ့အသက်၊အဆောက်အအုံနှင့် လမ်းပန်းဆက်သွယ်ရေးများ ပျက်စီးဆုံးရှုံး သွားသဖြင့် ယခုနှစ်တွင် ပိုမိုခက်ခဲလှကြောင်း အမေရိကန်ပြည်ထောင်စုသည် မိတ်ဖက်များ၊ကျွမ်း ကျင်ပညာရှင်များနှင့် ပူးပေါင်းပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီပေးနေကြောင်း လာ မည့်နှစ်သင်္ကြန်တွင် ပိုမိုကောင်းမွန်လာစေဖို့ ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းမှုများကိုလည်း ဆက်လက်ထောက်ခံအားပေးသွားမှာဖြစ်ကြောင်းလည်း ဆိုသည်။
ငလျင်ဘေးဒဏ်သင့်အသိုက်အဝန်းများကို အမေရိကန်ပြည်ထောင်စုက ကန်ဒေါ်လာကိုးသန်း ပံ့ပိုးကူညီခဲ့ပြီးယင်းထောက်ပံ့မှုများသည် ငလျင်ဘေးဒဏ်သင့်အသိုက်အဝန်းများအတွက် အရေးပေါ် နားခိုရာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများ နှင့် သောက်သုံးရေ ရရှိရေးအတွက်ဖြစ်ကြောင်း သိရသည်။
ပျက်စီးဆုံးရှုံးမှုများမှ ပြန်လည်ထူထောင်ရန်ကြိုးပမ်းလျက်ရှိကြသော မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်လျက်ရှိကြောင်းလည်း ရန်ကုန်မြို့၊အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။