By Nway / MPA
၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲရရှိသည်အထိ ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်လုံးညီညွတ်ကြမည်ဟု ယနေ့ (ဧပြီ ၁၀) ကျရောက်သည့် အာရက္ခတပ်တော်၏ ၁၆ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်နေ့သို့ MNDAA နှင့် TNLA တို့က ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ကမကထပြု၍ အခြားမဟာမိတ်တပ်ဖွဲ့များ၊ နွေဦးတော်လှန် ရေး အင်အားစုများနှင့်အတူ အကောင်အထည်ဖော်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးသည် မြန်မာ့လက် နက်ကိုင်တော်လှန်ရေး၏ အာဏာရှင်တိုက်ဖျက်ရေးအတွက် အကောင်းဆုံးအစပြုစစ်ဆင်ရေး ဖြစ် ခဲ့ပြီး တော်လှန်ပြည်သူများအားလုံး၏ ထောက်ခံမှုနှင့်အတူ တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်း နိုင်မည့် ခြေလှမ်းများဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။
“၁၀၂၇ စစ်ဆင်ရေးဆိုတဲ့အသံဟာ မြန်မာပြည်သူတွေရဲ့ ရင်ဘတ်ထဲ ဟိန်းထနေခဲ့တာဆိုတော့ အခု ဒီလိုအသံကို ပြန်ကြားရတော့ ပြည်သူတွေအတွက် စိတ်ခွန်အားဖြစ်စေမယ်လို့ထင်ပါတယ်။အိမ်နီး ချင်းတရုတ်ရဲ့ မြန်မာ့ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်နေမှုကြောင့် ၁၀၂၇စစ်ဆင်ရေးရဲ့ လီဗာကို အတိုး၊အလျှော့ လုပ်နေရတာ ပြည်သူတွေ နားလည်ကြမယ်လို့ ထင်ပါ တယ်။ MNDAA အနေနဲ့လည်း တရုတ်ပေးတဲ့ လောကဓံကို အစဉ်အမြဲ အမှတ်ကြီးနေဖို့ လိုပါမယ်”ဟု ရှမ်းမန်းအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ပြောသည်။
မြန်မာစစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်ပြီး မြန်မာပြည်သူလူထုနှင့် ကိုက်ညီသော နိုင်ငံ ရေးစနစ်တစ်ခုကို ထူထောင်ရန်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တော်လှန်ရေးဒေသအသီးသီးတွင် တော်လှန်သည့် အာရက္ခတပ်တော်ကြီး၏ တပ်ဖွဲ့ဝင်များ တည်ရှိကာ တော်လှန်ရေးလုပ်ငန်းများကို လက်တွေ့ကျကျ အရှိန်အဟုန်မြှင့်ဖော်ဆောင်နေသည်မှာ မြန်မာလူထုတရပ်လုံးအတွက် အားတက် ဂုဏ်ယူဖွယ်ဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။
အမျိုးသားလွတ်မြောက်ရေးအတွက် ခက်ခဲကြမ်းတမ်းသော တော်လှန်ရေးခရီးရှည်ကြီးတွင် ရခိုင်လူမျိုးတို့အတွက် အာရက္ခအိမ်မက်ကို မရပ်မနား ကြိုးပမ်း အကောင်အထည်ဖော်ကြသည့် အာရက္ခရဲဘော်များ၊ နည်းလမ်းပေါင်းစုံ ပေးဆပ်ပါဝင်ကြသည့် ရခိုင်လူမျိုးအားလုံးကို အထူးလေးစားဂုဏ်ယူကြောင်းလည်း ယင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။
အာရက္ခတို့၏ နိုင်ငံရေးရည်မှန်းချက်သည် ရခိုင်သားတို့၏ လက်ထဲသို့ မကြာမီ မုချမသွေရောက်ရှိတော့မည်ဟုလည်း ဆိုထားသည်။