By MPA
စစ်ကောင်စီက နိုင်ငံတော်အဆင့် ဝမ်းနည်းအထိမ်းအမှတ်နေ့ရက်အဖြစ် သတ်မှတ်လိုက် ပြီးနောက် နောင်ချိုမြို့နယ်၊ကျောက်ကြမ်းရွာကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။
မြန်မာပြည်သူများ ငလျင်ကပ်ဘေးနှင့် ကြုံနေရသည့်
ယနေ့(မတ်လ၃၁ရက်) နံနက်၁၀နာရီကျော်တွင် TNLA အုပ်ချုပ်နေသော ကျောက်ကြမ်းရွာကို ၁၂၀ မမ ဗုံးသီး သယ်ဆောင်လာသည့် ဒရုန်းဖြင့် တစ်ကြိမ် ကြဲချခဲ့ရာ ပျက်စီးမှုများ ရှိကြောင်း သိရသည်။
ငလျင်လှုပ်နေသည့် မတ်လ၂၈ရက်၊မွန်းလွဲ ၁နာရီ၅မိနစ်တွင်လည်း နောင်ချိုမြို့နယ်၊နောင်လင်ရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ရာ ပြည်သူ့နေအိမ်သုံးလုံးနှင့် စာသင်ကျောင်းနှစ် ကျောင်း ပျက်စီးခဲ့သေးသည်။
ငလျင်ကြောင့် အသက်အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့မှုအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းအထိမ်းအမှတ် နေ့ရက်အဖြစ် မတ်လ၃၁ရက်မှ ဧပြီခြောက်ရက်အထိ သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။