By MPA
ဖျက်အားပြင်းငလျင်ကြောင့် အများပြည်သူ ပူဆွေးသောကရောက်နေသဖြင့် မြိုင်မြို့နယ်အတွင်း သင်္ကြန်ပွဲမလုပ်ရန် မြိုင်ပကဖက ထုတ်ပြန်လိုက်သည်။
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း မဟာသင်္ကြန်နှစ်သစ်ကူးပွဲတော်၌ လူစုလူဝေးပြုလုပ်ခြင်း၊မဏ္ဍပ်ထိုးခြင်း၊Bluetooth Box နှင့် အသံချဲ့စက်များဖွင့်၍ ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ကြရန် မြိုင်ပကဖ က ထုတ်ပြန်သည်။
ပျော်ပွဲရွှင်ပွဲနှင့် လူစုလူဝေးများပြုလုပ်ခြင်းကြောင့် အများပြည်သူဒုက္ခရောက်နိုင်ကြောင်းနှင့် ဖြစ်ပေါ် လာနိုင်သည့် အကျိုးဆက်များကို နားလည်အောင် နှစ်သစ်ကူးမတိုင်မီ ကြိုတင်အသိပေးတားမြစ်ခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။
ယင်းတားမြစ်ချက်ကို မလိုက်နာပါက ဦးဆောင်ပြုလုပ်သူနှင့် အပေါင်းအပါများအား လူပုဂ္ဂိုလ်အဆင့် အတန်း ခွဲခြားခြင်းမရှိဘဲ ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ကြီး၊ငယ်အလျောက် ပြင်းထန်စွာ အရေး ယူသွားဖြစ်ကြောင်းလည်း မြိုင်ပကဖ ကဆိုသည်။