By Ra Wai / MPA
မွန်ပြည်နယ်ဝန်ကြီးချုပ်ဂိုဏ်း၏ လုပ်ပိုင်ခွင့်ချုပ်ကိုင်ထားမှုကြောင့် စစ်ကောင်စီလွှမ်းမိုးထားနိုင်သော မွန်မြို့များရှိ ရဲတပ်ဖွဲ့ဝင်တို့မှာ တရားမဝင် လိုင်းကြေးငွေ ရရှိမှု နည်းပါးနေကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း စစ်ကောင်စီအုပ်ချုပ်ရေးအားကောင်းသော မော်လမြိုင်၊မုဒုံနှင့် ချောင်းဆုံမြို့ နယ်အတွင်းရှိ အုပ်ချုပ်မှုအာဏာနှင့် လုပ်ပိုင်ခွင့်များကို စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း၏ တပည့်များက ချုပ်ကိုင်ထားပြီး လောင်းကစားဝိုင်း၊ကေတီဗီ၊မာဆက်၊ပြည့်တန် ဆာခန်းနှင့် စစ်မှုထမ်းကြေးတို့ကိုလည်း တိုက်ရိုက်ကိုင်တွယ်နေသဖြင့် ယင်းဒေသများရှိ ရဲတို့မှာ သဒ္ဓါကြေးမျှသာ ရရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“ဝန်ကြီးချုပ် တပည့်တွေက အုပ်ချုပ်ရေးပိုင်းကိုင်ထားတော့ ရဲလောက်ကို အဖက်မလုပ်ဘူး။ရဲတွေက အုပ်ချုပ်ရေးပိုင်းကိုလည်းကြောက်ရ၊စစ်တပ်ကိုလည်း ကြောက်ရနဲ့ စားပေါက်ဂွင်တွေက သဒ္ဓါကြေး လောက်ပဲ ရဲတွေရတော့တယ်”ဟု ၎င်းက MPA သို့ပြောသည်။
အောင်ကြည်သိန်းသည် မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဖြစ်ပြီး မော်လမြိုင်၊မုဒုံနှင့်ချောင်းဆုံမြို့ နယ် တို့ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအားလုံးနီးပါးမှာ ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ် ကြောင်း မွန်ဝန်ကြီးချုပ်၏ အရှိန်အဝါကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှာ ရဲတပ်ဖွဲ့ဝင်များကို အ လေးမထားတော့ကြောင်း သိရသည်။
“စစ်တပ်ရဲ့ဂွင်က ဂိတ်စောင့်ပြီး ပိုက်ဆံတောင်းတာနဲ့ စစ်မှုထမ်းကိစ္စမှာ အုပ်ချုပ်ရေးပိုင်းကကောင် တွေနဲ့ ပေါင်းစားတာ။ရဲတွေကို တရားမဝင်လုပ်ငန်းရှင်တွေကတောင် အဖက်မလုပ်ချင်တော့ဘူး။ နည်းနည်းပေါက်ရောက်တဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေကလည်း ရဲတစ်ပွင့်လောက်ကို Level တူ ဆက်ဆံတာ”ဟု ၎င်းက ဆက်လက်ပြောသည်။
ရဲတပ်ဖွဲ့ဝင်များသည် အမှုအခင်း၊နှစ်လုံး၊သုံးလုံးလောင်းကစားနှင့် မူးယစ်ဆေးရောင်းသူများထံကသာ လိုင်းကြေးအပြည့်အဝ ရရှိကြောင်း သိရသည်။
မွန်ဝန်ကြီးချုပ်နှင့်ဂိုဏ်းသည် ၎င်းတို့၏လုပ်ပိုင်ခွင့်အာဏာကို ၂၀၂၃ခုနှစ်ကတည်းက တည်ဆောက် နိုင်ခဲ့ကြောင်း သိရသည်။