By MPA
နယူးယောက်မြို့၊ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် UN Event တွင် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်းလင်းက မြန်မာစစ်ဘေးသင့် အမျိုးသမီးများနှင့် ကလေးများအကြောင်း အလေးပေးဆွေးနွေးခဲ့သည်ဟု သိရသည်။
မတ်လ ၁၃ ရက်၌ ကျင်းပသော UN Event တွင် စစ်ဘေးသင့်အမျိုးသမီးများနှင့်ကလေးများ ခံစားရသည့် Post Trauma Stress Disorder (PTSD) အကြောင်း အလေးပေးဆွေးနွေးခဲ့သလို လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်လျက်ရှိသည့် လူဦးရေနှင့် လက်ရှိမြန်မာနိုင်ငံ၏ အသေးစိတ်အခြေအနေကိုလည်း ကိုထိန်လင်းက တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
“ ဒီခရီးစဉ်မှာ မေမေနဲ့အတူ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့၊ မြန်မာနိုင်ငံရဲ့ စစ်ဘေးခံပြည်သူတွေ အမြန်ဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီရရှိဖို့ ဦးစားပေးလုပ်ဆောင်ပြီး အမေရိကားရောက် မြန်မာနွယ်ဖွားများ၊ ကူညီထောက်ပံ့ပေးသူများနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်” ဟုပြောကြားခဲ့ကြောင်းလည်း သိရသည်။
Suu 80th Birthday Campaign အတွက် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော Kim Aris (ခေါ်) ကိုထိန်လင်းသည် မတ်လ ၁၄ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲတစ်နာရီတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးသို့သွားရောက်ကာ CDM သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် တွေ့ဆုံခဲ့သည်။
ကိုထိန်လင်းက သံအမတ်ကြီးအတွက် Suu 80th Birthday အမှတ်တရထုတ်ဝေသော ပြက္ခဒိန်ကို လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။