By Ra Wai / MPA
နေပြည်တော်တွင် အိမ်ပေါ်တက်ဖမ်းဆီးခြင်းခံရပြီးနောက် စစ်မှုထမ်းတပ်သားသစ်ဖြစ်လာသူတစ်ဦး လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်းသိရသည်။
တပ်မ ၉၉လက်အောက်ခံ တပ်သားသစ်တစ်ဦး မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပိုင်းပေါ်ရှိ နတ်ရေကန်အထိုင်စခန်း၌ တာဝန်ကျစဉ် မတ်လ ခုနှစ်ရက်တွင် လက်နက်နှင့်တကွ ထွက်ပြေးခိုလှုံလာကြောင်း မင်းဘူးခရိုင်အမှတ် နှစ်တပ်ရင်းထံက သိရသည်။
” နေပြည်တော်မှာ အိမ်ပေါ်တက်ပြီး ခေါ်သွားခံရတာ။ ခရီးသွားရင်းမဟုတ်ဘူး။ မန္တလေး၊ သာစည်မှာရှိတဲ့ တပ် ၉၉လက်အောက်ခံ တပ်ရင်းတစ်ရင်းကနေ ကျတော်တို့ နတ်ရေကန်ဘက်ကို တာဝန်ကျတယ်။ တာဝန်ကျတဲ့အချိန်မှာ အလင်းဝင်ရောက်လာတာ” ဟု မင်းဘူးခရိုင်အမှတ် နှစ်တပ်ရင်းမှ တပ်ရင်းမှူး ရဲဘော်ဇာမဏီက MPAသို့ပြောသည်။
ယင်းတပ်သားကို ဆုကြေငွေးချီးမြှင့်ခဲ့သော်လည်း မည်မျှချီးမြှင့်ခဲ့သည်ကို ထုတ်ပြန်ထားခြင်းမရှိပေ။
လက်နက်ချ၍ ပြည်သူနှင့် ပူးပေါင်းလိုသည့် စစ်ကောင်စီတပ်သားများကို မင်းဘူးခရိုင်၊အမှတ်နှစ် တပ်ရင်းက လက်ခံကြိုဆိုလျက်ရှိပြီး လက်နက်ဖြင့် အလင်းဝင်လာသူများအား ဆုငွေများ ချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း မင်းဘူခရိုင်အမှတ်နှစ်တပ်ရင်းက ထုတ်ပြန်ထားသည်။