By Ra Wai / MPA
မွန်ပြည်နယ်၌ ဖေဖေါ်ဝါရီအတွင်း ပြည်သူ ၆၄ ဦးဖမ်းဆီးခံခဲ့ရကြောင်း လဂွန်းအိမ်စာစဉ်က ထုတ်ပြန်သည်။
ဖမ်းဆီးခံရမှုဖြစ်စဉ်ထဲတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အစုလိုက်အပြုံလိုက် အတင်းအဓမ္မဖမ်းဆီးခံရသည့် ဖြစ်စဉ်များလည်း ပါဝင်ကြောင်း ဆိုသည်။
“စစ်တပ်က ဖမ်းတာကတော့ ပေါ်တာဆွဲတာ အများဆုံးပါပဲ။ ကျတော် သိရသလောက် မော်လမြိုင် မြို့ပေါ်မှာ ညဘက် အဓိက ဆွဲနေတယ်။မြို့စွန်တွေနဲ့ မြို့အဝင်အထွက်ဂိတ်တွေမှာ ဆွဲတာ။ မော် လမြိုင်နဲ့ကပ်လျက် မြို့တွေမှာတော့ ပေါ်တာဆွဲသံ မကြားရဘူး” ဟု မော်လမြိုင်မြို့နေ လူမှုကူညီရေးသမားတစ်ဦးက MPA သို့ပြောသည်။
ဖေဖေါ်ဝါရီလအတွင်း အသတ်ခံရသူ ၁၅ ဦးနှင့် ဒဏ်ရာရသူ ၂၃ ဦး ရှိပြီး ယမန်နှစ်များနှင့် နှိုင်းယှဉ်လျှင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု မြင့်မားနေဆဲဖြစ်ကြောင်း လဂွန်းအိမ်စာစဉ်က ဆိုသည်။
မွန်ပြည်နယ်တွင် ဖေဖော်ဝါရီအတွင်း လက်နက်ကိုင်တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျိုက်ထိုမြို့နယ်သည် တိုက်ပွဲဖြစ်ပွားမှု အများဆုံးမြို့နယ် ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စာသင်းကျောင်း တစ် ကျောင်း၊ ဘာသာရေးအဆောက်အအုံ သုံး ခုနှင့် လူနေအိမ် ၄၇ လုံးကျော် ပျက်စီးခဲ့ကြောင်း သိရ သည်။