By Nway / MPA
ရေစကြိုပကဖနှင့် ABSDF ပူးပေါင်းဖွင့်လှစ်သော စစ်သင်တန်းမှဆင်းသည့် ရဲဘော်များ၏ ရာခိုင်နှုန်း ၇၀ ကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်(ရေစကြိုပကဖ)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF (ကျောင်းသားတပ်မတော်) တို့ ပူးပေါင်းပြုလုပ်သည့် အခြေခံစစ်သင်တန်းဆင်းပွဲကို မတ်လနှစ်ရက်တွင် ကျင်းပခဲ့ပြီး ရဲဘော် ၁၂၀ စစ်သင်တန်းဆင်းခဲ့ကြောင်း ရေစကြိုပကဖ က ယနေ့ (မတ်ခြောက်ရက်)သတင်းထုတ်ပြန်သည်။









” လက်နက်က ပကဖအနေနဲ့ တပ်ဆင်ပေးတာပါ။ ABSDF ကနေ သင်တန်းဆရာအကူအညီတောင်းလာတယ်။ ကျတော်တို့ဘက်ကလည်း အဆင်ပြေတယ်၊ ပို့ပေးနိုင်တာနဲ့ပဲ ပူးပေါင်းပြီး ပေးဖြစ်သွားတာဗျ ” ရေစကြိုပကဖ၊ သတင်းပြန်ကြားတာဝန်ခံက MPA ကို ပြောသည်။
သင်တန်းဆင်းရဲဘော်၁၂၀ တို့မှာ နှစ်ဖွဲ့စလုံးက ရဲဘော်များဖြစ်ပြီးသင်တန်းကာလ မှာ သုံးလခွဲကြာခဲ့ကြောင်း သိရသည်။
ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုတိယ ဥက္ကဋ္ဌ ရဲဘော် လဆိုင်း၊ ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူး ရဲဘော် လှဌေး တို့သည် ကျောင်းသားတပ်မတော် အမှတ် တစ် စစ်ကြောင်း၊ အမှတ် နှစ် စစ်ကြောင်း နှင့် အမှတ် သုံး စစ်ကြောင်း အခြေစိုက် ဒေသများသို့ သွားရောက်ခဲ့ကြောင်းလည်း ABSDF က ဖေဖော်ဝါရီ ၂၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။