By Ra Wai / MPA
ရုရှားသမ္မတ ဗလာဒီမာယာပူတင်သည် ဗျာဒိတ်တော်လာ ကြွက်မင်းဖြစ်ပြီး ဗုဒ္ဓ သာသနာသက္ကရာဇ် ၂၀၀၀ ကျော်လာသည့်အခါ ရုရှားလူမျိုးတို့၏ဧကရာဇ်မင်းဖြစ်လာကာ မြန်မာဘု ရင်တို့နှင့် မဟာမိတ်ဖြစ်လာမည်ဟု မြတ်စွာဘုရားက ဟောကြားခဲ့ကြောင်း မင်းအောင်လှိုင်က ပြောကြားခဲ့ သည်။
မတ်လလေးရက်တွင် ကရင်မလင်နန်းတော်၌ ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံစဉ် မင်းအောင်လှိုင်က မြန်မာနိုင်ငံ၌ ၁၉၄၂ခုနှစ်က ထုတ်ဝေခဲ့သော စာအုပ်တစ်အုပ်တွင် အထက်ပါအတိုင်းဖော်ပြထား ကြောင်း ဆိုသည်။
“ကျတော်တို့ ဗုဒ္ဓမြတ်စွာဘုရားလက်ထက်က သောမ အမည်ရှိတဲ့ ကြွက်မင်းဟာ မြေဆီဥတွေကို တူး ပြီးတော့ ဘုရားရှင်ကို ဆက်ကပ်လှူဒါန်းတဲ့အခါမှာ ဘုရားရှင်က ပြုံးတော်မူခဲ့ပါတယ်။ပြုံးလိုက်တဲ့အ ကြောင်းမေးတဲ့အခါမှာ မြတ်စွာဘုရားက ဘာပြန်ပြောသလဲဆိုတော့ သောမကြွက်မင်းဟာ ဗုဒ္ဓသာသ နာသက္ကရာဇ် ၂၀၀၀ ကျော်တဲ့အခါ ပါပမင်းတို့လက်ထက်မှာ သိုးဆောင်းလူမျိုး ၁၂ မျိုးအနက်မှ ရုရှား လူမျိုးရဲ့ ဧကရာဇ်မင်း ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။လက်နက်အတတ်ပညာမှာ တစ်ဖက်ကမ်း ခတ်ပြီးတော့မှ အတုမရှိတဲ့ လက်နက်ဝိဇ္ဇာ ဧကရာဇ်တစ်ပါးဖြစ်ပြီး မြန်မာဘုရင်မင်းမြတ်တို့နဲ့ ချစ် ကြည်ရင်းနှီးတဲ့ မဟာမိတ်တွေ ဖြစ်လာမယ်လို့ ဗျာဒိတ်စကားပြောခဲ့ပါတယ်”ဟု မင်းအောင်လှိုင်က ပြောသည်။
ယနေ့ကာလတွင် ရုရှားနှင့်မြန်မာတို့သည် မဟာဗျူဟာမြောက် မိတ်ဆွေနိုင်ငံများဖြစ်ပြီး ရုရှားသည် လက်နက်နှင့်နည်းပညာ၌ ကမ္ဘာ့ထိပ်တန်းအဆင့်သို့ ရောက်ရှိနေကြောင်း ထို့ကြောင့် မြတ်စွာဘု ရား၏ ဗျာဒိတ်သည် ထူးခြားတိုက်ဆိုင်စွာ အံ့ဩဖွယ်ရာ မှန်ကန်နေကြောင်းလည်းမင်းအောင်လှိုင် ကပြောသည်။
မင်းအောင်လှိုင်ဟာ ရုရှားသမ္မတပူတင်ကို ဘုရားတစ်ပါး အလေးပြုသလို ပြုခဲ့ကြောင်း AFP သတင်း ကဖော်ပြသည်။