By Ra Wai / MPA
အရှုံးနဲ့ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် လျော့နည်းလာသည့် လူအင်အားကို ဖြည့် ဆည်း ရန်အတွက် အဓမ္မစစ်သားစုဆောင်းခြင်းကို တရားလက်လွတ်ပြုလုပ်နေကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကဆိုသည်။
တွေ့ရှိချက်များအရ တစ်နှစ်အတွင်းမှာ အပတ်စဉ် ၁၀ ခုနီးပါး အဓမ္မစစ်သားစုဆောင်းခဲ့သည့်အပြင် ပေါ်တာဆွဲခြင်း၊ အိမ်နီးချင်းနိုင်ငံများမှ ပြန်ပို့လာသူများကို အဓမ္မစစ်မှုထမ်းစေခြင်း၊ အမျိုးသမီး များကို အဓမ္မစစ်သားစုဆောင်းမှု စတင်လာခြင်း၊ အကျဉ်းထောင်အတွင်းက လူငယ်များကို အဓမ္မ စစ်သားစုဆောင်းခြင်း၊ လူငယ်များကို နိုင်ငံတကာ ထွက်ခွာခွင့် ပိတ်ပင်ခြင်း၊ နိုင်ငံတကာ ရောက်ရှိနေသူများကိုလည်း လက်ပါးစေသံရုံးများမှတစ်ဆင့် အကျပ်ကိုင်ကာ တိုင်းပြည်သို့ ပြည်လည် ဝင် ရောက်ပြီး အဓမ္မစစ်မှုထမ်းစေဖို့ ကြိုးပမ်းခြင်း စသည့်လုပ်ရပ်များကို လုပ်ကိုင်ဆောင်ရွက် နေ ကြောင်း ယနေ့ (မတ် လေးရက်) ထုတ်လွှင့်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း အစီအစဉ်၌ ၎င်းကပြောကြားခဲ့သည်။
“ အကြမ်းဖက်စစ်အုပ်စုဟာ အဓမ္မစစ်သားစုဆောင်းထားသူတွေကို လအနည်းငယ်ခန့် စစ်သင်တန်း တက်စေပြီးတော့ ချက်ချင်းဆိုသလိုပဲ ရှေ့တန်းစစ်မျက်နှာတွေကို စေလွှတ်ကာ လူသားဒိုင်းသဖွယ် အသုံးပြုနေတာကိုလည်း တွေ့ရပါတယ်။ ဒီကိစ္စဟာ နိုင်ငံနဲ့ချီပြီး ကျူးလွန်နေတဲ့ အဓမ္မအလုပ်စေ ခိုင်းမှု (Forced Labor) ဖြစ်ပြီးတော့ ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တာကြောင့် နိုင်ငံတကာလူအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အလုပ်သမားရေးရာအဖွဲ့အစည်းတွေ အနေနဲ့ လက်ပိုက်ကြည့်မနေဘဲ ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ကြဖို့ ပြုလုပ်ကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်” ဟု ၎င်းကပြောသည်။
အိမ်နီးချင်းနိုင်ငံများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာ နိုင် ငံသားများကို စစ်ကောင်စီထံ ပြန်လည်အပ်နှံခြင်းသည် သေတွင်းထဲသို့ ပြန်ပို့ခြင်းနှင့် အတူတူပင် ဖြစ်သည့်အတွက် လူသားချင်းစာနာထောက်ထားသောအားဖြင့် ကူညီစောင့် ရှောက်ကြရန် အထူးပင်မေတ္တာရပ်ခံကြောင်းလည်း ၎င်းကဆိုသည်။
“ နိုင်ငံရပ်ခြားကို ရောက်ရှိနေကြတဲ့ ကျတော်တို့ မြန်မာနိုင်ငံသားများအနေဖြင့်လည်း သက်ဆိုင် ရာနိုင်ငံတွေရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို လေးစားလိုက်နာကြဖို့၊ သက်ဆိုင်ရာ နိုင်ငံအလိုက် လူ့အဖွဲ့အစည်းတွေ၊ ယဉ်ကျေးမှုတွေ၊ စံနှုန်းတွေကို လေးစားလိုက်နာပြီး သဟဇာတဖြစ်အောင် နေထိုင်ကြဖို့ အထူးတိုက်တွန်းပြောကြားလိုပါတယ်” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်၏ အဓမ္မစစ်သားစုဆောင်းခြင်းဒဏ်ကို ခံနေရသည့် လူငယ်များကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများက တတ်စွမ်းသမျှ ကူညီဆောင်ရွက်လျက်ရှိသလို အဓမ္မစစ်သားစုဆောင်းခံရပြီးနောက် တနည်းနည်းဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း ခြင်း၊ ပြည်သူ့ရင်ခွင်ခိုလှုံခြင်းတို့ကိုလည်း ကြိုဆိုလက်ခံကာ ကြည့်ရှုစောင့်ရှောက်ပေးလျက် ရှိ ကြောင်း ၎င်းကဆိုသည်။