By Ra Wai / MPA
ဆီးရီးယားနှင့် အာဖဂန်နစ္စတန်ကို ကျော်ကာ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက် နက် များကြောင့် ထိခိုက်သေဆုံးမှု ကမ္ဘာ့အဆင့် အများဆုံးအဖြစ် မြန်မာနိုင်ငံက မှတ်တမ်းဝင်သွားပြီဖြစ် ကြောင်း UNOCHA Myanmar က သတင်းထုတ်ပြန်သည်။
အရှိန်မြင့်လာသည့် ပဋိပက္ခ၏ ရလဒ်အဖြစ် ၂၀၂၃ခုနှစ်မှစတင်ကာ ကမ္ဘာ့အဆင့်အများဆုံးနိုင်ငံစာ ရင်းဝင် ခဲ့ခြင်းဖြစ်ပြီး အရပ်သားကာကွယ်စောင့် ရှောက်ပေးရေးအတွက် အရေးအကြီးဆုံးအ ချိန်ဖြစ်ကြောင်း UNOCHA Myanmar က ယနေ့(ဖေဖေါ်ဝါရီ၂၆ရက်)ထုတ်ပြန်သည်။
“မကြာသေးဘူး။သီပေါ်မှာ ဗုံးကိုကောက်လာပြီး အိမ်မှာဆော့တာ လင်မယားနှစ်ယောက်သေသွား သေးတယ်။ဗုံးဆိုတာ ဆော့စရာမဟုတ်ဘူးဆိုတာလောက်တောင် မသိတာ အသိပညာပိုင်းဆိုင်ရာ ဘယ်လောက်ထိ အားနည်းနေသလဲဆိုတာ ဖော်ပြနေတယ်။စစ်မီးဧရိယာကျယ်လာလေ မြေမြှုပ်မိုင်း ပြဿနာကြီးလာလေပါပဲ။ဒီပြဿနာက ဘယ်လောက်ကြီးကြီး စစ်အာဏာရှင်ပြုတ်ပြီး တိုင်းပြည်ငြိမ်းချမ်းမှာပဲ သေချာလုပ်နိုင်ပါမယ်။အခုလောလောဆယ် အရေးတကြီးလိုနေတာက လူ သားချင်းစာနာမှုအကူအညီပဲ”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ ပြောသည်။
မြန်မာနိုင်ငံ၌၂၀၂၃ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက် နက် များကြောင့် ထိခိုက်သေဆုံးမှု ၁၀၀၃ခုရှိခဲ့ပြီး ဆီးရီးယားနိုင်ငံက ၉၃၃ခုနှင့် အာဖဂန်နစ္စတန်နိုင်ငံက ၆၅၁ခု ရှိ ကြောင်း UNOCHA Myanmar က ဆိုသည်။
မိုင်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုသည် မိုင်းအန္တရာယ်အသိပညာပေးခြင်းနှင့်မြေမြှုပ်မိုင်းဒဏ်ခံရသူများကိုအကူအညီပေးရာမှာ အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်ပြီး ယင်းအတွက် ရန်ပုံငွေလည်း အရေးတကြီး လိုအပ်လျက်ရှိကြောင်း UNOCHA Myanmar က ထုတ်ပြန်သည်။
ဖေဖေါ်ဝါရီ၂၁ရက်၊နံနက်ရှစ်နာရီခန့်တွင် သီပေါမြို့နယ်၊ကုန်စုံရွာရှိ နေအိမ်တစ်လုံး၌ ကောက်လာ သည့် ဗုံးတစ်လုံးကို ဆော့ကစားခဲ့ရာ ပေါက်ကွဲမှုဖြစ်ပြီးဦးအိုက်လွယ်(အသက်၃၀)နှင့် ဒေါ်အေးအုပ်တို (အသက်၃၀)တို့ သေဆုံးခဲ့ပြီး ၎င်းတို့၏ သားဖြစ်သူ အသက်၁၄နှစ်အရွယ်ရှိ မိုင်းအိုက်ဟိန်းမှာ ဗုံးစထိမှန်ကာ ဒဏ်ရာရခဲ့ကြောင်း TNLA ကသတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁၁ရက်ကလည်း ကုန်စုံကျေးရွာသားနှစ်ဦးတို့သည် စစ်ကောင်စီထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း နင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သေးကြောင်း TNLAက ဆိုသည်။