By Ra Wai / MPA
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ပေါ်တာပြန်ဆွဲလာ ကြောင်း သိရသည်။
စစ်မှုထမ်းနည်းဥပဒေပြဌာန်းလိုက်သည့် ဇန်နဝါရီ၂၃ရက် နောက်ပိုင်းမှစတင်ကာ နေ့ခင်းရောညပါ ပေါ်တာပြန်ဆွဲလာခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူထံက သိရသည်။
“နည်းဥပဒေထွက်လာလို့ ဆွဲတာတော့ မဟုတ်ဘူး။နောက်အပတ်စဉ် စစ်မှုထမ်းသင်တန်းအတွက် စ ဆွဲတာ။မော်လမြိုင်မြို့အဝင်အထွက်ဂိတ်တွေမှာ နေ့ခင်းဘက် တစ်ခုခု စစ်စရာရှိတဲ့ပုံစံနဲ့မျိုးနဲ့ဆွဲ တယ်။ညဘက်ကျတော့ မိုးမချုပ်သေးဘူး။မြို့အစွန်ပိုင်းတွေမှာ ဆွဲတယ်။ညနက်ကျတော့ အပြင် ထွက်တဲ့သူ တော်တော်နည်းသွားလို့ ဆွဲစရာလူမရှိဘူး”ဟု ၎င်းက MPAသို့ပြောသည်။
မော်လမြိုင်မြို့အထွက်ဂိတ်များမှ တာဝန်ကျစစ်သားများသည် ပေါ်တာဆွဲရန် တာဝန်မရှိသော်လည်း စစ်မှုထမ်းအတွက် လူတစ်ဦးဖမ်းပေးနိုင်လျှင် ငွေတစ်သိန်းကျော်ရရှိခြင်းကြောင့် ပေါ်တာဆွဲခြင်းဖြစ် ကြောင်း သိရသည်။
“ဂိတ်စောင့်ရင်းနဲ့ ငွေရှာတာပေါ့။တကယ်ပေါ်တာဆွဲနေတာက စစ်ကောင်စီအဖွဲ့စုံနဲ့ ဆွဲတာ။သူတို့ လည်း လူဆွဲတာ ပိုက်ဆံရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ပေါ်တာဆွဲသူများသည် မော်လမြိုင်မြို့စွန်ပိုင်း၌ နေထိုင်ကြသော မြို့ခံမဟုတ်သည့် ပျံကျအလုပ်သ မားများကို ပစ်မှတ်ထားကြကြောင်း သိရသည်။
“တခြားအရပ်ကနေ မော်လမြိုင်မှာ အလုပ်လာလုပ်တဲ့ ပျံကျသမားတွေပေါ့။သူတို့ကို ဆွဲတော့ သိပ် ပြီး အသံကျယ်ကျယ်လောင်လောင် မထွက်ဘူး။စာရင်းပျောက်ပေါ့”ဟု ၎င်းကဆိုသည်။
မော်လမြိုင်မြို့ပေါ်တွင် ၂၀၂၄ခုနှစ်၊ဒီဇင်ဘာအတွင် ပေါ်တာအဆွဲကြမ်းခဲ့ပြီးနောက် ဇန်နဝါရီလအစပိုင်း၌ ပြန်ငြိမ်သွားခဲ့ကာ ဇန်နဝါရီလကုန်ပိုင်းမှ ပေါ်တာပြန်ဆွဲလာခြင်းဖြစ်သည်။
မော်လမြိုင်နှင့်ချောင်းဆုံမြို့နယ်ရှိ ဒေသခံများသည်စစ်မှုထမ်းဌားရန်အတွက် စစ်မှုထမ်းကြေး လစဉ်ပေးနေရပြီး လက်ရှိတွင် စစ်မှုထမ်းတစ်ဦး ဌားရမ်းခပေါက်ဈေးမှာ ကျပ်သိန်း၅၀ ဖြစ်သည်။
စစ်မှုထမ်းအပတ်စဉ်ကိုးသင်တန်းကို ဇန်နဝါရီ၂၀ရက်တွင် စစ်ကောင်စီတိုင်းစစ်ဌာနချုပ် အသီးသီး၌ ဖွင့်လှစ်ခဲ့သည်။