By MPA
ကော်ဘရာစစ်ကြောင်းမှူး၊ ဗိုလ်မှူးစောဒါဘောကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLAဗဟိုစစ်ဌာနချုပ်က သူရဘွဲ့ ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောသည်ရှေ့တန်းစစ်မြေပြင်၌ မကြောက်မရွံ့ စစ်ကောင်စီ၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ချိုးနှိမ် ဖျက်ဆီးနိုင်ခဲ့ကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။
ရဲစွမ်းသတ္တိအပြည့်နှင့် ခေါင်းဆောင်မှုအရည်အချင်းပြည့်မီသော ဗိုလ်မှူးစောဒါဘောကို KNLA- (ဗဟို) စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော က သူရဘွဲ့ ဆုတံဆိပ်ချီးမြှင့်ခဲ့သည်။
ဇန်နဝါရီ ၃၁ ရက်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးစစ်မြေပြင်တစ်နေရာ၌ ကျင်းပသည့် ကရင့် တော်လှန်ရေးနေ့အခမ်းအနားတွင် သူရဘွဲ့ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။