By Htet Soe Lin \ MPA
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကူမင်းမြို့သို့သွားသည့်သတင်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ရေးသားဖော်ပြခြင်းမရှိကြောင်း တွေ့ရသည်။
မင်းအောင်လှိုင်သည် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးနှင့် ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများတက်ရောက်ရန် နိုဝင်ဘာငါးရက်နံနက် ပိုင်းတွင် နေပြည်တော်မှ ကူမင်းမြို့သို့ ထွက်ခွာသွားခဲ့ပြီး ယင်းနေ့ညနေပိုင်း၌ တရုတ်ကွန်မြူနစ်ပါတီ ၊ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း စစ်ကောင်စီမီဒီယာများ၌ ဖော်ပြကြသော်လည်း မြန်မာဘာသာဖြင့် ဖော်ပြနေသည့် တရုတ်သံရုံးဖေ့စ်ဘွတ်ခ်တွင်မူ ယနေ့(နိုဝင်ဘာခြောက်ရက်)နံနက် ၁၀နာရီခွဲကျော်အထိ လုံးဝဖော် ပြခြင်း မရှိသေးပေ။
“တရုတ်သံရုံးဖေ့စ်ဘွတ်ခ်မှာ ဘာသတင်းတင်တင် မြန်မာပြည်သူတွေက မြန်မာပြည်တွင်းရေးကို ဝင် စွက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း ပြင်းထန်တဲ့ comment ရေးသားတာတွေ ရှိနေတော့ မင်းအောင်လှိုင်သတင်းသာတင်ရင် မြန်မာပြည်သူတွေရဲ့ အပြင်းထန်ဆုံးဒေါသတွေနဲ့ ကြုံလာရမှာ သေချာနေလို့ ချက်ချင်းမတင်သေးတာလည်း ဖြစ်နိုင်ပါတယ်။ထပ်ပြောရရင် မင်းအောင်လှိုင်ကို မြန် မာပြည်သူတွေ လုံးဝလက်မခံတာ တရုတ်သံရုံးက ကောင်းကောင်း သိနေတယ်”ဟု နိုင်ငံရေးဆောင်း ပါးရှင်တစ်ဦး က MPA သို့ပြောသည်။
ယခုတရုတ်ခရီးစဉ်သည် မအောင်မြင်သော အာဏာသိမ်းပွဲ စတင်ပြီးနောက် တရုတ်မြေပေါ်သို့ မင်း အောင်လှိုင် ပထမဆုံးအကြိမ် ခြေချခွင့်ရသည့် ခရီးစဉ်ဖြစ်ပြီး နိုင်ငံတော်အဆင့်ဖိတ်ကြားခြင်း မဟုတ်သော်လည်း မင်းအောင်လှိုင်ကို တရုတ်က တရားဝင်မှုပေးသည့်သဘောဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အစည်းအဝေးသွားတက်တာ။တရုတ်က ကော်ဇောနီခင်းပြီး နိုင်ငံ့ခေါင်းဆောင်အဖြစ် ဖိတ်ကြား ကြို ဆိုတာမဟုတ်ပေမဲ့ ဘာပဲဖြစ်ဖြစ် တရုတ်က စစ်ကောင်စီဘက်ရပ်ပြီး မြန်မာပြည်သူတွေကို ဒုက္ခပေး နေပြီဆိုတာကို ဖော်ပြလိုက်တာပါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဩဂုတ်၁၄ရက်၊ နေပြည်တော်ခရီးစဉ်တွင် စစ်ကောင်စီ၏ရှေ့ လုပ်ငန်းစဉ်ငါးရပ်ကို ထောက်ခံကြောင်းပြောကြားခဲ့ကာ နွေဦးတော်လှန်ရေးအပေါ် အနှောက်အ ယှက်ပေးသည့် လုပ်ငန်းများအား တရုတ်အစိုးရက ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။