By Ra Wai / MPA
မြန်မာ့ဒုတိယအာဏာရှင် သန်းရွှေ၏ သားမက် ဒေါက်တာနေစိုးမောင်ကို နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေးကို ပျက်ပြားအောင် လူမှုကွန်ရက်ပေါ် လှုံ့ဆော်ဝါဒဖြန့်ခြင်းကြောင့် အမှုဖွင့်အရေးယူထား ကြောင်း ယနေ့(အောက်တိုဘာ၂၅ရက်) ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာများ၌ ဖော်ပြလိုက် သည်။
ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်နေ ဒေါက်တာနေစိုးမောင်ကို အောက်တိုဘာ၂၃ရက်၊ညနေခြောက်နာရီခွဲ တွင် မန္တလေးမြို့၊ပြည်ကြီးတံခွန်ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်အရေးယူခဲ့ကြောင်း ထုတ်ပြန် ထားသည်။
“မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဒေါက်တာနေစိုးမောင်က ဂုဏ်ပြုရေးသားထားလို့ ဖမ်းဆီးလိုက်တာလို့ ထင်ပါတယ်။စစ်ကောင်စီကို ထိပါးလာရင် ဘယ်သူ့ကို မဆို ဖမ်းဆီးသတ်ဖြတ်ဖို့ ဝန်မလေးဘူးဆိုတာ မင်းအောင်လှိုင်က ပြသလိုက်တာပါပဲ” မဲဆောက်အ ခြေစိုက် CDM တပ်အရာရှိတစ်ဦးက MPAသို့ ပြောသည်။
ဒေါက်တာဇော်မြင့်မောင်လက်ထက်တွင် မန္တလေးမြို့ကြီး စမတ်စီးတီးဖြစ်အောင် ကြိုးပမ်းခဲ့ကြောင်း ဒေါက်တာနေစိုးမောင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ဂုဏ်ပြုရေးသားခဲ့ကြောင်း စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်အချို့၌ ဖော်ပြထားသည်။
ဒုတိယဗိုလ်မှူးကြီးဟောင်းနှင့်စစ်တပ်ဆေးတက္ကသိုလ်ကထိကတာဝန်လည်း ထမ်းဆောင်ခဲ့သူ ဒေါက်တာနေစိုးမောင်ကို ဒေါက်တာဇော်မြင့်မောင်၏ နာရေးရက်လည်မှ အပြန်တွင် ဖမ်းဆီးခဲ့ကြောင်း အောက်တိုဘာဒုတိယပတ်အတွင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် ပြန်လွှတ်ပေး လိုက်ကြောင်းလည်း နောက်ဆက်တွဲသတင်းထွက်ပေါ်ခဲ့သည်။
ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးရခြင်းအကြောင်းရင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီသတင်းစာများ ၌ ဖော်ပြထားခြင်းမရှိပေ။

