By Ra Wai / MPA
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်နေသော တရုတ်အစိုးရအားကန့်ကွက်ရှုတ်ချကြောင်း ရေးသားချက်များအား နေ့စဉ်ဆိုသလို တွေ့နေရသည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် တင်သည့် မည်သည့်ပို့စ်တိုင်းမဆို၏ အောက် comment နေရာ၌ ပြည်သူသတ်နေသောစစ်ကောင်စီကို ပံ့ပိုးကူညီမှုများရပ်ရန်၊မြန်မာ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊မြန်မာပြည်သူတို့၏ ဆန္ဒကို လေးစားရန်နှင့် စစ်ကောင်စီကို ထောက်ခံနေသော တရုတ်အစိုးရအား ကန့်ကွက်ရှုတ်ချကြောင်း စာများအား နေ့စဉ် တွေ့နေရကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက ပြောသည်။
“သံရုံးပေ့ချ်မှာ ဘာတင်တင် တင်တဲ့ပို့စ်အောက်မှာ တရုတ်ကို ကန့်ကွက်ရှုတ်ချနေကြတဲ့ မြန်မာပြည် သူတွေရဲ့ ကွန်မန့်တွေမနည်းဘူး။ဥပမာ-တရုတ်နိုင်ငံက စပါးစိုက်ခင်းတွေအကြောင်းတင်ထားတဲ့ပို့စ် လိုမျိုး၊တရုတ်ကုန်စည်ပြပွဲအကြောင်းပို့စ်လိုမျိုး မြန်မာနဲ့ဘာမှမဆိုင်တဲ့ ပို့စ်တွေရဲ့အောက်တွေမှာပါ ကန့်ကွက်နေကြတာ။တရုတ်သံရုံးက ဘာပို့စ်တင်တင်၊တင်တဲ့ပို့စ်ရဲ့အောက်မှာ မြန်မာဖေ့စ်ဘွတ်ခ် သုံးသူတွေက ကန့်ကွက်နေကြတာ” ဟု ၎င်းက MPAသို့ပြောသည်။
အောက်တိုဘာ၁၇ရက်က သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆု တောင်းထားသည့် တရုတ်သံရုံး၏ ပို့စ်အောက်တွင် Bryan Kyaw အကောင့်ပိုင်ရှင်က “မြန်မာပြည် သူတွေကို တကယ်ပျော်စေချင်ရင် ဘာမှ ဝင်မရှုပ်ဘဲ ကိုယ့်နေရာကိုယ်ပဲ အေးဆေးနေလိုက်ပါ” ဟု ရေးသား ထားသည်။
သီတင်းကျွတ်လပြည့်နေ့၌ တရုတ်သံရုံးက ယင်းသို့ ဆုတောင်းစာတင်ထားသော်လည်း သီတင်း ကျွတ်လပြည့်နေ့တွင်ပင် မရှောင် နောင်ချိုမြို့၊ဒီပဲယင်းမြို့နှင့် ဂွမြို့နယ်တို့အတွင်း ပြည်သူကိုပစ်မှတ် ထားသည့် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအား တရုတ်က လျစ်လျူရှုနေကြောင်း လားရှိုးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“စစ်ကောင်စီက မြန်မာပြည်သူတွေကို သတ်နေတာကျတော့ မြန်မာပြည်တွင်းရေးကိစ္စ သူတို့နဲ့မဆိုင် ဘူးလို့ တရုတ်က သတ်မှတ်တယ်။ စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေ ကိုကျတော့ တိုက်ပွဲတွေချက်ချင်းရပ်ဖို့ မျိုးစုံခြိမ်းခြောက်တာကျတော့ ပြည်တွင်းရေးဝင်စွက်တာ မ ဟုတ်ပြန်ဘူး” ဟု ၎င်းက ပြောသည်။
တရုတ်အစိုးရသည် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသော မြန်မာ-တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ပွဲများ ချက်ချင်းရပ်ရန် ခြိမ်းခြောက်နေရုံတင်မက တရုတ် နယ်စပ်ဂိတ်များကိုပါ ပိတ်ကာ ရိက္ခာဖြတ်တောက်လျက်ရှိသည်။
တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပြောကြားခဲ့ပြီးနောက် မြန်မာပြည်သူဆန့် ကျင်ရေးလုပ်ငန်းများကို တရုတ်အစိုးရက ဇောက်ချလုပ်နေကြောင်း နိုင်ငံရေးဆောင်းပါးရှင်က ဆို သည်။