ခွင့်ပြုချက်မရှိဘဲ အမေရိကန်၊ အနောက်နိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ခရီးမသွားကြရန် ကိုးကန့်တပ် MNDAA က ၎င်းတို့၏ အစိုးရဌာနနှင့် တပ်အရာရှိအားလုံးကို တားမြစ်လိုက်သည်။
မကြာသေးမီက မြန်မာ့ပြည်တွင်းရေးတွင် ပြည်ပတပ်ဖွဲ့ဝင်များ ဝင်ရောက်စွက်ဖက်ရန် စီစဉ်နေကြောင်း သတင်းရရှိပြီး အမျိုးသားရေး အခြေအနေသည် ရလဒ်အဖြစ် ပြင်းထန်ပြီး ကြီးမားသော အပြောင်းအလဲများ ကြုံတွေ့ရနိုင်ကြောင်း လက်ရှိ ရှုပ်ထွေးနေသော ပြည်တွင်းအခြေအနေအရ ပါတီနှင့် တပ်မတော်ကို ပြင်ပအင်အားစုများက အတင်းအကျပ်အသုံးမပြုစေရန်နှင့် မလိုလားအပ်သော အငြင်းပွားမှုများနှင့် ပဋိပက္ခများတွင် ပါဝင်ခြင်းမှ ကာကွယ်ရန်အတွက် ကျွန်ုပ်တို့ပါတီ၊ အစိုးရနှင့် တပ်မတော်နှင့် ဆက်စပ်နေသော ပုဂ္ဂိုလ်များအတွက် တားမြစ်ချက်များ ထုတ်ပြန်ကြောင်း MNDAA ကဆိုသည်။
ခွင့်ပြုချက်မရဘဲ မြန်မာနိုင်ငံဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သည့် နိုင်ငံတကာ ညီလာခံများအားလုံးတွင် ပါဝင်ခြင်းမပြုရန်၊ခွင့်ပြုချက်မရှိဘဲ အမေရိကန်နှင့် အနောက်တိုင်းမီဒီယာများမှ သတင်းထောက်များနှင့် တွေ့ဆုံမေးမြန်းမှုများကို လက်ခံခြင်းမပြုရန်နှင့် ယခုနှစ်တွင် နိုင်ငံခြားမီဒီယာများ၏ အင်တာဗျူးများကို လက်ခံမည်မဟုတ် ကြောင်းလည်း ထုတ်ပြန်ထားသည်။
ခွင့်ပြုချက်မရှိဘဲ မြန်မာနိုင်ငံအခြေအနေအပေါ် ပုဂ္ဂလိကနှင့် အဖွဲ့အစည်းအမည်ဖြင့် ရပ်တည်ချက်များနှင့် သဘောထားများကို ဖော်ပြခြင်းမပြုရန်လည်း MNDAA က တားမြစ်ထားသည်။