By Ra Wai / MPA
မြန်မာပြည်သူတစ်ရပ်လုံး လိုလားသော နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည်ပေါ်လာစေရေး အတွက် တစ်သွေးတည်း၊တစ်သားတည်း အတူရှိနေကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်လိုက်သည်။
ညီနောင်သုံးဖွဲ့သည် ၎င်းတို့၏ စစ်ဆင်ရေးရည်မှန်းချက်လက်ကျန်များနှင့် ပြည်သူတစ်ရပ်လုံးလိုလား သော နိုင်ငံရေးရည်မှန်းချက်မှာ အကောင်အထည်ပေါ်လာစေရေး တစ်သားတည်းရှိနေကြောင်း ယနေ့(ဩဂုတ်၁၂ရက်)ည ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ပထမအကျော့ ၁၀၂၇စစ်ဆင်ရေးစတော့ ညီနောင်သုံးဖွဲ့က သူတို့တိုင်းရင်းသားနယ်မြေတွေရရင် ပြီး ပြီ။စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုပြီးပြောနေတာ မြန်မာပြည်သူတွေထောက်ခံမှုရအောင် လျှောက် ပြောနေတာလို့ နိုင်ငံတကာက ကျွမ်းကျင်သူတချို့က မှတ်ချက်ပေးခဲ့ကြတယ်။အခု ၁၀၂၇စစ်ဆင် ရေး နဲ့အတူ ရှမ်းမန်းစစ်ဆင်ရေးပါ ပါလာတော့ ကျွမ်းကျင်သူတွေရဲ့ မှတ်ချက်က လွဲနေတာ ဖော်ပြ နေတယ်”ဟု နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်နှင့် စဉ့်ကူးမြို့သိမ်းတိုက်ပွဲများတွင် PDF တို့နှင့်အတူ တအောင်းတပ် မတော် TNLA ပါဝင်တိုက်ခဲ့သလို သပိတ်ကျင်းစစ်ဆင်ရေးတွင် ကေအိုင်အေလည်း ဝင်တိုက်နေ ကြောင်း ၎င်းကဆိုသည်။
ညီနောင်သုံးဖွဲ့ကို ထောက်ခံအားပေးကြသော အဖိနှိပ်ခံမြန်မာပြည်သူတစ်ရပ်လုံးကို လေးနက်စွာ ဂုဏ်ပြုကျေးဇူးတင်ကြောင်းနှင့် ကိုးကန့်၊ တအာင်း နှင့် ရက္ခိုင်အဖွဲ့အစည်းတို့ ပါဝင်သော ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးများနှင့်အတူ ရရှိလာခဲ့သော အောင်မြင်မှု၊ မြို့သိမ်းတိုက်ပွဲများအပေါ် ဂုဏ်ပြုလွှာများ ပေးပို့လာကြသည့် အဖွဲ့အစည်းအသီးသီးနှင့် ဂုဏ်ပြုစကားပါးပေးကြသော လူပုဂ္ဂိုလ် အသီးသီးတို့ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။