By Ra Wai / MPA
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများသည် နိုင်ငံတော်မှ ခွဲထွက်ပြီး နိုင်ငံအ သစ်ထူထောင်တော့မည်ဟူ၍ သတင်းအတုဖြန့်ချိနေသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဟု ညီနောင်သုံးဖွဲ့က ဆိုသည်။
နိုင်ငံတော်မှ ခွဲထွက်ခြင်းဟူသော သတင်းအတုနှင့်ပတ်သက်၍ ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြထားသည်။
“ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေ စစ်တပ်ကို ပြတ်ပြတ်သားသား အနိုင်တိုက်နေနိုင် ခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ရပ်က ပြည်သူတွေ ပုံအောထောက်ခံမှု ရရှိလို့ပဲ။အဲဒါကြောင့် စစ် ကောင်စီက ပြည်သူကို အမြင်တစ်မျိုးဝင်မလားဆိုပြီး လိမ်ညာဝါဒဖြန့်တာ။ သူတို့ (စစ်ကောင်စီ) ပြောတိုင်းယုံရအောင် ပြည်သူက ခေတ်စကားနဲ့ပြောရရင် အချဉ်မဟုတ်ဘူး”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ ပြောသည်။
အသိဉာဏ်မဲ့ပြီး အောက်တန်းကျသော ပုဂ္ဂိုလ်တချို့က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများသည် နိုင်ငံတော်မှ ခွဲထွက်ပြီး နိုင်ငံအသစ်ထူထောင်တော့မည် ဟူ သောခေါင်းစဉ်အပြင် အခြားသောခေါင်းစဉ်များဖြင့် ညီနောင်သုံးဖွဲ့တံဆိပ်ကို အသုံးပြုကာ ၁၀စောင် ထက်မနည်းသော ထုတ်ပြန်ချက်အတုများ ယခုရက်များအတွင်း ဆက်တိုက်ပြုလုပ်လာကြောင်း ယင်းသို့ပြုလုပ်ရခြင်းမှာ တိုက်ပွဲတိုင်း အောင်ပွဲရရှိနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိအားပေးရန်၊အိမ်နီးချင်းနိုင်ငံအား အထင်အမြင်လွဲမှားစေရန်နှင့် မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းစစ်ကောင်စီကို အသက်ရှူအနားရစေရန် ရည်ရွယ်ပြီး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။
“ညီနောင်သုံးဖွဲ့က အခုလို ထုတ်ပြန်လိုက်တော့ ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှု ပိုရသွားမှာ သေချာတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ညီနောင်သုံးဖွဲ့အနေနှင့် ယင်းသို့ တိုက်ခိုက်နေသူတို့၏ အသိဉာဏ်မဲ့သော လုပ်ရပ်များကို နောင်တစ် ချိန်တွင် ရှာဖွေဖော်ထုတ်သွားမည်ဟုလည်း ဆိုသည်။
ယင်းထုတ်ပြန်ချက်အတုများကို ညံ့ဖျင်းလှသော တရုတ်ဘာသာအရေးအသား၊တိကျမှန်ကန်မှုမရှိ သော ရေးပုံရေးနည်းနှင့် ဖိုတိုရှော့တို့ဖြင့် ညီနောင်သုံးဖွဲ့တံဆိပ်များ သုံးကာ ထုတ်ပြန်နေကြောင်း လည်း ဆိုသည်။