By MPA 008
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံမြို့နယ်ရှိ နေအိမ်များကို အကြမ်းဖက်စစ်ကောင်စိတပ်သားများက အကြောင်းမဲ့ ဝင်ရောက်ရှာဖွေရာမှ အောက်တိုဘာ ၂၁ ရက် နေ့ ညပိုင်းတွင် CDM နှင့် NLD ပါတီဝင် ၁ဝ ဦးကျော် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံရသူ အမျိုသား၊အမျိုးသမီး စုစုပေါင်း ၁၃ ဦး ထက်မနည်းရှိပြီး ၎င်းတို့ကို ညဘက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
“ စစ်တပ်က ညက ကားတွေနဲ့လာပြီး အိမ်တွေကိုဝင်ပြီး ရှာဖွေဖမ်းဆီးတာပါ၊ တစ်ချို့ လူတွေက အိမ်မှာမနေကြလို့ ဖမ်းခံရတာမရှိဘူး။ ဖမ်းခံထားရတဲ့သူတွေကလည်း သာမန် ရွာသူ၊သားတွေ” ဟု ၎င်းကရှင်းပြသည်။
ဖမ်းဆီးခံရသူများမှာ အောက်ရေဖြူကျေးရွာနှင့် ကျောက်ဆင်ရွာတို့မှ ဒေသခံများဖြစ်ပြီး ၎င်းတို့ကို လောင်းလုံမြို့မရဲစခန်းရှိ အချုပ်ခန်းတွင် စစ်ဆေးနေကာ လက်ရှိအချိန်အထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း လောင်းလုံမြို့ခံတို့ထံမှ သိရသည်။