Nikkei Asia, 10 May 2025
ပါကစ္စတန်နိုင်ငံ၏ နျူကလီးယားလက်နက်များကို ကြီးကြပ်ကွပ်ကဲသည့် ထိပ်တန်းစစ်ဘက်နှင့် အရပ်ဘက်အဖွဲ့အစည်း၏ အစည်းအဝေးကို ခေါ်ယူရန် စီစဉ်ထားခြင်းမရှိကြောင်း ကာကွယ်ရေးဝန်ကြီးက ယနေ့ ငြင်းဆိုလိုက်သည်။
အိန္ဒိယကို စစ်ဆင်ရေးတစ်ခု ဆင်နွှဲပြီးနောက်တွင် နိုင်ငံတော်နျူကလီးယား အာဏာပိုင်အဖွဲ့အစည်းအဝေး ကိုခေါ်ယူရန် ဝန်ကြီးချုပ်က တောင်းဆိုခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ပြန်ကြားရေးဝန်ကြီးက မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။
၁၉၉၉ ခုနှစ်နောက်ပိုင်း နျူကလီးယားလက်နက်ပိုင် ပြိုင်ဘက်နှစ်နိုင်ငံကြား အဆိုးရွားဆုံး တိုက်ပွဲများကြောင့် နှစ်ဖက်စလုံးတွင် လူ ၁၀၀ နီးပါး သေဆုံးခဲ့ပြီး အမေရိကန်နှင့် ဂျီ-၇ အုပ်စုဝင် နိုင်ငံများက တင်းမာမှု လျှော့ချရန် တောင်းဆိုထားသည်။
” နျူကလီးယားလက်နက်ကို အသုံးပြုလာနိုင်ခြေက ရှိနေပါတယ်။ ဒါပေမယ့် အဲဒီအကြောင်းကို မပြောကြရအောင်။ ဒါကို အဝေးဆုံးဖြစ်နိုင်ခြေတစ်ခုအနေနဲ့ သဘောထားသင့်တယ်။ လက်ငင်းအခြေအနေမှာတောင် ဆွေးနွေးဖို့ မသင့်ပါဘူး” ဟု ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခွါဂျာ အာဆစ်ဖ်က ARY TV သတင်းဌာန သို့ ပြောကြားခဲ့သည်။
“ ကျွန်တော်တို့ အဲဒီအဆင့်ကို မရောက်ခင်မှာ တင်းမာမှုတွေ လျော့သွားမယ်လို့ ထင်ပါတယ်။ နိုင်ငံတော်အမိန့်ပေးကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရဲ့ အစည်းအဝေးလည်း မကျင်းပခဲ့သလို အဲဒီလို အစည်းအဝေးမျိုးကိုလည်း စီစဉ်ထားတာ မရှိပါဘူး” ဟု ၎င်းက ပြောသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် ဖုန်းဖြင့် ပြောဆိုပြီးနောက် “ အိန္ဒိယရဲ့ ချဉ်းကပ်မှုဟာ အမြဲတမ်း တိုင်းတာပြီး တာဝန်သိစွာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုလည်း ဆက်လက်တည်ရှိနေပါတယ်” ဟု ဂျိုင်ရှန်ကာက X တွင် ရေးသားခဲ့သည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အစ်ရှာက် ဒါးရ်က အိန္ဒိယအနေဖြင့် လက်ရှိအခြေအနေတွင် ရပ်တန့်ပါက မိမိတို့လည်း ရပ်တန့်ရန် စဉ်းစားမည်” ဟု ပြည်တွင်းရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန်အရာရှိများသည် ယနေ့ ဆွေးနွေးမှုများရှိခဲ့ကြောင်း အိန္ဒိယမီဒီယာများက ဖော်ပြခဲ့သည်။
ပါကစ္စတန်စစ်တပ်၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အိန္ဒိယစစ်တပ်က “ ရန်လိုသော လုပ်ရပ်အားလုံးကို ထိရောက်စွာ တန်ပြန်တိုက်ခိုက်ခဲ့ပြီး သင့်လျော်စွာ တုံ့ပြန်ခဲ့သည်” ဟု ပြောကြားခဲ့သည်။
“ ပါကစ္စတန်စစ်တပ်သည် ၎င်းတို့၏တပ်ဖွဲ့များကို ရှေ့တန်းဒေသများသို့ နေရာချထားနေသည်ကို တွေ့ရှိရပြီး အခြေအနေကို ပိုမိုတင်းမာလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း ညွှန်ပြနေသည်” ဟု အိန္ဒိယလေတပ်မှ တပ်မှူး ဗျိုမိကာ ဆင်းဂ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့များသည် စစ်ဆင်ရေးဆိုင်ရာ အသင့်အနေအထား အမြင့်ဆုံးတွင် ရှိနေဆဲဖြစ်သည်။ ပါကစ္စတန်စစ်တပ်က အပြန်အလှန် တုံ့ပြန်မှသာ တင်းမာမှု လျှော့ချရန် အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့များက ဆုံးဖြတ်ထားသည်” ဟု၎င်းကပြောကြားသည်.
အိန္ဒိယ၏ မြောက်ပိုင်းရှိ ဒုံးကျည်သိုလှောင်ရုံတစ်ခုအပါအဝင် အိန္ဒိယရှိ အခြေစိုက်စခန်းများစွာကို အိန္ဒိယစစ်တပ်၏ ယခင်တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ပါကစ္စတန်က မေ ၁၀ ရက်တွင် ပြောကြားသည်။
အိန္ဒိယက ဥဒမ်ပူရ်၊ ပတ်သန်ကော့တ်၊ အဒမ်ပူရ်နှင့် ဘူ့ခ်ျဒေသရှိ လေတပ်စခန်းများတွင် ပစ္စည်းကိရိယာနှင့် ဝန်ထမ်းများ ထိခိုက်ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့သည်ဟု ဆိုသည်။
စစ်တပ်က ပန်ဂျပ်ရှိ လေတပ်အခြေစိုက်စခန်းများစွာကို မြန်နှုန်းမြင့် ဒုံးကျည်များစွာဖြင့် တိုက်ခိုက်ခဲ့ပြီး အိန္ဒိယက တိုက်ခိုက်မှုများကို တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။
ပါကစ္စတန်က ထိုးစစ်မဆင်မီတွင် အိန္ဒိယက အစ္စလာမာဘတ်မြို့တော်အနီးရှိ တစ်ခုအပါအဝင် လေတပ်အခြေစိုက်စခန်းသုံးခုကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သော်လည်း ပါကစ္စတန်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က အများစုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်ဟု ဆိုသည်။