• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
23 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

အိန္ဒိယ-ပါကစ္စတန် စစ်ပွဲပိုမိုပြင်းထန်နေပြီး သေဆုံးသူ တစ်ရာနီးပါးရှိလာ

Thar Nge Lay by Thar Nge Lay
May 8, 2025
in နိုင်ငံတကာ
0
0
အိန္ဒိယ-ပါကစ္စတန် စစ်ပွဲပိုမိုပြင်းထန်နေပြီး သေဆုံးသူ တစ်ရာနီးပါးရှိလာ
Share on FacebookShare on Twitter

By AFP

အနုမြူလက်နက်ပိုင်ဆိုင်ထားသည့် အိန္ဒိယနှင့်ပါကစ္စတန် တို့အကြား နယ်စပ်ထိန်းချုပ်မှုမျဉ်းတစ်လျှောက် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

အိန္ဒိယဘက်မှ “ Operation Sindoor” ဟုအမည်ပေးထားသော ဒုံးကျည်ပစ်ခတ်မှုများဖြင့် တိုက်ခိုက်ခဲ့ပြီး နှစ်ပေါင်း (၂၀) အတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည်။

လက်နက်ကြီးပစ်ခတ်မှုများအတွင်း အနည်းဆုံး လူ (၄၃) ဦး သေဆုံးခဲ့ပြီး အိန္ဒိယ၏ ဒုံးကျည်နှင့် နယ်စပ်တစ်လျှောက် ပစ်ခတ်မှုများကြောင့် ပြည်သူ (၃၁) ဦး သေဆုံးကြောင်း ပါကစ္စတန်ဘက်မှ
ထုတ်ပြန်ထားသည်။ အိန္ဒိယဘက်မှလည်း ပါကစ္စတန်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အနည်းဆုံး (၁၂) ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ဧပြီလအတွင်းက ကက်ရှမီးယားရှိ အိန္ဒိယ ထိန်းချုပ်ရာနယ်မြေ အတွင်း ဖြစ်ပွားခဲ့သော ပစ်ခတ်မှုကို ပါကစ္စတန် အစိုးက အားပေးခဲ့ကြောင်း အိန္ဒိယက စွပ်စွဲပြီး နှစ်ပတ်အကြာတွင် ယခုကဲ့သို့ တိုက်ခိုက်မှုများ စတင်လာခြင်းဖြစ်သည်။ ပါကစ္စတန်အစိုးရကမူ အိန္ဒိယ၏ စွပ်စွဲချက် ကို ငြင်းဆန်ထားသည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် (၁၉၄၇)ခုနှစ်၊ ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်ရေး အပြီး သီးခြားလွတ်လပ် သော တောင်အာရှ အိမ်နီးချင်းနိုင်ငံများဖြစ်လာခဲ့ပြီး သမိုင်းတစ်လျှောက် ‌နယ်မြေအငြင်းပွားမှု စစ်ပွဲများ များစွာ ဆင်နွှဲခဲ့ဖူးသည်။

အိန္ဒိယစစ်တပ်က “ တရားမျှတမှုကို ဆောင်ကြဥ်းပြီးဖြစ်သည်” ဟုဆိုကာ အကြမ်းဖက်စခန်း (၉) ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး အိန္ဒိယအစိုးရကလည်း တိုက်ခိုက်မှုများသည် “ တိကျစေရန် ချိန်ညှိထားပြီးဖြစ်သည့်အပြင် လက်ဦးမှု ရယူလိုသည့် သဘောမရှိကြောင်း” ဖြည့်စွက်ပြောကြားထားသည်။

ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက ခါဝါဂျာ မိုဟာမက် အာဆစ် က အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ ကို “ ပြည်တွင်းထောက်ခံမှုရရှိစေရန် တိုက်ခိုက်မှုများ စတင်ခြင်းဖြစ်ကြောင်း” စွပ်စွဲခဲ့ပြီး မကြာမီ လက်တုံ့ပြန်မည်ဟု ပြောကြားခဲ့သည်။

ပါကစ္စတန်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်ချုပ်ကြီး အာမက် ရှာရစ်ဖ် ချောင်ဒရီ ကလည်း တစ်ညအတွင်း အိန္ဒိယဂျက် လေယာဉ် (၅) စီးကို နယ်စပ်ဖြတ်ကျော် ပစ်ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အမည်မဖော်လိုသူ အိန္ဒိယလုံခြုံရေးအရာရှိတစ်ဦး၏ ပြောကြားချက်အရ တိုက်လေယာဉ် (၃) စီး ပြည်တွင်းတွင် ပျက်ကျခဲ့ကြောင်း သိရသည်။

အိန္ဒိယ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုမှာ ဘဟာဝယ်လ်ပူး မြို့အနီး၊ အစ္စလာမ်ဘာသာရေးသင်တန်းကျောင်းတစ်ခုကို ပစ်မှတ်ထားခဲ့ပြီး ပါကစ္စတန်စစ်တပ်အဆိုအရ လူ (၁၃) ဦး သေဆုံးခဲ့သည်။

ထို့အပြင် လာဟိုးရ်မြို့မှ ကီလိုမီတာ (၃၀) အကွာ၊ မူရစ်ကေး ဒေသရှိ အစိုးရကျန်းမာရေးနှင့်ပညာရေးစင်တာတစ်ခုနှင့် ပါကစ္စတန်ထိန်းချုပ်ရာ ကက်ရှမီးယားနယ်မြေရှိ မူဇာဖာရာဘတ် မြို့ကြီး၏ ဗလီတစ်ခုလည်း ပျက်စီးခဲ့ပြီး ဗလီ အစောင့်တစ်ဦး သေဆုံးခဲ့သည်။

ပါကစ္စတန်စစ်တပ်အဆိုအရ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် သေဆုံးသူများတွင် ကလေးငယ် (၄) ဦး ပါဝင်ကြောင်း သိရှိရသည်။

Tags: စစ်ပွဲပိုမိုပြင်းထန်နေပါကစ္စတန်အိန္ဒိယ
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

နိုင်ငံတကာ

အိန္ဒိယ၊ ပါကစ္စတန် အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများဖြစ်ခဲ့ပြီးနောက် အခြေအနေပြန်လည် တည်ငြိမ်နေ

May 12, 2025
အိန္ဒိယ၊ ပါကစ္စတန် အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများဖြစ်ခဲ့ပြီးနောက် အခြေအနေပြန်လည် တည်ငြိမ်နေ

AFP, 12 May 2025 အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့က အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု တစ်ဦးကိုတစ်ဦး စွပ်စွဲပြီး ယမန်နေ့က အခြေအနေများ ပြန်လည်တည်ငြိမ်နေပုံရသည်။ ဒုံးကျည်၊ ဒရုန်းနှင့် အမြောက်ဖြင့် တိုက်ခိုက်မှု လေးရက်ကြာ ဖြစ်ပွားခဲ့ပြီး လူအနည်းဆုံး...

Read more
by Thar Nge Lay
0 Comments
နိုင်ငံတကာ

အိန္ဒိယနှင့် တင်းမာမှု မြင့်တက်ပြီးနောက် ပါကစ္စတန်က ဒုံးကျည်စမ်းသပ်မှု ဒုတိယအကြိမ် ပြုလုပ်

May 5, 2025
အိန္ဒိယနှင့် တင်းမာမှု မြင့်တက်ပြီးနောက် ပါကစ္စတန်က ဒုံးကျည်စမ်းသပ်မှု ဒုတိယအကြိမ် ပြုလုပ်

5 May 2025 By AFP ကက်ရှမီးယားဒေသတွင် ဖြစ်ပွားသည့်တိုက်ခိုက်မှုကြောင့် အိန္ဒိယနှင့် တင်းမာမှုများ မြင့်တက်လာချိန်တွင် ပါကစ္စတန်က ဒုံးကျည်စမ်းသပ်မှုတစ်ခုကို နှစ်ရက်အတွင်း ဒုတိယမြောက် ပြုလုပ်လိုက်သည်။ ယခုစမ်းသပ်သည့် ဒုံးကျည်သည် ကီလိုမီတာ ၁၂၀ (၇၅...

Read more
by Thar Nge Lay
0 Comments
နိုင်ငံတကာ

အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား တိုက်ပွဲများဖြစ်ပွား ပြဿနာမဆိုးရွားစေရန် တရုတ် တိုက်တွန်း

Apr 29, 2025
အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား တိုက်ပွဲများဖြစ်ပွား ပြဿနာမဆိုးရွားစေရန် တရုတ် တိုက်တွန်း

ရိုက်တာ ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ကက်ရှမီးယားဒေသတွင် ခရီးသွားများ တိုက်ခိုက်ခံရမှုကြောင့် အိန္ဒိယတပ်ဖွဲ့များက စစ်သွေးကြွများကို ရှာဖွေနေချိန်တွင် ပါကစ္စတန်ဘက်က လက်နက်ငယ်များဖြင့် ၄ ညဆက်တိုက် ပစ်ခတ်မှုများ ပြုလုပ်ခြင်းကြောင့် တုံ့ပြန်ခဲ့ရကြောင်း ဧပြီ ၂၈ ရက်က ပြောကြားခဲ့သည်။ ဧပြီ...

Read more
by Thar Nge Lay
0 Comments
သတင်း

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်၍ FMR ဖျက်သိမ်းမည့်ကိစ္စ မြန်မာစစ်ဘေးရှောင်များအတွက် ရိုက်ခတ်မှုရှိလာနိုင်

Jan 23, 2024
အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်၍ FMR ဖျက်သိမ်းမည့်ကိစ္စ မြန်မာစစ်ဘေးရှောင်များအတွက် ရိုက်ခတ်မှုရှိလာနိုင်

အိန္ဒိယဗဟိုအစိုးရ၏ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ခြံစည်းရိုးခတ်၍ လွတ်လပ်စွာနယ်စပ်ဖြတ်သန်းသွားလာခွင့်(FMR)ဖျက်သိမ်းမည့် အစီအစဥ်ကိုအကောင်အထည်ဖော်ဖြစ်ပါက အိန္ဒိယရောက်မြန်မာစစ်ဘေးရှောင်များအပေါ် ရိုက်ခတ်မှုရှိလာနိုင်ကြောင်း အိန္ဒိယရောက် မြန်မာစစ်ဘေးရှောင်များထံကသိရသည်။ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်ပုံစံအတိုင်း အိန္ဒိယဗဟိုအစိုးရက ခြံစည်းရိုးခတ်သွား၍ လွတ်လပ်စွာနယ်စပ်ဖြတ်သန်းသွားလာခွင့်(Free Movement Regime)ကို ဖျက်သိမ်းမည်​ဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah...

Read more
by MPA CJ008
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In