• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
23 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ပထမရက် ၁၀၀ အတွင်း အောင်မြင်မှုများစွာရကြောင်း သမ္မတထရမ့် ပြောသော်လည်း အမေရိကန်ပြည်သူများ စိတ်ပျက်အားလျော့

Thar Nge Lay by Thar Nge Lay
Apr 29, 2025
in နိုင်ငံတကာ
0
0
ပထမရက် ၁၀၀ အတွင်း အောင်မြင်မှုများစွာရကြောင်း သမ္မတထရမ့် ပြောသော်လည်း အမေရိကန်ပြည်သူများ စိတ်ပျက်အားလျော့
Share on FacebookShare on Twitter

By AFP

နိုင်ငံရေး မတည်ငြိမ်မှုများနှင့် စီးပွားရေး ထိတ်လန့်တုန်လှုပ်မှုများကြောင့် ထောက်ခံမှု ကျဆင်းလာခြင်းကို ဒုတိယအကြိမ် သမ္မတသက်တမ်း၏ ပထမရက်ပေါင်း ၁၀၀ အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကြုံတွေ့ခဲ့ရသော်လည်း ၎င်းကို ထောက်ခံသူများ၏ တစ်ခဲနက် ချီးမွမ်းမှုကို ပြန်လည်ရရှိရန် မျှော်လင့်ချက်ဖြင့် ရွေးကောက်ပွဲကာလအတွင်း အောင်မြင်မှုရရှိသည့် လူထုစည်းဝေးပွဲတစ်ခုသို့ ဧပြီ ၂၉ ရက်တွင် တက်ရောက်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ဒုတိယအကြိမ် သမ္မတသက်တမ်း၏ အရေးပါသော မှတ်တိုင်တစ်ခု၏ အထိမ်းအမှတ်အဖြစ် ထရမ့်သည် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရရန် အရေးပါသည့် နေရာတစ်ခုဖြစ်သည့် မစ်ရှီဂန် ပြည်နယ် ရှိ မဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့သည့် နယ်မြေတစ်ခုသို့ သွားရောက်ခဲ့သည်။

“ သမ္မတ သက်တမ်း ပထမအကြိမ်တုန်းက အလုပ် ၂ ခုရှိခဲ့ပါတယ်။ နိုင်ငံကို ဦးဆောင်ဖို့နဲ့ ရပ်တည် ရှင်သန်ဖို့ပါ။ အဲဒီတုန်းက ကောက်ကျစ်တဲ့သူတွေ တော်တော်ရှိခဲ့တယ်” ဟု ၎င်းက The Atlantic မဂ္ဂဇင်းနှင့် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ပထမသက်တမ်းအတွင်း အရည်အချင်းမရှိသော သို့မဟုတ် သစ္စာမဲ့သော လက်အောက်ငယ်သားများဟု ၎င်းက ယူဆထားသော အကြံပေးများနှင့် ဝန်ကြီးအဖွဲ့ဝင်များကို ထရမ့်က ရည်ညွှန်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

” သမ္မတ သက်တမ်း ဒုတိယအကြိမ်မှာတော့ နိုင်ငံနဲ့ ကမ္ဘာကို ဦးဆောင်ဖို့ပါ။ ကျွန်တော် အရမ်းပျော်ပါတယ်” ဟု ထရမ့်ကပြောကြားခဲ့သည်။
ထရမ့်အား မဲပေးခဲ့သူ အများအပြားက ၎င်းအား ဆက်လက် ထောက်ခံလျက်ရှိသည်။

“ သူ ဘာလုပ်နေတယ်ဆိုတာကို သူသိပါတယ်” ဟု နီဗားဒါးပြည်နယ် ရီနိုမြို့ရှိ အသက် ၅၇ နှစ်အရွယ် ဝိုင်ဆိုင်ပိုင်ရှင် ကရင် မိုင်းနာက AFP သို့ ပြောကြားသည်။

သမ္မတရာထူးသို့ ဒုတိယအကြိမ်ပြန်လည်ရောက်ရှိလာပြီးနောက် ဒေါ်နယ်ထရမ့်သည် ဇန်နဝါရီ ၂၀ ရက်မှစ၍ အခွန်ကောက်ခံမှုများ၊ နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံရေးလက်စားချေမှုများကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပေးခဲ့သည်။

လူဝင်မှုကြီးကြပ်ရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ၊ ကုန်သွယ်ရေးနှင့် ဖက်ဒရယ်အဖွဲ့အစည်းများကို ပစ်မှတ်ထားသည့် အုပ်ချုပ်ရေးအမိန့် ၁၄၀ ကျော်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း ယင်းအမိန့်များစွာကို တရားရုံးများက ပြန်လည်တားမြစ်ခဲ့သည်။

ဝေဖန်သူများက ထရမ့်ကို ဒီမိုကရေစီစံနှုန်းများကို ချိုးဖောက်နေသည်ဟု ဆိုကြသော်လည်း ထောက်ခံသူများက ၎င်း၏ ရဲရင့်မှုကို ချီးကျူးနေကြသည်။

Washington Post နှင့် ABC News သတင်းဌာနများက ပြုလုပ်သည့် စစ်တမ်းကောက်ယူမှုအား ဧပြီ ၂၇ ရက်က ထုတ်ပြန်ခဲ့ရာတွင် နိုင်ငံအား ထရမ့်၏ ဦးဆောင်နေမှုအပေါ် ထောက်ခံမှုနှုန်းသည် ၃၉ ရာခိုင်နှုန်းရှိပြီး ၆၄ ရာခိုင်နှုန်းက ၎င်းသည် အာဏာကို အလွန်အကျွံ အသုံးပြုနေသည် သတ်မှတ်ထားကြပြီး ထောက်ခံမှု သိသိသာသာ ကျဆင်းခဲ့သည်။

ယူကရိန်းစစ်ပွဲကို တစ်ရက်အတွင်း အဆုံးသတ်မည်ဟူသော ရွေးကောက်ပွဲ ကတိကဝတ်များ ရှိခဲ့သော်လည်း ထရမ့်က အချို့ကိစ္စများကို နောက်ပြောင်သည့်သဘောဖြင့်သာ ပြောခဲ့ကြောင်း ဝန်ခံခဲ့သည်။

Tags: သမ္မတထရမ့်အောင်မြင်မှုများစွာရ
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

No Content Available
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In