ထိုင်းနိုင်ငံ၊ စမွန်စခွန်ပြည်နယ် ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့ရှိ အတွင်းရှိ မြန်မာနိုင်ငံသား ငှားရမ်းထားသည့် ဂိုဒေါင်အတွင်း ဖွင့်လှစ်ထားသည့် KTV နှင့် Club ကို ဧပြီ ၂၇ရက် ထိုင်းအစိုးရအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိခဲ့သည်ဟု Khaosod English သတင်းဌာနက ဖော်ပြထားသည်။
ယမန်နေ့(ဧပြီ ၂၈ရက်)ည ပိုင်းက စမွတ်စခွန်ပြည်နယ် အုပ်ချုပ်ရေးမှူး Narit Niramayawong နှင့်အတူ အလုပ်သမားဝန်ကြီးဌာန စစ်ဆေးရေးမှူးများ၊ ရဲအရာရှိများ၊ စစ်ဘက်ဆိုင်ရာ အရာရှိများအပါအဝင် အင်အး ၂၀၀ခန့်ဖြင့် အထက်ပါ နေရာသို့ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အာဆီနန်းတော် KTV နှင့် Club သည် မြန်မာနိုင်ငံသားများအတွက် သီးသန့် ဝန်ဆောင်မှုပေးသော နေရာဖြစ်ပြီး KTV တစ်နာရီ ငှားရမ်းခသည် ဘတ် ၂၅၀ဖြစ်ကာ၊ နှစ်နာရီ ငှားရမ်းပါက တစ်နာရီအခမဲ့ဖြစ်ပြီး၊ VIP အခန်းများ၌ မူးယစ်ဆေးဝါးများ ရနိုင်သည်ဟုလည်း သိရသည်။
အဆိုပါ ဆိုင်သို့ ဝင်ရောက်စစ်ဆေးစင်္ဉအတွင်း မြန်မာနိုင်ငံသား ၁၅၀ ကျော်ကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုင်းအစိုးရ၏ စစ်ဆေးရေးအဖွဲ့သည် အာဆီနန်းတော် KTV နှင့် Club အတွင်းရှိ ဆိုဖာကုလားထိုင်များနှင့် အဆောက်အအုံအတွင်း ဝှက်ထားသည့် စိတ်ကြွဆေးပြားများကိုလည်း ရှာဖွေတွေ့ရှိခဲ့သည့်အပြင် လက်နက်ခဲယမ်းများကိုလည်း တွေ့ရှိခဲ့သည်။
ထို့ပြင် အာဆီနန်းတော် KTV နှင့် Club သည် တရားဝင်ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းတစ်ခုဖြစ်ကြောင်းလည်း Khaosod English သတင်းဌာနက ရေးသားထားသည်။