• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
23 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ရုရှားသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ကြောင်း မြောက်ကိုရီးယား အတည်ပြု

Thar Nge Lay by Thar Nge Lay
Apr 28, 2025
in နိုင်ငံတကာ
0
0
ရုရှားသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ကြောင်း မြောက်ကိုရီးယား အတည်ပြု

ဓာတ်ပုံ-- Reuters ပုံစာ--- ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ပြုံယမ်းမြို့ရှိ ကန်ကွန်စစ်တက္ကသိုလ်သို့ သွားရောက်လည်ပတ်စဉ်။

Share on FacebookShare on Twitter

ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်မှ တိုက်ခိုက်ရန် ခေါင်းဆောင် ကင်ဂျုံအွန်၏ အမိန့်ဖြင့် တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ကြောင်းနှင့် ယူကရိန်းသိမ်းပိုက်ထားသော ရုရှားပိုင်နက်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကူညီခဲ့ကြောင်း မြောက်ကိုရီးယားက ဧပြီ ၂၈ ရက်တွင် ပထမဆုံးအကြိမ် အတည်ပြုလိုက်သည်။

မြောက်ကိုရီးယားက ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များအပြင် ကြီးမားသော အမြောက်ကျည်များနှင့် ဒုံးကျည်များကို ပေးပို့မှုကြောင့် အရေးပါသော စစ်မြေပြင်ဖြစ်သည့် အနောက်ပိုင်း ကာ့ခ်စ်ခ်ဒေသတွင် ရုရှားကို အသာစီးရစေခဲ့ပြီး စီးပွားရေးနှင့် နိုင်ငံရေးအရ အထီးကျန်နေသော အဆိုပါနှစ်နိုင်ငံကို ပိုမိုနီးကပ်စေခဲ့သည်။

အောင်မြင်သော တိုက်ပွဲရလဒ်သည် မြောက်ကိုရီးယားနှင့် ရုရှားတို့၏ ခိုင်မာသော ချစ်ကြည်ရင်းနှီးမှု၏ အမြင့်ဆုံးသော မဟာဗျူဟာမြောက် အဆင့်ကို ပြသခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန KCNA က အာဏာရပါတီ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် ၎င်းတို့သိမ်းပိုက်ထားသော နောက်ဆုံးရုရှားရွာမှ ထွက်ခွာသွားခဲ့သည်ဟု ရုရှားတို့က ပြောကြားခဲ့သော်လည်း ယူကရိကန်းအစိုးရက ယင်းပြောဆိုချက်ကို ငြင်းဆိုခဲ့ကာ ၎င်းတို့၏တပ်ဖွဲ့များသည် ရုရှားပိုင်နက်အတွင်း ဆက်လက်လှုပ်ရှားနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားနှင့် ကင်ဂျုံအွန်အား ကျေးဇူးတင်ကြောင်း ကိုယ်တိုင် ပြောကြားခဲ့သည်။

“ ရုရှားအတွက် ၊ ကျွန်တော်တို့ ဘုံလွတ်လပ်မှုအတွက် လက်နက်ကိုင် ညီအစ်ကိုများနှင့် တန်းတူ ရုရှားတွင် အသက်ပေးခဲ့သော ကိုရီးယားသူရဲကောင်းများကို အမြဲတမ်း ဂုဏ်ပြုပါမည်” ဟု ပူတင်က ခရင်မလင်နန်းတော်မှထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။

ကင်ဂျုံအွန်သည် ပြီးခဲ့သည့်နှစ်က ပူတင်နှင့် လက်မှတ်ရေးထိုးခဲ့သော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ်အရ မြောက်ကိုရီးယား အလုပ်သမားပါတီ၏ ဗဟိုစစ်ကော်မရှင်က တပ်ဖွဲ့ဝင်များ စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

“ တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့သူအားလုံးသည် သူရဲကောင်းများနှင့် မိခင်မြေ၏ ဂုဏ်ကို ကိုယ်စားပြုသူများဖြစ်သည်” ဟု ကင်၏ ပြောကြားချက်ကို KCNA က ကိုးကားဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာနက မြောက်ကိုရီးယား၏ ရုရှားသို့ စေလွှတ်မှုကို ရပ်တန့်ရန်နှင့် ရုရှားက ပြန်လည်ပေးအပ်သော မည်သည့်အကူအညီကိုမဆို ရပ်တန့်ရန် တောင်းဆိုခဲ့ပြီး ရုရှားသည် မြောက်ကိုရီးယားစစ်သားများကို လေ့ကျင့်ပေးခြင်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခဲ့သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

ရုရှား-ယူကရိန်းစစ်ပွဲကို ဆက်လက်ဖြစ်ပွားစေခဲ့သော နိုင်ငံများတွင် တာဝန်ရှိသည် ဟု အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

တပ်ဖွဲ့ဝင်များ စေလွှတ်ကြောင်း အတည်ပြုချက်သည် “ ပြစ်မှုဆိုင်ရာ လုပ်ရပ်ကို ဝန်ခံခြင်း” ဖြစ်ကြောင်းနှင့် ၎င်း၏အုပ်ချုပ်မှုကို ထောက်ခံရန် ရည်ရွယ်ချက်ဖြင့် စစ်မြေပြင်သို့ စေလွှတ်သည့် “ လူမဆန်ပြီး အကျင့်ပျက်ခြစားသော” ဆုံးဖြတ်ချက်အတွက် တောင်ကိုရီးယားကလည်း မြောက်ကိုရီးယားကို ရှုတ်ချခဲ့သည်။

Tags: မြောက်ကိုရီးယားယူကရိန်းစစ်ပွဲရုရှား
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲတွင် ရှရှားဘက်မှဝင်ရောက်တိုက်ခိုက်နေသော တရုတ်နိုင်ငံသားများသည် ကြေးစားများ သာဖြစ်ကြောင်း အမေရိကန်အရာရှိများပြော

Apr 12, 2025
ယူကရိန်းစစ်ပွဲတွင် ရှရှားဘက်မှဝင်ရောက်တိုက်ခိုက်နေသော တရုတ်နိုင်ငံသားများသည် ကြေးစားများ သာဖြစ်ကြောင်း အမေရိကန်အရာရှိများပြော

Reuters ယူကရိန်းစစ်ပွဲတွင် ရှရှားဘက်မှဝင်ရောက်တိုက်ခိုက်နေသော တရုတ်နိုင်ငံသား ၁၀၀ ကျော်သည် ကြေးစားစစ်သားများဖြစ်ပြီး တရုတ်အစိုးရနှင့် တိုက်ရိုက်ဆက်နွယ်မှုမရှိကြောင်း အမေရိကန် ထောက်လှမ်းရေးနှင့် နီးစပ်သော အရာရှိနှစ်ဦးနှင့် အနောက်နိုင်ငံ ထောက်လှမ်းရေးအရာရှိ တစ်ဦး တို့ထံမှသိရသည်။ သို့သော် အဆိုပါ တရုတ်စစ်သားများသည်...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

စစ်ခေါင်းဆောင် ရုရှားနှင့် ဘယ်လာရုစ် ခရီးစဉ်က ရလာသည့် လက်နက်များဖြင့် ပိုမိုတိုက်ခိုက်ခံရမည်ကို ဗုံးဒဏ်ခံပြည်သူများစိုးရိမ်

Mar 10, 2025
စစ်ခေါင်းဆောင် ရုရှားနှင့် ဘယ်လာရုစ် ခရီးစဉ်က ရလာသည့် လက်နက်များဖြင့် ပိုမိုတိုက်ခိုက်ခံရမည်ကို ဗုံးဒဏ်ခံပြည်သူများစိုးရိမ်

By Maung Dagon /MPA စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားနှင့် ဘယ်လာရုစ်ခရီးစဉ်အတွင်း ထပ်မံဝယ်ယူလာသည့် စစ်လက်နက်များဖြင့် ပိုမိုတိုက်ခိုက်ခံရမည်ကို မြန်မာပြည်တစ်ဝန်းမှ ဗုံးဒဏ်ခံနေရသည့်ပြည်သူအများ စိုးရိမ်နေကြသည်ဟု စုံစမ်းသိရှိရသည်။ စစ်ခေါင်းဆောင်အနေဖြင့် ထိုနိုင်ငံများသို့ မတ်လ သုံး...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

စစ်ကောင်စီရွေးကောက်ပွဲ ရုရှားနှင့် ဘီလာရုစ် ထောက်ခံ၊ နောက်အကျဆုံး ၂၀၂၆၊ ဇန်နဝါရီဒုတိယပတ် ပြုလုပ်မည်ဟုဆို

Mar 10, 2025
စစ်ကောင်စီရွေးကောက်ပွဲ ရုရှားနှင့် ဘီလာရုစ် ထောက်ခံ၊ နောက်အကျဆုံး ၂၀၂၆၊ ဇန်နဝါရီဒုတိယပတ် ပြုလုပ်မည်ဟုဆို

By Ra Wai / MPA စစ်ကောင်စီရွေးကောက်ပွဲကို ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့က ထဲထဲဝင်ဝင် ထောက်ခံကာ လေ့လာ စောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်မည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း ဆောင် ဇော်မင်းထွန်းကပြောသည်။ ရွေးကောက်ပွဲကို နောက်အကျဆုံး ၂၀၂၆ ခုနှစ်၊...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

အကြမ်းဖက်မှုတိုက်ဖျက်ရေး ခေါင်းစဉ်တပ်ပြီး ကြံ့ဖွံ့ပါတီခေါင်းဆောင်က ရုရှားထံ စစ်ရေး အကူအညီတောင်း

Aug 5, 2024
အကြမ်းဖက်မှုတိုက်ဖျက်ရေး ခေါင်းစဉ်တပ်ပြီး ကြံ့ဖွံ့ပါတီခေါင်းဆောင်က ရုရှားထံ စစ်ရေး အကူအညီတောင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီက အကြမ်းဖက်မှုနှိမ်နှင်းရေးဟု ခေါင်းစဉ်တပ်ကာ ရုရှားထံက စစ်ရေးအကူအညီတောင်းခံခဲ့သည်။ ရုရှားသတင်းဌာန Sputnik နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ဦးခင်ရီက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ရုရှားက အသိအမှတ်ပြုပြီး အကြမ်းဖက်မှုကို...

Read more
by Thar Nge Lay
0 Comments
နိုင်ငံတကာ

ရုရှားကို သူတော်ကောင်းယောင်ဆောင်နေဟု နိုင်ငံအချို့ဆို

Jul 17, 2024
ရုရှားကို သူတော်ကောင်းယောင်ဆောင်နေဟု နိုင်ငံအချို့ဆို

ကုလလုံခြုံ‌ရေးကောင်စီ အလှည့်ကျဥက္ကဌ ရုရှားက ဦးဆောင်ကျင်းပသည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးမှာ သူတော်ကောင်းယောင်ဆောင်ခြင်းသာဖြစ်ကြောင်း ကုလအဖွဲ့ဝင်နိုင်ငံများက ပြောဆိုလိုက်သည်။ ဇူလိုင်လ လုံခြုံရေးကောင်စီအလှည့်ကျဥက္ကဌ ရုရှားသည် “ပိုမိုတရားမျှတသော ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ကမ္ဘာ့စည်းမျဥ်းအတွက်နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဥ်ဖြင့် နယူးယောက်မြို့တွင် ဇူလိုင်လ ၁၆ရက်က...

Read more
by Thar Nge Lay
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In