ထိုင်းနိုင်ငံ Phetchaburi ပြည်နယ်၊ Cha-AM ကမ်းခြေတွင် အပေါ့စား လေယာဉ်တစ်စင်း ပျက်ကျခဲ့မှုကြောင့် လူခြောက်ဦး သေဆုံးခဲ့ကြောင်း Khaosod English သတင်းဌာနက ဖော်ပြထားသည်။
ယနေ့(ဧပြီ ၂၅ရက်)၊ နံနက် ရှစ်နာရီ ၁၅မိနစ်တွင် အဆိုပါလေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပျက်ကျရသည့် အကြောင်း အရင်းကို အသေးစိတ်မရှိရသေးပေ။