ဘရိတ်စနစ်လုံခြုံရေးဆိုင်ရာ ပြဿနာတစ်ရပ်ကို ၂၀၁၄ ခုနှစ်အတွင်းက အမှုဆောင်အရာရှိချုပ် အီလွန်မက်စ်ခ်ထံ တင်ပြခဲ့ပြီးနောက် Tesla အင်ဂျင်နီယာတစ်ဦးသည် သူမ၏အဖွဲ့ကို ပြည်နှင်ဒဏ်ပေးမည်ဟု Tesla က ခြိမ်းခြောက်ခဲ့ကြောင်း ပြောကြားသည်။
Model S ယာဉ်များတွင် ကြမ်းပြင်အခင်းများသည် ဘရိတ်နင်းခုံအောက်သို့ လိပ်ဝင်သွားနိုင်ပြီး ကြီးမားသော ဘရိတ်အန္တရာယ်ဖြစ်စေနိုင်ကြောင်း မက်စ်ခ်အား အသိပေးပြီးနောက် ဘာလန်သည် အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည်ဟု သူမက ဆိုသည်။
Electrek မှကိုးကားထားသော ၂၀၁၃ ခုနှစ်တွင် ဝန်ထမ်းအားလုံးထံ သူပေးပို့ခဲ့သော အီးမေးလ်အရ ဘာလန်က သူမသည် ဝန်ထမ်းများအနေဖြင့် “ ကုမ္ပဏီတစ်ခုလုံးအတွက် အကျိုးရှိစေမည့် ပြဿနာတစ်ခုကို အမြန်ဆုံးဖြေရှင်းရန်နည်းလမ်း” ဖြစ်သည်ဟု ယူဆပါက “ မိမိကိုပြောပါ” ဟူသော မက်စ်ခ်၏အမိန့်ကို လိုက်နာဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သူမ၏ သတိပေးချက်များကို နားထောင်မည့်အစား Tesla ရှေ့နေများအဖွဲ့သည် သူမချက်ချင်းအလုပ်ထွက်စာတင်ရန် ငြင်းဆန်ပါက အမြဲတမ်းနေထိုင်ခွင့် (Green Card) လျှောက်ထားဆဲဖြစ်သော သူမ၏အဖွဲ့ဝင်များကို ပြည်နှင်ဒဏ်ပေးမည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဘာလန်က ဆိုသည်။
ဘာလန်က အလုပ်ထွက်ခဲ့သလို အဆိုပါအဖွဲ့ဝင်များသည် ကြမ်းပြင်ကော်ဇောပြဿနာကို ထုတ်ဖော်ပြောကြားရန် သူမ၏ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြသည်။
ရင်သားကင်ဆာရောဂါ အဆင့် ၃ ကို သက်သာပျောက်ကင်းခဲ့သော ဘာလန်က လန်ဒန်မြို့ထုတ် The Times သတင်းစာနှင့် အင်တာဗျူးတွင် မက်စ်ခ်အား “ ဘီလူး” နှင့် “ အင်မတန်ဆိုးယုတ်သူ” ဟုခေါ်ဝေါ်ခဲ့ပြီး သူမသည် ထူးထွေဆန်းပြားသော အမှုဆောင်အရာရှိချုပ်နှင့် သူ၏ကားထုတ်လုပ်ရေးကုမ္ပဏီကို နှစ်ပေါင်းများစွာ တရားရင်ဆိုင်နေမှုကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောကြားသည်။
အမှုဆောင်အရာရှိချုပ် အီလွန်မက်စ်ခ်၏ ပြင်းထန်သော စီမံခန့်ခွဲမှုပုံစံကြောင့် Tesla ကို ဝန်ထမ်းများက အခြားဝေဖန်မှုများလည်း ပြုလုပ်ကြရာတွင် ဘေးကင်းလုံခြုံမှုမရှိသည့် အခြေအနေများ၊ အလုပ်ချိန်ကြာမြင့်ခြင်း၊ လူမျိုးရေးခွဲခြားမှုနှင့် လက်တုံ့ပြန်မှုများရှိသည်ဟု ဆိုကြသည်။
ထင်ရှားသော ဥပမာတစ်ခုအနေဖြင့် မက်စ်ခ်သည် ဝန်ထမ်းများ၏ ပြောဆိုဝေဖန်မှုများကို အလုပ်ထုတ်ခြင်းဖြင့် နာမည်ဆိုးရရှိထားသည်။ ပြီးခဲ့သည့်နှစ်က မက်စ်ခ်သည် ကုမ္ပဏီ၏ အလုပ်သမား ၅၀၀ ဦးပါဝင်သော Supercharger အဖွဲ့ကို ရုတ်တရက် အလုပ်ထုတ်ခဲ့ရာ ရင်းနှီးမြှုပ်နှံသူများပင် အံ့အားသင့်ခဲ့ရသည်။ ဝန်ထမ်းများ၏ ပြောကြားချက်အရ ကုမ္ပဏီ၏ လျှပ်စစ်ကားအားသွင်းဌာန အကြီးအကဲဟောင်း ရီဘက်ကာ တီနူချီသည် အဖွဲ့ကို အလုပ်ထုတ်ခြင်းမပြုမီ တစ်ဦးချင်းတွေ့ဆုံမှုတွင် မက်စ်ခ်ကို ဒေါသထွက်စေခဲ့သည်ဟု ဆိုသည်။
Stanford တက္ကသိုလ်မှ ပါမောက္ခ အာနတ် အက်ဒ်မာတီက ” ဝန်ထမ်းများနှင့် သုံးစွဲသူများကို ပွင့်လင်းမြင်သာမှုမရှိသော တရားခုံသမာဓိဖြင့် စီရင်သည့် လုပ်ငန်းစဉ်များသို့ တွန်းပို့ပြီး ကုမ္ပဏီ၏ လုပ်ထုံးလုပ်နည်းများကို ဝေဖန်သည့် ဝန်ထမ်းများကို လက်တုံ့ပြန်ရန် ရန်လိုသော နည်းဗျူဟာများကို အသုံးပြုသည့် ကော်ပိုရေးရှင်းများစွာထဲတွင် Tesla ပါဝင်သည်” တစ်ခုဖြစ်သည်” ဟု BBC သို့ ပြောကြားခဲ့သည်။