By MPA
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် BIMSTEC အစည်းအဝေးသို့ လူကိုယ်တိုင် တက်ရောက်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားလိုက်သည်။
လာမည့် သောကြာနေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် တောင်အာရှခေါင်းဆောင်အများစု၏ ဒေသတွင်း ထိပ်သီးသည်းအစည်းဝေးသို့ စစ်ကောင်စီခေါင်းဆောင် တက်ရောက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။
“ ထိပ်သီးအစည်းအဝေးနေ့မှာ သူတက်ရောက်မှာပါ” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ယနေ့(ဧပြီ နှစ်ရက်)တွင် ပြုလုပ်သည့် BIMSTEC ထိပ်သီးအစည်းအဝေးပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒါပေမဲ့ ကျတော် သူ့ခရီးစဉ်နဲ့ပတ်သက်ပြီး အချိန်ဇယားကို မရရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။
အမည်မဖော်လိုသည့် ထိုင်းအရာရှိ နောက်တစ်ဦးကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိပ်သီးအစည်းအဝေးသို့ လူကိုယ်တိုင် တက်ရောက်မည်ဖြစ်ကြောင်း Reuters သို့ ပြောကြားခဲ့သည်။
ယခုခရီးစဉ်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရှေ့တောင်အာရှနိုင်ငံများသို့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ ရှားရှားပါးပါး ခရီးစဉ်လည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြင်းအား ၇ဒဿမ၇ ရှိသည့် ငလျင်လှုပ်ခတ်ပြီး ရာစုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံး ငလျင်ကြောင့် သေဆုံးသူ ၂,၈၈၆ ဦးအထိအထိ မြင့်တက်လာခဲ့သည်။
ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် BIMSTEC အစည်းအဝေးကို ဧပြီလ နှစ်ရက်မှ လေးရက်အထိ ကျင်းပမည်ဖြစ်ပြီး ထိုင်း၊ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာနှင့် ဘူတန်နိုင်ငံတို့ ပါဝင်သည်။
Source : Reuters