Khaosod English
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချတ်တူချက်ရပ်ကွက်တွင် မတ်လ ၂၈ ရက်က ငလျင်ကြောင့် ပြိုကျသွားခဲ့သော ဆောက်လုပ်ဆဲ နိုင်ငံတော်စာရင်းစစ်ရုံး အဆောက်အအုံ၏ နေရာသို့ မတ်လ ၃၁ ရက်တွင် လာရောက် စစ်ဆေးသော ဝန်ကြီးချုပ် ပေတုန်တာန် ရှင်နာဝပ်အား ပြည်ပရွှေ့ပြောင်း အလုပ်သမားကို ကိုယ်စားပြုသည့် အလုပ်သမားတစ်ဦးက ပြိုကျသွားသည့် အဆောက်အအုံအတွင်း ပိတ်မိနေသေးသော လူများကို ရှာဖွေကယ်ဆယ်ပေးရန် ဒူးထောက်အသနားခံတောင်းဆိုခဲ့သည့် ဓာတ်ပုံများ အွန်လိုင်းပေါ်သို့ ရောက်ရှိခဲ့သည်။
ဝန်ကြီးချုပ်က သူမအနေဖြင့် အားလုံးကို အားပေးနေကြောင်း၊ မိမိတို့၏ အစွမ်းကုန် ကူညီနေကြကြောင်းနှင့် မည်သူဖြစ်စေ မည်သည့်နိုင်ငံသားအတွက်ဖြစ်စေ ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ဒူးထောက်၍ ငိုယိုတောင်းပန်နေသော အဆိုပါအမျိုးသား၏ ပခုံးကို ကိုင်ပြီး မတ်တပ်ရပ်ရန် ပြောကြားကာ “ တစ်ဦးနဲ့တစ်ဦးအတွက် အားတင်းထားပါ” ဟု လည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။