ဂါဇာကမ်းမြှေင်ဒေသအတွင်း အစ္စရေး၏ နောက်ထပ် လေကြောင်း တိုက်ခိုက်မှုများကြောင့် တစ်ညတည်း အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူများက ဇူလိုင် ၂၁ရက်တွင် ပြောဆိုလိုက်သည်။
အစ္စရေးသည် ၎င်းလေကြောင်းတိုက်ခိုက်မှုများကို ဇူလိုင် ၂၀ရက် ညပိုင်းတွင် ပြုလုပ်ခဲ့ပြီး ဂါဇာအလယ်ပိုင်းရှိ Bureij ဒုက္ခသည်စခန်းမှ ကလေးငယ်နှစ်ဦးအပါအဝင် လူကိုးဦးသေဆုံးကာ တောင်ပိုင်း Khan Younis မြို့၌ အမျိုးသမီးနှစ်ဦးအပါအဝင် အနည်းဆုံး ခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေချိန်တွင် အစ္စရေးဘက်က ယခုကဲ့သို့ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ်သည် ဇူလိုင် ၂၂ရက် တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံရန် အမေရိ ကန်သို့ သွားရောက်ပြီး လွှတ်တော်၌ ဟားမက်ကို တိုက်ခိုက်ခဲ့သည့် ကိုးလကြာ စစ်ပွဲနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားရန် ပြင်ဆင်နေချိန်လည်း ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်း၌ ဟားမတ်စ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသားများစွာ သေဆုံးခဲ့ပြီး ဓားစာခံ ၂၅၀ ခန့်ကို ဖမ်းဆီးသွားခဲ့သည်။
၎င်းတိုက်ခိုက်မှုအပြီး အစ္စရေးနိုင်ငံက ဂါဇာကမ်းမြှောင်ဒေသကို ထိုးစစ်ဆင်ခဲ့ရာ ယခုအချိန်အထိ ပါလက်စတိုင်းလူမျိုး ၃၈,၀၀၀ကျော် သေဆုံးကာ ၈၇,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ အာဏာပိုင်များက ပြောထားသည်။
Ref; AP News