• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Subscribe (Ks 1,500/Week)
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
30 Mar 2023
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

31 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ကျနော်တို့က စာသင်ကျောင်းကို လက်နက်ကြီးနဲ့ ပစ်တာ

MPA by MPA
Feb 21, 2023
in BCM, ဆောင်းပါး
0
0
ကျနော်တို့က စာသင်ကျောင်းကို လက်နက်ကြီးနဲ့ ပစ်တာ
Share on FacebookShare on Twitter

ကျနော့်နာမည်က xxx ပါ။ အမြှောက်တပ်က တပ်သားရဲဘော်ပါ။ တပ်ထဲရောက်တာ ၅နှစ်ရှိပြီ။ တပ်ထဲဝင်တုန်းက အသက်၁၈နှစ် မပြည့်သေးဘူး၊ အသက်လိမ်ပြီးတော့ ဝင်ရတာပေါ့၊ ၂၅ လို့ ပြောပြီးဝင်ခဲ့တာ။ စုဆောင်းရေးက xxxမှာ။ ဇာတိက xxx ပြည်နယ်။ တပ်ထဲမဝင်ခင်က ကုန်ထမ်း၊ ပန်းရံလုပ်ခဲ့တယ်။ မိသားစုအဆင်မပြေတာ လည်းပါသလို ကိုယ်တိုင်သဘောကျလို့လည်း တပ်ထဲဝင်ခဲ့တာပါ။

တပ်ထဲစရောက်တုန်းကတော့ စုဆောင်းရေးမှာ နေထိုင်စားသောက်ပေါ့။ သူတို့မေးတာတွေဖြေရတယ်။ ပြီးတော့ စုဆောင်းရေးကနေ လေ့ကျင့်ရေးသွားတယ်။ ပစ်တာခတ်တာ ၆လသင်ရတယ်။ အမြှောက်ထူးမှာ ၃လ တက်ရတယ်။ သင်တန်းတွေ အကုန်ပြီးသွားတော့ တပ်ရင်းမှာပဲ နေရတယ်။ xxxမှာတာဝန်စကျတယ်။ စရောက်တော့ မျောတိုင်ခုတ်ခိုင်းလည်း မျောခုတ်၊ ထင်းခုတ်ခိုင်းလဲထင်းခုတ်ပေါ့။

တပ်ရင်းမှာ ၁နှစ်နီးပါး ကြာပြီးမှ ရှေ့တန်းတက်ခဲ့ရတာ။ xxxပြည်နယ် xxxဘက်မှာ ၆လခွဲကြာတယ်။ ပြီးတော့ တပ်ရင်းမှာ၂လပြန်နေပြီး xxx စခန်းပြန်တက်ခဲ့တာ ၁နှစ်ခွဲကြာခဲ့တယ် ။

xxx သွားတုန်းက ထိတွေ့ တိုက်ခိုက်မှုရှိခဲ့တယ်။ ရွာသားတွေကို ညဉ်းပန်းနှိပ်စက်တာ၊ ပေါ်တာဆွဲတာမျိုးလည်းရှိတယ်။ အဲ့ဒီမှာ ဗိုလ်မှူးက ရွာသားတစ်ယောက်ကို ဖမ်းခေါ်လာတယ်၊ ပြီးတော့ ဘယ်အဖွဲ့ကလည်း မေးတယ်၊ ရွာသားက တော်တော် အသက်ကြီးနေပြီ၊ ဗိုလ်မှူးမေးနေတာကိုလည်း သူက ပြန်မဖြေနိုင်ဘူး၊ တချို့ကျ ဗမာစကားလည်း မတတ်ကြဘူးလေ၊ အခုတစ်ယောက်က ဗမာစကားပဲ နားမလည်တာလား၊ ပြန်မဖြေချင်တာလားတော့ သေချာမသိဘူး၊ သူပြန်မဖြေလို့ဆိုပြီး သူ့ကို ဗိုလ်မှူးက အဝတ်စုတ်နဲ့ ပတ်ထားတော့ မကြာဘူး ညတွင်းချင်းပဲ အသက်ရှူလမ်းကြောင်းပိတ်ပြီး သေသွားတာ။ သူ့ကိုဖမ်းလာတာက ကျနော်တို့တပ်ရင်းက မဟုတ်ဘူး တခြားတပ်ရင်းက။

အာဏာသိမ်းတဲ့ အချိန်မှာတော့ ကျနော်က xxx မှာပဲရှိတယ်။ အာဏာသိမ်းလိုက်ပြီဆိုတာကိုတော့ တပ်ထဲက ဗိုလ်ကြီးပြောတာ။ စစ်တပ်မှာ ကျနော် မနေချင်တော့တာက အကြောင်းရှိတယ်။ သူတို့က ငယ်တဲ့သူကို မတရားအနိုင်ကျင့်တာရှိတယ်။ ငယ်တဲ့သူတွေက သူတို့ကိုဘာမှပြောပိုင်ခွင့်မရှိဘူး။ ခိုင်းတာကတော့အများကြီးပဲ။ တအားခိုင်းတာ။ အစားအသောက်ကတော့ သူတို့ကျွေးတာစားရတာပေါ့။

xxx ကနေ ကားနဲ့လာခေါ်တယ် ဘယ်သွားရမယ်တော့ အတိကျမပြောဘူး လမ်းမှာတ ၁လကြာပြီးမှ xxx တပ်ကို ရောက်လာတာ ရောက်ပြီး သူတို့ခိုင်းထားတာတွေ အကုန်လုပ်ရတယ်။ အိမ်ထောင်ရှိတဲ့သူက အိမ်ထောင်အဆောင်သွား လူပျိုတွေက လူပျိုခန်းသွားနေခိုင်းတယ်။ ပြီးတော့ကျနော်တို့ကို xxx စခန်းသွားခိုင်းတယ်။ ညတွင်းချင်းပဲ xxx မှာတိုPDF တွေနဲ့ တိုက်ပွဲတစ်ပွဲ တိုက်ခဲ့ရတယ်။

လူ ၁၀ ယောက်ပဲ ကွန်မန်ဒိုဖွဲ့ပေးထားတော့ ၄၀မမက ပစ်မယ့်သူမရှိလို့ ကျနော်က ၄၀မမ တာဝန်ယူပစ်ရတယ်။ မနက်ခင်း ၁၂နာရီ တချိန်ထွက်တယ် ညနေခင်း ၄နာရီ ထွက်တယ်။ ညနေခင်း ၄နာရီ ထွက်တဲ့ အချိန်မှာ PDFတွေနဲ့ တွေ့ခဲ့တယ်။ လက်နက်ကြီးနဲ့မပစ်ဘူး လက်နက်ငယ်နဲ့ပဲပစ်ကြတာ။ သူတို့ဘက်က ဆုတ်သွားတာလည်းရှိတယ်။ ကျနော်တို့ဘက်က ပြန်လာရတာ လည်းရှိတယ်။ အဲ့အချိန်တုန်းက ကျနော်တို့ဘက်က ၁ယောက်ကျသွားတယ်။

အဲ့ဒီတုန်းက စာသင်ကျောင်းကို လက်နက်ကြီးနဲ့ ပစ်တာကတော့ ကျနော်တို့ပစ်တာ။ အဲဒီတုန်းက PDFတွေ အုပ်စုလိုက်ရှိတော့ ။ PDF တွေကိုလှမ်းပစ်ရင်းနဲ့ ကျောင်းပေါ်ကျတာ။

စာသင်ကျောင်းမှာ PDFတွေရှိတယ်လို့ သတင်းလှမ်းပေးလို့ သတင်းရတော့ အရာရှိက ကျနော်တို့ကို ချိန်ခိုင်းတာ။ သူ ပြောတာတော့ PDF ရှိတယ်ဆိုပြီး ပစ်ခိုင်းတာ၊ တကယ် ရှိမရှိတော့ ကျနော်တို့လည်း မသိရဘူးလေ။ ကျနော်တို့ Facebook သုံးတော့ ကောင်လေးတယောက်ကသူ့ သူငယ်ချင်းတွေသေသွားလို့ စိတ်မကောင်းဘူးဆိုပြီး တင်ထားတာတွေ့တာ။

ကျနော်တို့ကတော့ သူတို့ပစ်ခိုင်းတဲ့နေရာ ရောက်အောင်ပစ်ရတာ။ ကျနော် တပ်ထဲရောက်တကတည်းက ရှေ့တန်းပဲထွက်နေရတာ၊ တအားလည်းပင်ပန်းနေပြီ။ CDM ဆိုတာလည်းမသိဘူး၊ မနေချင်တော့လို့ ဘန်ကောက်တက်မယ်ဆိုပြီး ထွက်လာတာ။

ဘန်ကောက်ကို ဘယ်လမ်းသွားရလည်းဆိုပြီး ဟိုလူမေး၊ ဒီလူမေးနဲ့ လာရတာ လမ်းမှာဆိုထမင်းမစားရဘာမစားရနဲ့။ ဘယ်ကဘယ်လို ဒီကိုရောက်လာမှန်းတောင် မသိဘူး။ CDM ဆိုတာလည်း မသိဘူး။ ဘယ်အဖွဲ့အစည်းနဲ့မှလည်း ချိတ်ခဲ့တာမဟုတ်ဘူး။ စစ်တပ်ကလွတ်ရင် ပြီးရောဆိုပြီးထွက်လာခဲ့တာ။

ဒီဘက်မှာ အမှိုက်ကောက်တဲ့ ဦးလေးနဲ့တွေ့တော့ ညအိပ်ဖို့နေရာတောင်းရင်းနဲ့ CDMလုပ်ဖို့ သူက ချိတ်ဆက်ကူညီပေးတာပါပဲ။ အဲဒီမှာလေးငါးရက်လောက်ကြာခဲ့တယ်။

ကျနော်ကတော့ ပြောရမယ်ဆိုစစ်တပ်ကိုမုန်းသွားပြီလေ။ စစ်တပ်ကိုပဲပြန်ပြီးတော်လှန်ချင်စိတ်ရှိတာပါပဲ။ ကျနော် စစ်တပ်ကို မုန်းတယ်ဆိုတာက လူတွေကိုနှိပ်စက်လို့။ အဆင့် ငယ်တဲ့သူတွေကို ဆိုလည်း ထိုးတာ၊ ကြိတ်တာတွေ ရှိလို့။ ကျွန်တော် ကိုယ်တိုင် ကြုံတွေ့ ခဲ့ရတာ။ ဘယ်လို ခံခဲ့ရဘူးလည်း ဆိုတော့ xxx မှာပဲ ကျနော်နဲ့ သူငယ်ချင်းတယောက် နဲ့ ရန်ပွဲဖြစ်ကြတာ။ ကျနော်ကသူတို့ကိုပြန်လုပ်တယ်ဆိုပြီး ဗိုလ်မှူးနဲ့သွားတိုင်တာပေါ့။ ဗိုလ်မှူးက ကျနော့်ကို ပါးတွေ၊ နားတွေရိုက် ထိုးကြိတ်တာ။ ဖိနပ်နဲ့လည်းရိုက်တယ်။

ကျနော်က အဲဒီမတိုင်ခင်ထဲက ပြေးဖို့စိတ်ကူးရှိတယ်။ ဒါပေမယ့် ကိုယ့်စိတ်ထဲ ကိုယ် ထားထားတာ။ ကျနော် လွတ်တဲ့တနေ့တော့ ပြန်လုပ်မယ်လို့ အဲဒီလိုစိတ်ကူးတော့ရှိတယ်။ အခုတော်လှန်ရေးအတွက် လိုအပ်မယ်ဆိုရင် ကျနော်က စစ်တပ်ကို ပြန်တိုက်ချင်ပါတယ်၊ ပြီးရင်တော့ တော်လှန်ရေးအောင်သွားရင်လည်း မြန်မာပြည်ကိုမပြန်ချင်တော့ပါဘူး။ တပ်ထဲလည်းပြန်မဝင်ချင်တော့ဘူး။ ဒီဘက်မှာပဲ ရပ်တည်နေထိုင်သွားတော့မယ်လို့စိတ်ကူးရှိတယ်။

Tags: ArticleBCMLet'sTelltheTruthtoGetJusticeMPAMyanmarNews
Advertisement Advertisement Advertisement
ADVERTISEMENT
MPA

MPA

MPA

ဆက်စပ် သတင်းများ

နိုင်ငံရေး

NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ အား ဖျက်သိမ်းလိုက်ခြင်းအပေါ် ဗြိတိန် ပြစ်တင်ရှုတ်ချ

Mar 30, 2023
NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ အား ဖျက်သိမ်းလိုက်ခြင်းအပေါ် ဗြိတိန် ပြစ်တင်ရှုတ်ချ

အာဏာသိမ်းစစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါအဝင် နိုင်ငံရေးပါတီအဖွဲ့ ၄၀ ကို ဖျက်သိမ်းရန် ဆုံးဖြတ်ချက်ချခြင်းသည် မြန်မာပြည်သူလူထု၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထပ်မံခြိမ်းခြောက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။ စစ်အာဏာရှင်၏ နိုင်ငံရေးအရ လှုံ့ဆော်သည့် လုပ်ဆောင်ချက်များနှင့် ပြည်သူလူထုကို...

Read more
by MPA
0 Comments
သတင်း

ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးနေစဉ်အတွင်း အသက်ငါးဆယ်ခန့် အမျိုးသားတစ်ဦးသေဆုံး

Mar 30, 2023
ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးနေစဉ်အတွင်း အသက်ငါးဆယ်ခန့် အမျိုးသားတစ်ဦးသေဆုံး

ဂန့်ဂေါမြို့နယ် တောင်ပိုင်းသို့ ရောက်ရှိနေသော စစ်ကောင်စီတပ် ခလရ (၅၀) တပ်ဖွဲ့ဝင်များသည် မတ်လ ၂၀ ရက်နေ့တွင် ပန်းထိပ်ရွာသို့ ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး အသက်ငါးဆယ်ခန့် အမျိုးသားလူတစ်ဦးအား သတ်သွားခဲ့သည်ဟု ယင်းဒေသခံတစ်ဦးထံမှ စုံစမ်းသိရှိရသည်။ စစ်ကောင်စီဘက်မှ ထိုအမျိုးသားအား သတ်ပြီးနောက်...

Read more
by MPA
0 Comments
PDF

မြဝတီကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးနှင့် ဒုရဲမှူးအပါအဝင် (၈) ဦး ဖမ်းဆီးရမိ

Mar 30, 2023
မြဝတီကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးနှင့် ဒုရဲမှူးအပါအဝင် (၈) ဦး ဖမ်းဆီးရမိ

မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ သင်္ဃန်းညီနောင်ဗျူဟာ (၃၃၅) တပ်ရင်းတို့အား ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings စသည့် ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ သေဆုံးသူများရှိပြီး ဖမ်းဆီးရမိသူများလည်း ရှိခဲ့သည်ဟု စစ်ဒေသခွဲ...

Read more
by MPA
0 Comments
သတင်း

ရန်ကုန် ဆင်ခြေဖုံးမြို့နယ်အချို့ တွင် လျှပ်စစ်မီး ပြတ်တောက်မှု ပိုဆိုးလာ

Mar 30, 2023
ရန်ကုန် ဆင်ခြေဖုံးမြို့နယ်အချို့ တွင် လျှပ်စစ်မီး ပြတ်တောက်မှု ပိုဆိုးလာ

ရန်ကုန်မြို့တွင် အလှည့်ကျ မီးပေးနေသည်ဟုဆိုသော်လည်း ဆင်ခြေဖုံးမြို့နယ်အချို့တွင် မီးပိုပျက်နေကြောင်း သိရသည်။ ယခုနှစ်မတ်လ ပထမအပတ်တွင်း လျှပ်စစ်မီးပြတ်တောက်မှုပိုမိုဖြစ်ပွားလာပြီး တစ်ရက်လျှင် ငါးနာရီခန့်သာ မီးလာသည့် ရက်မျိုးလည်း ရှိကြောင်း လှိုင်သာယာမြို့နယ်၊ ငါးထိပ်မှတ်တိုင်အနီးနေသူတစ်ဦးက ပြောသည်။ "မီးက အင်းစိန်နဲ့ ငါးထိပ်တောင်မတူဘူး။...

Read more
by MPA
0 Comments
မှုခင်း

ဘီလူးချောင်းတွင် ရေနစ်သေဆုံးသွားသည့် လူငယ်အလောင်း တစ်ရက်ကြာပြီးနောက် ပြန်တွေ့

Mar 30, 2023
ဘီလူးချောင်းတွင် ရေနစ်သေဆုံးသွားသည့် လူငယ်အလောင်း တစ်ရက်ကြာပြီးနောက် ပြန်တွေ့

ကယားပြည်နယ်၊ ဒေါနိုးကူးတံတား (ဘီလူးချောင်း) တွင် ရေကူးရင်း ရေနစ်သေဆုံးသွားသည့် ၁၅ နှစ်အရွယ် လူငယ်အလောင်းကို တစ်ရက်ကြာပြီးနောက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ မတ်လ ၂၉ ရက်နေ့၊ ညနေ ၄နာရီခွဲခန့်က သေဆုံးသူ မောင်အောင်ဘုန်းမြင့်သည် သူငယ်ချင်း...

Read more
by MPA
0 Comments
စစ်ဘေးရှောင်

တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်၄၀,၀၀၀ ခန့်ရှိ၊ ပုလောတွင် အများဆုံးဟုဆို

Mar 30, 2023
တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်၄၀,၀၀၀ ခန့်ရှိ၊ ပုလောတွင် အများဆုံးဟုဆို

တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် ၄၀,၀၀၀ ခန့်ရှိပြီး ပုလောမြို့နယ်တွင် အများဆုံးဖြစ်ကြောင်း သိရသည်။ယင်းစာရင်းမှာ မတ်လ ၁ရက်နေ့မှ ယနေ့အထိစုစည်းထားသည့် စာရင်းဖြစ်ပြီး စစ်ရှောင်ပြည်သူအရေအတွက်မှာ ကိန်းသေမရှိကြောင်း ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။ “စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှု အခြေအနေပေါ်မူတည်ပြီး အရေအတွက်...

Read more
by MPA
0 Comments
PDF

ပြည်သူ့ ဝမ်းစာ လုယက်သယ်လာသော ယာဉ်တန်း ပခုက္ကူ တွင် မိုင်းဆွဲခံရ

Mar 30, 2023
ပြည်သူ့ ဝမ်းစာ လုယက်သယ်လာသော ယာဉ်တန်း ပခုက္ကူ တွင် မိုင်းဆွဲခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ပြည်သူတို့၏ ကောက်ပဲသီးနှံ လုယက်လာသည့် ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ မတ်လ ၂၉ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ပခုက္ကူမြို့သို့ ကောက်ပဲသီးနှံများ ပို့ဆောင်ရန် ထွက်ခွာလာသည့် စစ်သားနှင့်ပျူစောထီး...

Read more
by MPA
0 Comments
သတင်း

မန္တလေးရွှေဆိုင်ရှေ့ ဓားပြတိုက်မှု ရဲများကျူးလွန်သည်ဟု သတင်းပြန့်ပြီးနောက် လုယက်သူ ၂ဦး အား နာရီပိုင်းအတွင်း ဖမ်းမိကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်

Mar 30, 2023
မန္တလေးရွှေဆိုင်ရှေ့ ဓားပြတိုက်မှု ရဲများကျူးလွန်သည်ဟု သတင်းပြန့်ပြီးနောက် လုယက်သူ ၂ဦး အား နာရီပိုင်းအတွင်း ဖမ်းမိကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်

မန္တလေးမြို့လယ်ခေါင် ရွှေဆိုင်ရှေ့ ဓားပြတိုက်မှုကို ရဲများကျူးလွန်သည်ဟု ပြည်သူများကြား သတင်းပြန့်ခဲ့ပြီးနောက် လုယက်သွားသူ ၂ ဦး အား နာရီပိုင်း အတွင်း ဖမ်းဆီးမိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ မတ်လ ၂၇ရက်နေ့၊ညနေ ၅ နာရီ ၁၅...

Read more
by MPA
0 Comments
PDF

မြင်းမူသို့ ညဘက် ထွက်လာသော စစ်ကား မိုင်း၁၈လုံးအဆွဲခံရ၊စစ်သား၁၃ဦး သေဆုံးဟုဆို

Mar 30, 2023
ခင်ဦးတွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်

စစ်ကိုင်းမြို့မှ မြင်းမူသို့ ညဘက်ထွက်ခွာလာသော စစ်ကားတစ်စီး မိုင်း၁၈လုံး အဆွဲခံရပြီး စစ်သား ၁၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိကြောင်း People’s Knight Defense Force-MMU ကထုတ်ပြန် သည်။ မတ်လ ၂၉ ရက် ည...

Read more
by MPA
0 Comments
သတင်း

ရွှေလင်ဗန်းစက်မှုဇုန်အတွင်း Level 3 အဆင့်မီးလောင်မှုဖြစ်ပွား၊ ယခုအချိန်ထိမီးမငြှိမ်းသေး

Mar 29, 2023
ရွှေလင်ဗန်းစက်မှုဇုန်အတွင်း Level 3 အဆင့်မီးလောင်မှုဖြစ်ပွား၊ ယခုအချိန်ထိမီးမငြှိမ်းသေး

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းစက်မှုဇုန်အတွင်း Level 3 အဆင့်မီးလောင်မှုဖြစ်ပွားနေပြီး ယခုအချိန်ထိမီးမငြှိမ်းနိုင်သေးကြောင်း လှိုင်သာယာမြို့နယ် ၁၆ရပ်ကွက်နေသူတစ်ဦးကပြောသည်။ ယနေ့ မွန်းလွဲ ၃နာရီခန့်က လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်းရှိ မွှေ့ယာစက်ရုံတစ်ရုံ မီးလောင်နေခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ၁၆ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ "အဆောင်က...

Read more
by MPA
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (2685) Myanmar (2418) News (1940) PDF (290) military (290) Politics (275) Yangon (230) SAC (227) SagaingRegion (159) RakhineState (123) militarycoup (118) Covid_19 (103) Battle (85) Pressphoto (84) Mandalay (83)

Monthly Archive

မတ် လ၊ 2023 ခုနှစ်
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In