By MPA [ English Below ]
[ နိုင်ငံတကာပညာရှင်တစ်ဦး၏ ပင်တိုင်ဆောင်းပါးကဏ္ဍ ]
ဒီမိုကရေစီဆန့်ကျင်တဲ့ စစ်တပ်အာဏာသိမ်းမှု တစ်နှစ်လွန်ဖို့နီးလာတာ နှင့် အဲဒီချိန်ကတည်းက ဖြစ်ပျက်လာခဲတဲ့ ဆိုးရွားလှတဲ့အဖြစ်အပျက်တွေ နှင့် လူသားဒုက္ခများကိုစဉ်းစားရင်း မေးခွန်းနှစ်ခုထွက်လာလေ့ရှိပါတယ်။
“နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လိုနဲ့များ ဒီဟာကို ဖြစ်ပျက်ခွင့် ပြုခဲ့တာလဲ?” ပြီးတော့ “အနာဂတ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းဆီက ကျွန်တော်တို့ ဘာမျှော်လင့်လို့ ရမလဲ?”
ကံမကောင်းစွာနဲ့ပဲ ဒီမေးခွန်းတွေဟာ အခြေခံအားဖြင့် အဖြေထပ်တူကျတဲ့ မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။ စစ်အစိုးရကိုဖြုတ်ချဖို့ နှင့် ဒီမိုကရေစီကျကျရွေးကောက်တင်မြှောက်တဲ့အစိုးရကို ပြန်လည်ထူထောင်ဖို့ သူတို့ရဲ့ မှန်ကန်တဲ့ကြိုးစားမှုကို ကမ္ဘာတစ်ဝှမ်းက ထောက်ခံပေမယ့်၊ မြန်မာပြည်သူတွေအနေနဲ့ လာမယ့်ဒီနှစ်မှာ လွန်ခဲတဲ့နှစ်ထက်ကြီးမားတဲ့ မည်သည့်နိုင်ငံတကာထောက်ခံမှုကိုမှ မျှော်လင့်လို့မရပါဘူး။
အခြားသော ကမ္ဘာလုံးဆိုင်ရာအကြပ်အတည်းတွေ ထွက်ပေါ်လာပြီး အများအားရုံယူလို့ နိုင်ငံတကာအသိုင်းအဝိုင်း နှင့် ကမ္ဘာ့သတင်းမီဒီယာများရဲ့ မြန်မာနိုင်ငံအခြေအနေအပေါ် လူထုရဲ့ အာရုံစိုက်မှုလျော့နည်းကောင်းလျော့နည်းသွားနိုင်ပေမယ့်၊ မြန်မာနိုင်ငံမှာရှိတဲ့ ဒီမိုကရေစီလိုလားသူများအတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မတူညီတဲ့အဆင့်အမျိုးမျိုးမှာ ထောက်ပံ့မှုဟာ တည်တံ့နေမယ်၊ တန်ဖိုးရှိနေမယ်၊ ဒါပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ လူများစွာက မျှော်လင့်ထားခဲ့သလို အဆုံးအဖြတ်ပေးမည်တော့ မဟုတ်ပါ။
လွန်ခဲ့တဲ့နှစ်မှာ မြန်မာပြည်သူလူထုက နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ကြတယ်၊ ကမ္ဘာတစ်ဝှမ်းဆီက မြန်မာနိုင်ငံရရှိခဲ့တဲ့ အလွန်အမင်း စိတ်ဓာတ်ရေးရာ နှင့် ခိုင်မာလှတဲ့ ထောက်ခံမှုတွေ၊ အထူးသဖြင့် လွန်ခဲ့တဲ့ဆယ်စုနှစ်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအကူးအပြောင်းကို ထောက်ခံတာကိုကြည့်ရင်တော့ ယုတ္တိကျတဲ့ မျှော်လင့်ချက်ပေါ့။ သို့သော်၊ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီမိုကရေစီထူထောင်ရေး နှင့် အခြားချီးကျူးစရာကိစ္စများစွာမှာ အဓိပ္ပါယ်ရှိတဲ့ လွှမ်းမိုးမှုမျိုးရှိနိုင်ပေမယ့် (မကြာသေးတဲ့ သမိုင်းကြောင်းက အကြိမ်ကြိမ်ပြသခဲ့သလိုပဲ) စစ်တပ်အာဏာသိမ်းမှုတွေနဲ့ ပါတ်သက်လာရင် အားကိုးရလေ့မရှိပါဘူး။
ရှင်းရှင်းပြောရရင်၊ နိုင်ငံတကာအသိုင်းအဝိုင်းဆိုတာ လှုပ်ရှားနေတဲ့အစိတ်အပိုင်းများစွာနဲ့ ပေါင်းစည်းထားတာ၊ နိုင်ငံပေါင်း နှစ်ရာတည်းပဲ မဟုတ်ပါဘူး၊ ကွဲပြားပြီး အများအားဖြင့် ရည်မှန်းချက်ချင်းဆန့်ကျင်ကွဲပြားတဲ့ ရာပေါင်းများစွာသော နိုင်ငံတကာ အဖွဲ့အစည်းများစွာနဲ့ ပေါင်းစည်းထားတာ ဆိုတာကို ကျွန်တော်တို့ အသိအမှတ်ပြုရမယ်။ ဝမ်းနည်းစရာက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အရေးပါတဲ့အစိတ်အပိုင်းက ဒီမိုကရေစီအခြေခံမူများကို လက်စွဲကိုင်တဲ့သူတွေမဟုတ်ဘူး၊ လူ့အခွင့်အရေးကို မိမိတို့အကျိုးအတွက် ကြိုကြားကြိုကြားလောက်သာ ထောက်ခံကြတယ်။
ဒီဟာရဲ့ ဝမ်းနည်းစရာကောင်းတဲ့ အကျိုးဆက်တွေကို ဥပမာအဖြစ် ကမ္ဘာ့ကုလသမဂ္ဂရဲ့လုပ်ဆောင်ပုံမှာ သိသိသာသာမြင်နိုင်ပါတယ်။ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံတွေက နိုင်ငံတစ်နိုင်ငံ မဲတစ်မဲသာထည့်လို့ရတဲ့ အထွေထွေညီလာခံမှာ အများစုဖြစ်ကောင်းဖြစ်မယ်၊ ဒါကြောင့်လည်း ကုလသမဂ္ဂအဖွဲ့အစည်းတွေ နှင့် သူတို့ရဲ့ကိုယ်စားလှယ်တွေက အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ ရက်စက်ကြမ်းကြုတ်မှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ကြပြီး ဒီမိုကရေစီပြန်လည်ထူထောင်ရေးကို တောင်းဆိုခဲ့ကြတယ်။
သို့သော်၊ (ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအရ အဖွဲ့ဝင်နိုင်ငံများအပေါ် စည်းကြပ်တဲ့ဆုံးဖြတ်ချက်များချမှတ်နိုင်တဲ့) လုံခြံရေးကောင်စီမှာ ဒီမိုကရေစီဆန့်ကျင်တဲ့ နိုင်ငံနှစ်နိုင်ငံက ဗီတိုအာဏာ ရှိနေကြတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ‘အကာအကွယ်ပေးရန် တာဝန် (Responsibility to Protect – R2P)၊ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမှ ပြည်သူများကို ကာကွယ်ရန်’ တို့အောက်က ဘယ်လုပ်ဆောင်ချက်မဆို “လုံခြုံရေးကောင်စီမှ တစ်ဆင့်” ပဲ လုပ်ရပါတယ်၊ ဒါကြောင့် R2P စည်းမျဉ်းတွေအောက်မှာ စစ်အစိုးရကိုဆန့်ကျင်တဲ့ အဓိပ္ပါယ်ရှိတဲ့ လုပ်ဆောင်မှုဘာမှ မရှိသေးတာ၊ ပြီးတော့ အဲလိုမျိုးလုပ်ဆောင်မှုမျိုးကိုလည်း မျှော်လင့်လို့မရပါဘူး။
သေချာတာကတော့ စစ်အစိုးရကိုဆန့်ကျင်တဲ့ မည်သည့်နိုင်ငံခြားစစ်ရေးအကူအညီကိုမှ မျှော်လင့်လို့မရပါဘူး။ ကမ္ဘာပေါ်က မည်သည့်နိုင်ငံကမှ မြန်မာနိုင်ငံ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ဖို့ သူတို့စစ်သားတွေကို လွှတ်ပေးဖို့ ဆန္ဒရှိတဲ့အရိပ်အယောင်မပြသေးပါဘူး။
တဆက်တည်းမှာပဲ၊ နိုင်ငံတကာအဖွဲ့အစည်းများစွာ နှင့် အခြားကမ္ဘာ့အဆင့်မှာ လုပ်ဆောင်နေတဲ့သူတွေအနေနဲ့ အခု စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲ နှင့် ခက်ခဲလှတဲ့ နောက်ဆက်တွဲ ပြန်လည်တည်ဆောက်ရေး၊ ပြုပြင်ပြောင်းလဲရေး၊ တည်ငြိမ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးမှသည် တရားဉပဒေစိုးမိုးရေးကို လက်တွေ့အကောင်အထည်ဖော်ဆောင်ခြင်း နှင့် အကူးအပြောင်းကာလ တရားမျှတမှုကိုဖြေရှင်းရာတို့မှာ ကူညီထောက်ပံ့ခြင်းဖြင့် အဓိပ္ပါယ်ရှိတဲ့ ဆောင်ရွက်စရာအခန်းကဏ္ဍများစွာ ရှိကြပါတယ်။
[ ဒီပုံမှန်ပင်တိုင်ဆောင်းပါးရှင်ကဏ္ဍရဲ့ လာမယ့်ဆောင်းပါးတွေမှာ မြန်မာပြည်သူလူထုရဲ့ လွတ်လပ်မှု နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲမှာ နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီထောက်ပံ့တဲ့ အခန်းကဏ္ဍများစွာ နှင့် နိုင်ငံတကာအကူအညီကို အားကောင်းစေနိုင်မယ့် နည်းလမ်းတွေကို ကြည့်ကြမှာပါ။ ]
What can we expect from the international community ?
As we approach the passing of a year since the antidemocratic military coup and while considering all the atrocious events and human suffering having taken place since then, two questions are often raised: “How could the international community have let this happen?” and “What can we expect from the international community in the future.”
Unfortunately, these are fundamentally the same question with essentially identical answers. The people of Myanmar cannot expect any greater international support next year than was the case in the past year, albeit so much of the world supports them in their rightful quest to topple the junta and restore their democratically elected government.
While the public focus of the international community and the global news media on the situation in Myanmar may lessen as other global crises emerge and take center stage, international support at various levels for pro-democratic actors in Myanmar will be enduring and valuable but not, as many in Myanmar had hoped, decisive.
The people of Myanmar a year ago placed great hope in the international community, which was a logical expectation considering the outpouring of moral and substantive support Myanmar received from around the world, particularly in the last decade, backing its transition towards democracy. However, while the international community can exert meaningful influence in democracy building and many other laudable causes, it is (as recent history has repeatedly shown) usually powerless against military coups.
To put is simply, we must recognize that the international community is comprised of many moving pieces, not only a couple hundred national entities but also hundreds of international institutions, with diverse and often conflicting objectives. Regrettably, a significant part of the international community is not committed to democratic principles and supports human rights only sporadically in its self-interest.
The unfortunate consequences of this are plainly visible for example in the functioning of the United Nations.
The prodemocratic states may enjoy a majority in the General Assembly, where each country has one vote, and hence UN institutions and their representatives have been very vocal in condemning the coup and the subsequent atrocities and calling for a restoration of democracy.
However, in the Security Council (which under the UN Charter can issue decisions that are binding on member states) two antidemocratic countries have a veto power. Any action of the international community under Responsibility to Protect, to protect populations from war crimes and crimes against humanity, is to be taken “through the Security Council” and hence no meaningful action against the Junta has occurred under R2P principles and no such action can be anticipated.
Indeed, there can be no anticipation of any foreign military support against the Junta. No nation on earth has signaled any willingness to send its troops to fight for democracy in Myanmar.
That being said, many international institutions and other actors on the world stage have their meaningful roles to play, both in supporting now the fight against the military dictatorship and in subsequently supporting the difficult processes of reconstruction and transformation, from building a stable federal democracy, towards making the rule of law a reality, to addressing transitional justice.
In future articles in this regular column, we will look at the many roles the international community plays in supporting the fight of the people of Myanmar for their freedom and self-determination and look at ways in which international assistance may hopefully be strengthened.