• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
22 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

နိုင်ငံတော်အာဏာကို ထိန်းသိမ်းသည်ဟု ဆိုကာ ပလ္လင်ခွေးလုခံရတာဟာဖြင့် တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီ

MPA by MPA
Feb 2, 2022
in ဆောင်းပါး
0
0
Share on FacebookShare on Twitter
( အတွေးအမြင်ဆောင်းပါး )​
By PPT / MPA
လွန်ခဲ့တဲ့ ၂၀၂၁ ဟာ မြန်မာပြည်သူများအတွက်တော့
အိပ်မက်တွေ ရေစုန်မျောခဲ့ရတဲ့ နှစ်၊
မိသားစုတွေ တကွဲတပြားဖြစ်ခဲ့ရတဲ့ နှစ်၊
ရင်တွေကြေမွနာကျင်ရတဲ့ နှစ်၊
ပတ်ဝန်းကျင်ဟာ အနိဌာရုံတွေပြည့်နက်
နားနဲ့ မျက်စိတို့ သွေးလွှမ်း
ကြမ္မာငင်ခဲ့ရတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ရပြီ။
ဒီကနေ့ ၁ ရက် ၂ လ ၂၀၂၂ ဟာဆိုရင် ၎င်း ကြမ္မာဆိုးတို့ အစပြုခြင်း နှစ်ပတ်လည် တိုင်ခဲ့ပါပြီ။
အပြစ်မဲ့ ပြည်သူအသက်ပေါင်းများစွာနဲ့တကွ သိန်းချီသော ပြည်သူတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် ဤကပ်ဆိုးသည် နိုင်ငံနဲ့ပြည်သူတွေရဲ့ သဘာဝပေး အန္တရာယ်ကံကြမ္မာမဟုတ် အကျိုးစီးပွား တစ်ဘို့ထဲကြည့်ပြီး အဆင်ခြင်မဲ့သည့် မင်းအောင်လှိုင်နဲ့တကွ စစ်ခေါင်းဆောင်များ၏ အပြစ်သာဖြစ်တယ်။
အာဏာသိမ်းမှုကို ဆန်းစစ်လျှင် ၂၀၁၅ နိုင်ငံရေး အလှည့်အပြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီ အင်အားစုများ အာဏာရလာမှု ဇာတ်ခုံအောက်မှာ မှေးမှိန်လာရတဲ့ အာဏာရှင်စရိုက်၊ အာဏာပြ ဗိုလ်ကျ အခွင့်ထူးခံ ခေါင်းပုံဖြတ် အနိုင်ကျင့်ခြင်းတို့ကို ပြန်လည်တစ်ခေတ်ခေါင်းထလာဖို့ အာဏာရူး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြှောက်ပေးပြီး ကခဲ့သည့် အာဏာသိမ်းဇာတ်ပင်ဖြစ်တယ်။
စစ်တပ်နှင့် မိတ်ဖက်မိစ္ဆာတွေဟာ၂၀၀၈ အာဏာခုံလုခြေဥနဲ့ပင် ကျွန်ပြုလို့ အားမရနိုင်ပဲ ၎င်းတို့အလိုကျ ရွေးကောက်ပွဲစနစ် ဥပဒေကို ဖန်တီးပြီး နှစ်ပေါင်းများစွာဆက်လက် မင်းမူကျွန်ပြုနိုင်မဲ့ နိုင်ငံရေးစနစ်ကို အသက်ဝင်အောင် မင်းအောင်လှိုင်ရဲ့ ဆင်ခြင်မဲ့ မိုက်လုံးကြီးမှုအပေါ် အခြေခံပြီး တည်ဆောက်နေကြတဲ့ ဤအာဏာသိမ်းဇာတ်သည် မြန်မာပြည်သူများအပေါ် ကံဆိုးမိုးမှောင်ခြင်း ကြမ္မာကို ယူဆောင်လာခဲ့ခြင်းသာ ဖြစ်တယ်။
လက်နက်အားကိုး အာဏာသိမ်းတတ်ရုံဖြင့် အာဏာရပြီထင်တဲ့ အာဏာရူးမင်းအောင်လှိုင်နှင့် အပေါင်းအပါ စစ်အုပ်စုဟာ ဆိုရင် အညွှန့်တလူလူဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ခြေလှမ်းအစပြုနေပြီဖြစ်သော နိုင်ငံရဲ့ တိုးတက်နေသော အလားအလာများကို တစ်နှစ်ဆိုသောကာလလေးအတွင်းမှာပင် ရိုက်ချိုးဖျက်ဆီးခဲ့ပြီးဖြစ်တယ်။
အုပ်ချုပ်စီမံမှု ညံ့ဖျင်းလှသည့် စစ်ကောင်စီရဲ့ တစ်နှစ်တာမှာပင် နိုင်ငံသည် ဥပဒေမဲ့ အကြမ်းဖက်ခြင်းများနှင့်တကွ စီးပွားရေး၊ လှုမှုရေး၊ ကျန်းမာရေး၊ ပညာရေး ချွတ်ခြုံကျတိုင်းပြည်အဖြစ် အောက်ဆုံးရောက်သည်အထိ ထိုးကျသွားခဲ့ပြီ။
စစ်ကောင်စီ၏ ခြေလှမ်းများ
စစ်ကောင်စီဟာ လက်ရှိမှာ မြို့ပြများကို ထိန်းချုပ်နိုင်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ တဆင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) ကို ချဉ်းကပ်ပြီး ငြိမ်းချမ်းရေး အပေးအယူလုပ်နိုင်ဖို့နဲ့ တဖက်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) များကို မြေလှန်ချေမှုန်းရင်း တော်လှန်ရေး အင်အားစုအကြား သပ်လျှိုသွေးခွဲမယ် နယ်မြေစိုးမိုးမှုယူမယ် အကြောက်တရားနဲ့ ဖိထားမယ်ဆိုတဲ့ နိုင်ငံရေးဂုဏ်သိက္ခာကုန်းကောက်ရန်ပင်မရှိတဲ့ ဗျူဟာများနဲ့ အာဏာကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ကြံစည်လျက်ရှိပါတယ်။
တချိန်ထဲမှာပဲ စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်ခဲ့တဲ့ အပြစ်တွေ၊ လူ့အခွင့်ရေး ချိုးဖောက်မှုတွေအပေါ် ထွက်ပေါက်ရရေးနဲ့ နိုင်ငံတကာမှာ လူရာဝင်နိုင်စေရေး နိုင်ငံတကာဖိအားများ လျော့ကျစေရေး တို့ကိုလည်း နည်းလမ်းပေါင်းစုံနဲ့ လှုပ်ရှားဆောင်ရွက်လျက်ရှိနေပါတယ်။
များမကြာမှီကာလတွေမှာ အတိုက်အခံဖြစ်သော အမျိုးသားညီညွှတ်ရေးပြည်သူ့အစိုးရ (NUG), ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH), EAOs အဖွဲ့အစည်းများကြား နည်းမျိုးစုံနဲ့ သပ်လျှိုထိုးခွဲဗျူဟာ ၎င်းနည်းတူ မြေပြင်အဖွဲ့များ ဖြစ်ကြတဲ့ PDF, ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ (LDF), သပိတ်အဖွဲ့များနဲ့ NUG ကြား၊ ပြည်သူနဲ့ NUGကြား၊ Generation XYZ မျိုးဆက်များတကွ ပြည်တွင်းပြည်ပပေါင်းစည်းထားသော တော်လှန်ရေး အင်အားစုများ အကြား သွေးခွဲလှုပ်ရှားမှု ဗျူဟာကို ပိုမိုပိုက်စိပ်တိုက် ကျင့်သုံးသွားဖို့သာရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ၎င်းတို့ထိန်းချုပ်နယ်များအတွင်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ NUG, PDF များနဲ့ LDF များကို အကူအညီမပေးနိုင်အောင် ထောက်ပံ့သူ ထောက်ခံသူ ကူညီသူလို့ သံသယရှိသူများကို ပိုက်စိပ်တိုက်ရှာဖွေပြီး ဖိနှိပ်မှုမျိုးစုံကို လုပ်ဆောင်နေတာလဲ အားလုံးသိပြီး ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အနာဂတ်
လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့ စစ်ကျွန်ပြုခံဒေသများရှိ ပြည်သူများဟာ ဆိုရင် အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာတဲ့ ကျန်းမာရေး၊ စီးပွားရေးကပ်ဘေးများအပြင် အကျင့်ပျက်ခြစားနေတဲ့ အောက်ခြေအဆင့်အသီးသီးမှာ ရှိတဲ့ စစ်ကောင်စီ လက်ပါးစေများရဲ့ ဒါဏ်ကို နိစ္စဓူ၀ ကြုံတွေ့ဖြတ်သန်းနေကြရတာပဲဖြစ်ပါတယ်။
လူ့အခွင့်အရေး၊နိုင်ငံသားအခွင့်အရေး၊ နိုင်ငံရေး အခွင့်အရေးဆိုတာ ဝေလာဝေး အခြေခံဖြစ်တဲ့ ကိုယ့်ကိုယ်ပိုင်ဖုန်းတောင် ကိုယ်မပိုင်တော့တဲ့ဘ၀ စစ်တပ်ဟာ ပြည်သူသြဇာခံပြီး ပြည်သူတွေကို အကာအကွယ်ပေးရမဲ့ အဖွဲ့အစည်းဖြစ်ရမဲ့အစား ခိုးဆိုးလုနှိုက် ဓါးပြတိုက် ငွေညစ် ပြည်သူကို ရန်သူလို သဘောထားပြီး ပြည်သူတွေရဲ့လူမှုဘဝလုံခြုံရေးကို အညိုှးကြီးကြီး ဖျက်ဆီးနေတဲ့ အစုအဖွဲ့ဖြစ်လာတဲ့အခါ ပြည်သူတွေအနေနဲ့လည်း လုံခြုမှုမရှိနိုင်တော့တဲ့ အတူ တွန်းလှန်တော်လှန်မှကို ရတော့မဲ့ အခြေအနေကို ပိုပြီး ကိန်းဆိုက်လာဖို့ပဲရှိနေပါတယ်။
သေချာသည်မှာတော့ စစ်တပ်ရဲ့ ဂုဏ်သိက္ခာဟာ ဘယ်တော့မှ အဖက်ဆယ်လို့ ရမှာ မဟုတ်တော့သလို သမိုင်းစာမျက်နှာ အမဲစက်ကြီးများစွာနဲ့ အာဏာရှင်နဲ့ အာဏာရှင်စနစ်ဆိုးမွေတွေကို လှည်းကြိုး သိမ်းကြုံးထမ်းရင်း ဒီနိုင်ငံကနေ အပြီး တိုင် လမ်းဆုံးပျောက်ကွယ်တော့မဲ့ အဖွဲ့အစည်း အဖြစ်သာ ဖြစ်လို့နေပြီ။
အာဏာသိမ်းစစ်ကောင်စီနဲ့ ဖက်ဆစ်စစ်တပ်ရဲ့ မိုက်ကမ်းမှုဟာ ကမ်းကုန်နေပြီ ဖြစ်ပြီး ဆက်လက်ပြီး တိုင်းပြည်တစ်ခုလုံး ပြာပုံဖြစ်သည်အထိ အကြမ်းဖက်မှုများကို ကျူးလွန်ရန်သာ တာစူနေသည့် ခွေးထက်မိုက်သော အာဏာရူးများ အဖြစ်သာရှိနေပါတော့တယ်။
မည်သို့ပင် ဆိုစေကာမူ အပြောင်းအလဲလွန်ကာလ တရားမျှတမှုစင်မြင်ပေါ်တွင်တော့ လူသားမျိုးနွယ်စုအပေါ် အကြမ်းဖက် ကျူးလွန်မှုများနဲ့ လူအခွင့်အရေးချိုးဖောက်မှုများအပေါ် အာဏာရူးစစ်ခေါင်းဆောင်နဲ့တကွ အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းစစ်တပ်ခေါင်းဆောင်အပေါင်းအပါများဟာ အပြည့်အ၀တာဝန်ခံရမှာပဲဖြစ်ပါတယ်။
တော်လှန်ရေးမှရသည့် အခွင့်အလမ်းများ
တော်လှန်ရေးကာလ အဆိုးထဲက အကောင်းအနေနဲ့တော့ မျိုးဆက် အဆက်ဆက်တိုင် ဖိနှိပ်လို့ အနိုင်ကျစိုးမိုးလို့ မပြီးဆုံးနိုင်တဲ့ စစ်အာဏာရှင်ခေတ်စနစ်ဆိုးကို အဆုံးသတ်ရန် အခွင့်အရေးတစ်ရပ်ရှုမြင်နိုင်ပါတယ်။ နှစ်ပေါင်း (၇၀) ကျော်ကြာ ပြည်တွင်းစစ် ပဋိပက္ခနှင့်တကွ နှစ်ပါင်း ၆၀ ကျော် စစ်တပ်ရဲ့အကြမ်းဖက် အနိုင်ကျင့် စိုးမိုးမှု၊ နိုင်ငံရေး ခြယ်လှယ်မှုတို့ကို အဆုံးသတ်ရန် အခွင့်ကောင်းပင် ဖြစ်လာပါတော့တယ်။
အာဏာသိမ်းမှုကြောင့် တောင်ပေါ်သား တိုင်းရင်းသားများနဲ့ မြေပြန့်တိုင်းရင်းသားများ (လူအများစု ဗမာများ) အကြား ပိုမိုအပြုသဘောဆောင် သွေးစည်းစေနိုင်ဖို့ အခွင့်အရေးတစ်ရပ်ဖြစ်နိုင်သလို နိုင်ငံရေးမကျေလည်မှု အာဃာတများကိုလည်း အမြစ်ပြတ်ချေဖျက်ရန် အကောင်းဆုံးသော အခွင့်အရေးတစ်ရပ်ဖြစ်လို့နေပါတယ်။
မြေပြန့်နေ ဗမာတိုင်းရင်းသားများအနေနဲ့ တောင်တန်းဒေသများရှိတိုင်းရင်းသားများ၏ ဖိနှိပ်ခံရမှုများကို ပိုမိုကိုယ်ချင်းစာ စာနာနားလည်နိုင်စေဖို့ အခွင့်အရေးဖြစ်သလို ၎င်းကိုယ်ချင်းစာ စာနာနားလည်မှုမှ တဆင့် ပွင့်တူညီမျှဝါဒဖြူစင်သော ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်ရေးလမ်းကြောင်းဆီသို့ အုတ်မြစ်ဖြစ်စေနိုင်မဲ့ အထောက်အပံ့ကောင်းများပင် ဖြစ်ပါတော့တယ်။
တော်လှန်ရေး နိုင်ကိန်း တွက်ချက်မှု
ပြည်သူအများစုဟာ ၎င်းတို့ရဲ့ နိုင်ငံသားအခွင့်အရေး ရွေးကောက်ပွဲရလဒ်နဲ့ ဒီမိုကရေစီကို စော်ကားခံရတဲ့အပေါ်၊ နှစ် ၆၀ အတွင်း စစ်တပ်ရဲ့ လုပ်ရပ်များ အပေါ်၊ ဒီ့အပြင် ၈၈ နောက်ပိုင်းမျိုးဆက်များအနေနဲ့ စစ်တပ်ရဲ့ လူမဆန်တဲ့ ယုတ်မာ ရိုင်းစိုင်းမှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့ကြုံရပြီးနောက် စစ်တပ်အပေါ် လုံး၀ အယုံအကြည်ကင်းမဲ့ကုန်ကြပြီး စက်ဆုတ်ရွံရှာဖွယ် ဂုဏ်သိက္ခာမဲ့ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းအဖြစ်သာ ရှုမြင်ပါတော့တယ်။
ပြည်သူနဲ့ စစ်တပ်အကြားမှာ ဘယ်လိုနည်းနဲ့မှ ကောင်းမွန်တဲ့ ဆက်ဆံရေး ယုံကြည်မှု ပြန်လည်တည်ဆောင်နိုင်ဖို့ မမြင်မိပဲ မြန်မာ့နွေဦးတော်လှန်ရေးဟာဖြင့် ပြည်သူတွေဘက်က အကြမ်းဖက် စစ်အာဏာရှင်ကို အပြီးသတ်မဖြုတ်ချနိုင်သရွေ့ အဓွန့်ရှည်မယ့် တော်လှန်ရေးအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်များနဲ့တကွ အနွယ်တော် အပေါင်းအပါ နိုင်ငံရေး စီးပွားရေး အီလစ်များဟာ သူတို့ရဲ့ အကျိုးစီးပွားနဲ့ နောက်ဆုံးထွက်သက်အတွက် မင်းအောင်လှိုင်နဲ့အတူ မိုက်လုံးကြီးစွာ တိုင်းပြည်ကို အဆုံးစွန်ဆုံး မီးလောင်တိုက်သွင်းဖို့ ဦးတည်နေသလို ပြည်သူများဘက်မှလည်း ၎င်းတို့ကို အပြီးသတ်ဖယ်ရှားပြီး မီးတောက်မီးလျှံများကြားမှ ရုန်းထမည့် ဇာမဏီငှက်ကဲ့သို့ အဆင်သင့် ဖြစ်ပြီးနေပါပြီ။
ဒီ့အပြင် တရုတ်ရဲ့ ဒေသတွင်း ငြိမ်းချမ်းရေး လိုလားမှု၊ အမေရိကန်ရဲ့ National Defense Authorization Act (NDAA) မှာ မြန်မာ့အရေး ထည့်သွင်းစဉ်းစားချက်နဲ့တကွ International Court of Justice, International Criminal Court တို့မှာ ရှိတဲ့ စစ်ရာဇဝတ်ကောင်များရဲ့ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်မှုတွေအပေါ် တရားစီရင် ခံရနိုင်ခြေတို့ဟာ မဝေးတော့တဲ့ စစ်ကောင်စီရဲ့ ကျရှုံးခန်းအနာဂတ်တွေအဖြစ်ရှိလာနေပါပြီ။
စစ်ရေးအရဆိုရင်လည်း စစ်သည်တော်ကျင့်ဝတ်မရှိ စာရိတ္တပျက်ပြားပြီး ယုံကြည်မှုကင်းမဲ့နေတဲ့ မင်းအောင်လှိုင် အသုံးတော်ခံ စစ်ခွေးများဟာ တိုက်ရည်ခိုက်ရည်ပိုင်းမှာရော အရည်အချင်းပိုင်းမှာပါ နှံချာလွန်းလှတဲ့ လူရမ်းကားစစ်သည် များအနေဖြင့်သာရှိနေတာကို အောင်မြင်မှုမရှိတဲ့ စစ်ဆင်ရေးကြီးများ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များရဲ့ အထိအတွေ့များကနေတဆင့် ကြားသိနေရပါပြီ။
စိတ်ဓာတ်ရေးရာ ကျဆင်းစုတ်ပြတ်သတ်နေပြီး ပြည်သူ့ကျိန်စာမိနေတဲ့ စစ်တပ်ဟာ EAOs, PDF, LDF နဲ့ UG တို့ရဲ့ ချွေစစ်၊ ပျောက်ကျားစစ်တွေကြားမှာပဲ တိုက်တိုင်းရှုံး လုံးပါးပါးနေတဲ့ အခြေအနေမှာရှိနေပါပြီ။ စစ်ခေါင်းဆောင်နဲ့တကွ စစ်ကောင်စီ အနေနဲ့ ဆာလောင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှု (International legitimacy) ဟာဆိုရင်ဖြင့် ၈၈ လမ်းဟောင်းပဲ နားလည်ပြီး အကျင့်ပျက် တပည့်တပမ်းများရဲ့ ဂုဏ်သိက္ခာမဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုအောက်မှာပဲ အဖတ်ဆယ်လို့ မရအောင်ကို အောက်ဆုံးကို ထိုးဆင်းနေတာ အားလုံး အသိ၊အမြင်ပဲဖြစ်ပါတယ်။
အကျင့်သီလဂုဏ်-Moral မပါပဲ တည်ဆောက်နေတဲ့ အတုအယောင်ဝါဒ-Fake Ideology များနဲ့ စစ်တပ်ဟာ လက်တွေ့မှာတော့ အဆင့်ဆင့်တိုင်းဟာ ဂုဏ်သိက္ခာကျိုးပဲ့သူများဖွဲ့စည်းထားပြီး အကျိုးအမြတ်အခြေပြုတည်ဆောက် ထားတာကြောင့် လွတ်လပ်ရေးအတွက် ပြင်းပြသော ဆန္ဒဖြင့် တော်လှန်ကြမည့် ပြည်သူ့ထောက်ခံမှုအပြည့်အဝရရှိထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို မည်သို့မှ ယှဉ်နိုင်စရာမရှိ။
ဒါကြောင့် ပြည်သူ့ပိုက်ဆံနဲ့ ဝယ်ထားတဲ့ စစ်လေယာဉ် တင့်ကားများနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် ဇီဝိန်ကြွေဖို့ ကြိုးစားနေတဲ့ မင်းအောင်လှိုင်နောက်လိုက်များရဲ့ ကျိန်စာနဲ့ ကံကြမ္မာဟာ ကြိုးစင်ပဲနမ်းမလား ပြည်သူ့တွေရဲ့ လက်ထဲမှာပဲ အသေဆိုးနဲ့ ဇီဝိန်ကြွေမလားကတော့ သိပ်မကြာခင်ကာလ အတွင်းမှာပဲမြင်ရတော့မှာပဲ ဖြစ်ပါတယ်။
မျက်မှောက်နိုင်ငံရေး လမ်းကြောင်း
နွေဦးတော်လှန်ရေးမှာ အရေးပါတဲ့ အရွေ့အနေနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ တကွ တိုင်းရင်းသား နိုင်ငံရေးအစုအဖွဲ့ခေါင်းဆောင်များဟာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)အား နိုင်ငံတော်အာဏာကို စစ်လက်နက်ကိုင်အဖွဲ့မှ အဓမ္မစီးနင်းခံရပြီး ၂ လကျော်အကြာမှာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
NUG ဟာ တော်လှန်ရေးခရီးလမ်းမှာ အတိုက်အခံတော်လှန်ရေးအစိုးရ အနေနဲ့ လစ်ဟာမှုတွေ လစ်ဟင်းမှုတွေ ရှိခဲ့သည် မှန်သော်လည်း ပြည်သူတွေအနေနဲ့ NUGအစိုးရရဲ့ ဦးဆောင်မှုနဲ့ပဲ ကျန် (၉) လတာ ကာလ တော်လှန်ရေးခရီးကြမ်းကို အတူတကွ ဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။
အရိုးရှင်းဆုံးအနေနဲ့ ပြည်သူအများစုအမြင်သဘောထားကတော့ NLD ဟာ ငါတို့မဲပေးခဲ့တဲ့ ပါတီဖြစ်သလို CRPH ဟာလဲ ငါတို့ကို ကိုယ်စားပြုတဲ့ လွတ်တော်အစုအဖွဲ့ဖြစ်တယ် NUG ဟာ ငါတို့ကို ကိုယ်စားပြုတဲ့ ငါတို့ ရွေးချယ်တင်မြောက်လိုက်တဲ့ အစိုးရဖြစ်တာကြောင့် NUG အစိုးရရဲ့ သြဇာခံသလို NUG အာဏာပြန်လည်ရရှိရေးအပေါ်မှာ တတ်နိုင်သလောက် နည်းမျိုးစုံနဲ့ ထောက်ခံပါဝင်ပူးပေါင်းနေကြတာပဲဖြစ်ပါတယ်။
၎င်းအချိန်မှာပဲ စစ်အာဏာရှင်ကို ကာလရှည်ကြာတွန်းလှန်လျက်ရှိကြတဲ့ တိုင်းရင်းသား အင်အားစုများပါ တပြိုက်နက်ထဲ စုပေါင်းနိုင်လာကြပြီး အင်အားကောင်းသော အတိုက်အခံအင်အားစုကြီးအဖြစ် အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) လမ်းကြောင်းမှ တဆင့် ဖက်ဒရယ်နိုင်ငံသစ်တည်ဆောက်ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းလျက် ရှိနေပြီလည်း ဖြစ်ပါတယ်။
NUCC ဟာလည်း နိုင်ငံရေးအရ သဘောထားကြီးမှု၊ တန်းတူညီမျှ သာတူညီမျှသော အနာဂတ် ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်ရေးအပေါ်တွင် ပွင့်လင်းရိုးသားခြင်း အာသီသ ပြယုဂ်ဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့လည်း ဂုဏ်ပြုထောက်ခံ ကြိုဆိုရန် အသင့်ရှိနေပါတယ်။
ကမ္ဘာ့ဒီမိုကရေစီရပ်ဝန်း အနေနဲ့ကလည်း NUG နဲ့ မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ဒီမိုကရေစီအရေးကြိုးပမ်းမှုကို ထောက်ခံကြောင်းကို နိုင်ငံတကာ သံခင်းတမန်ခင်းမှာက NUG ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခါ် စစ်ကောင်စီ ထက် အဆပေါင်းများစွာ လူရာဝင်ခြင်း အသိအမှတ်ပြုခံရခြင်း များက သိသာထင်ရှားလွန်းနေပြီးဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ကတော့ ၎င်းတို့ ဆိုခဲ့သလိုပဲ မိတ်ဆွေအနည်းငယ်နဲ့ အာဏာတည်မြဲရေးအတွက် မြေပေါ်မြေအောက် သယံဇာတများရောင်းစားရင်း ၅နှစ်တာ ရောင်နီပျိုးခဲ့တဲ့ ဒီမိုကရေစီလေးကို ဖျက်စီးရင်း ကိုယ့်တိုင်းပြည်က ပြည်သူများကို ပြန်လည်သတ်ဖြတ်ရန် လက်နက်ခဲယမ်းများ ဝယ်ယူရင်းနဲ့သာ ရှေ့ဆက်ဖို့ရန်သာ ရှိနေတာပါ။
ဖက်ဆစ်စစ်တပ်နဲ့ စစ်ခေါင်းဆောင်များရဲ့ လမ်းဆုံးဟာ လူထုနဲ့ တော်လှန်ရေး အစုအဖွဲ့များရဲ့ စည်းလုံးမှု၊ ဟန်ချက်ညီမှု၊ ပြည်သူတွေရဲ့ တောင့်ခံနိုင်မှု ဇွဲနဘဲ တော်လှန်ရေးတောင်းဆိုချက်များကို အချိန်မှီဖြည့်တင်းပေးနိုင်မှုတို့အပေါ်မှာ မူတည်နေပါတယ်။
အာဏာရူးမင်းအောင်လှိုင်နဲ့ ဖက်ဆစ်စစ်တပ်ရဲ့ ကျဆုံးခန်းကို မြင်ချင်ရင်တော့ ပြည်သူတွေ အနေနဲ့ ပိုပြီးအားကောင်းတဲ့ ကူညီထောက်ပံ့မှုမျိုးစုံမှာ အားစိုက်ဖို့ လိုသလို နိုင်ငံရေးအလှည့်အပြောင်းနဲ့ ကစားကွက်များကိုလည်း မျက်ချေပြတ် မခံကြပဲ အားမလျော့ပဲ စိတ်ရှည် ဇွဲရှိကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။
ပြည်သူသန်း ၄၀ ကျော်ရဲ့ စိတ်ဆန္ဒကို စစ်ခေါင်းဆောင်များ ဘယ်လိုထန်းလက်နဲ့ ကာမလဲ သူတို့အတွက် သေပေးမဲ့ စစ်ခွေးတွေဟာလည်း တစ်စနဲ့ တစ်စ လျော့လာတာနဲ့ အမျှ စစ်ရေး အနိုင်အရှုံးဟာလဲ စကားပြောလာတော့မှာပဲ ဖြစ်ပါတယ်။
နိုင်ငံရေး စစ်ရေး မဟာဗျူဟာ ကျကျ ချိတ်ဆက်လှုပ်ရှားမှု၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်များအနေနဲ့ စစ်စည်းကမ်းများကို တင်းကြပ်စွာလိုက်နာနိုင်ခြင်း၊ အမိန့်နာခံမှု၊ ယန္တရားအဆင့်ဆင့်ကို တည်ဆောက်နိုင်ခြင်းနှင့် ချိတ်ဆက်ပူးပေါင်း လုပ်ဆောင်နိုင်ခြင်းများဟာ တော်လှန်ရေးကို အထိအခိုက်အကျအရှုံးအနည်းဆုံးနဲ့ အောင်ပွဲကို ဖော်ဆောင်ပေးမှာ ပဲဖြစ်ပါတယ်။
မကြာမီ မြန်မာပြည်သူတွေအတွက် ကြီးမားတဲ့ အလှည့်အပြောင်း လာမှာဖြစ်လို့ ဒီမိုကရေစီ ယုံကြည်ချက်တွေ အတွက်ကတော့ ပြည်သူများအနေနဲ့ ဆုတောင်းနေတာထက် အယောက်စီတိုင်း နိုင်ငံရေးကို ပါဝင်မှု နိုးကြားမှုကို ပိုပြီး အားစိုက်ထုတ်ဖို့ တိုက်တွန်းလိုပါတယ်။ သတင်းအချက်အလက်၊ နည်းပညာ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ လူမှုရေး၊ ဘဏ္ဍာရေး စတဲ့ ကဏ္ဍပေါင်းစုံကနေ နိုင်တဲ့ဘက်ကနေ တော်လှန်ရေးမှာ ပူးပေါင်းကြရမှာဖြစ်ပါတယ်။
တော်လှန်ရေးအတွက် အထောက်အပံ့ကောင်းများ
စစ်တပ်နဲ့တကွ တပ်မိသားစုဝင်များရဲ့ စီးပွားရေးများကို အားမပေးခြင်း၊ လူသတ်လက်နက်ဝယ်ယူရာ ကဏ္ဍ မိမိတိုင်းပြည်နှင့် ပြည်သူကို ဖိနှိပ်ရန် ကဏ္ဍများကို သုံးစွဲမည့် ဝင်ငွေများကို မစီးဆင်းစေခြင်း၊ ဝင်ငွေ ဒေါက်တိုင်များကို ဦးတည်တိုက်ခိုက်ဖြိုလဲခြင်း၊ စစ်ခေါင်းဆောင်နှင့်တကွ ၎င်းမိသားစုဝင်များအနေဖြင့် ၎င်းတို့၏ ဖိနှိပ်ခံ ပြည်သူများ အပေါ်တွင် အမြတ်ထုတ်မှုများအား အရှက်ရစေခြင်းကဲ့သို့ လုပ်ဆောင်မှုများကို အားပေးပါတယ်။
လေယာဉ်မပျံသန်းရ ဇုန် သက်မှတ်ခြင်း (No Fly Zone) ဖော်ဆောင်ရေးကဏ္ဍမျိုးတွင် နိုင်ငံတကာအနေဖြင့်သော် လည်ကောင်း၊ နိုင်ငံတကာကို ဖိအားပေးခြင်းအားဖြင့်သော်လည်းကောင်း ထိရောက်တဲ့ အကူအညီမျိုး၊ စိုးရိမ်ပူပန်တာထက် ထိရောက်တဲ့ လူသားချင်းစာနာမှုမျိုး လူသားမျိုးနွယ်စုအပေါ်အကာအကွယ်ပေးမှုမျိုးအပေါ် ဖိအားပေး မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။
မထိရောက်တဲ့ ထုတ်ပြန်ကြေငြာစာများအစား တက်ကြွစွာ လူမှု ကူညီကယ်ဆယ်ရေးအထောက်အပံ့မျိုး၊ စစ်ဘေးရှောင်များ အတွက် ခိုလှုံရာနှင့် ဘဏ္ဍာငွေ အထောက်အပံ့ဆိုင်ရာ ကဏ္ဍများကို ပိုမိုအားစိုက်လာအောင် ဖိအားပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့နိုင်ငံများအနေနဲ့ အကျိုးစီးပွားအရ စစ်ကောင်စီအား စစ်လက်နက်များ ရောင်းဝယ်ဖောက်ကားခြင်းကို တရားဝင် ကန့်သတ်ခြင်းကဲ့သို့သော လုပ်ဆောင်မှုမျိုးအတွက် ထိထိရောက်ရောက် တွန်းအားပေး ဖိအားပေးရမှာ ဖြစ်ပါတယ်။
အာဏာဖီဆန်သူ သူရဲကောင်း CDMers များအတွက်၊ စစ်တပ်မှာ ပြည်သူရင်ခွင် ခုံလှုံလိုသူများ Militarty Defection များအတွက် ၎င်းတို့နှင့် ၎င်းတို့မိသားစုများအတွက် အသက်နှင့် လူမှုဘဝလုံခြုံရေး အာမခံချက်ပေးနိုင်သော အခြေအနေများ ဖန်တီးပေးနိုင်ခြင်းကလည်း စစ်တပ်ကို မြန်မြန်ပြိုလဲ စေပြီး လူထုတော်လှန်ရေးအောင်ပွဲကို မြန်မြန်ရရှိစေနိုင်မယ့် နည်းလမ်း များဖြစ်ပါတယ်။
ဒါအပြင် အရေးကြီးဆုံးအနေနဲ့ လက်ရှိ နိုင်ငံရေးဦးဆောင်နေသူများဟာ အာဏာရှင် စိတ်ကြိုက် နိုင်ငံရေး အကွဲအပြဲ မရောက်ဖို့ သွေးမကွဲပဲ သွေးစည်းဖို့လိုပါတယ်။ နိုင်ငံနဲ့ ပြည်သူကို ငဲ့ညာသော အားဖြင့် လုပ်သင့်တာ အရင်လုပ်ပြီး ပြည်သူများအပေါ် သစ္စာမဖောက်သော ကိုယ်ကျိုးစွန့်ခေါင်းဆောင်များအဖြစ် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် ကို အလျှင်အမြန် တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်တောင်းရင် ဤ တော်လှန်နှစ်ပတ်လည် စာစောင်အား နိဂုံးချုပ် ခွင့်ပြုပါ။
“ကျွန်တော်တို့နိုင်ငံက ပြည်သူတွေဟာ ငြိမ်းချမ်းရေးထက် တရားသောစစ်ကို မျှော်နေကြသူတွေပါ။ အငတ်ဘေးထက် နိုင်ငံအပေါ်မှာ နိုင်ငံတကာရဲ့ စီးပွားရေးအရ အလုံးစုံ ပိတ်ဆို့မှုကို မျှော်နေသူတွေပါ။ စစ်ပွဲတွေပြီးမှ ပွင့်ရတော့မယ့် ပန်းမို့လို့ လောလောဆယ်နိုင်ငံရဲ့ အဖိုးတန်ဆုံးသော သားသမီးရတနာတွေကို စတေးထားတယ် … တရားသော စစ် အမြန်ဆုံး အောင်နိုင်ပါစေ။”
#MPA #နွေဦးတော်လှန်ရေး #တစ်နှစ်ပြည့် #အတွေးအမြင်
Tags: ArticleMPAMyanmar
Advertisement Advertisement Advertisement
ADVERTISEMENT
MPA

MPA

MPA

ဆက်စပ် သတင်းများ

စီးပွားရေး

ဝက်ထီးကန်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေ

May 15, 2025
ဝက်ထီးကန်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေ

By Nway / MPA ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေကြောင်း သိရသည်။ ယခုနှစ် နွေစပါးပေါ်ချိန်တွင် ဝက်ထီးကန်တိုက်နယ်၊ ပျဥ်းမအိုင်ရွာ နေ အသက် ၃၀...

Read more
by MPA
0 Comments
သတင်း

ကျောက်တော်မြို့ကို စစ်ကောင်စီထပ်မံ ဗုံးကြဲ ပြည်သူခုနှစ်ဦးသေဆုံး၊ ရခိုင်တွင် သုံးရက်ဆက် ဗုံးကြဲခံရမှုကြောင့် သေဆုံး သူ ၂၀ ကျော်ရှိလာ

May 15, 2025
ကျောက်တော်မြို့ကို စစ်ကောင်စီထပ်မံ ဗုံးကြဲ ပြည်သူခုနှစ်ဦးသေဆုံး၊ ရခိုင်တွင် သုံးရက်ဆက် ဗုံးကြဲခံရမှုကြောင့် သေဆုံး သူ ၂၀ ကျော်ရှိလာ

By Hlaing / MPA ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူခုနှစ်ဦးသေဆုံးခဲ့ရပြီး ရခိုင်ပြည်နယ်တွင် သုံးရက်ဆက်တိုက် ဗုံးကြဲခံရမှုကြောင့် သေဆုံးသူ ၂၀ကျော်ထိရှိလာကြောင်း သိရသည်။ ယနေ့(မေ ၁၅ရက်)၊ မွန်းလွဲ နှစ်နာရီခန့်က စစ်ကောင်စီသည်...

Read more
by MPA
0 Comments
နိုင်ငံရေး

စစ်ကောင်စီအပေါ် တရုတ်ထောက်ခံနေမှု လွဲမှားသည့် လောင်းကြေးထပ်မှုဟုကုလအကြံပေးဟောင်းများဆို

May 15, 2025
စစ်ကောင်စီအပေါ် တရုတ်ထောက်ခံနေမှု လွဲမှားသည့် လောင်းကြေးထပ်မှုဟုကုလအကြံပေးဟောင်းများဆို

By Mg Dagon / MPA တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေးပေါ် မျက်နှာပြောင်တိုက် ဝင်ရောက်စွက်ဖက်နေခြင်းနှင့် စစ်ကောင်စီအပေါ် စစ်ရေးအထောက်အပံ့ပေးနေခြင်းတို့သည် လွဲမှားသည့်လောင်းကြေးထပ်မှုတစ်ခု ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က ပြောဆိုလိုက်သည်။ လက်ရှိတရုတ်၏ လုပ်ရပ်များသည် စစ်ကောင်စီကို မကယ်နိုင်သည့်အပြင်...

Read more
by MPA
0 Comments
စစ်ဘေးရှောင်

ဘန်ကောက်စစ်ရှောင်စခန်း ဗုံးကြဲခံရမှု သတင်းပေးကြောင့်ဟုဆို အဆိုပါစခန်းကို လေကြောင်းတိုက်ခိုက်ခံရမှု သုံးကြိမ်ထိရှိလာ

May 15, 2025
ဘန်ကောက်စစ်ရှောင်စခန်း ဗုံးကြဲခံရမှု သတင်းပေးကြောင့်ဟုဆို အဆိုပါစခန်းကို လေကြောင်းတိုက်ခိုက်ခံရမှု သုံးကြိမ်ထိရှိလာ

By Bala / MPA ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် နယ်စပ်ရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ယင်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှု သုံးကြိမ်ထိရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့( မေ ၁၄ရက်)၊ ည ရှစ်နာရီ...

Read more
by MPA
0 Comments
ပညာရေး

ဂန့်ဂေါမြို့အနီးရှိ စာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်ပြန်

May 15, 2025
ဂန့်ဂေါမြို့အနီးရှိ စာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်ပြန်

By Hsu Yee/MPA မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်တွင် ညအချိန်၌ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ ကြောင်း သိရသည်။ မေလ ၁၄ ရက်၊ည ၁၁ နာရီကျော်တွင်ဂန့်ဂေါမြို့အနီးရှိ လာပို့ရွာ ‌စာသင်ကျောင်းကို လေကြောင်း...

Read more
by MPA
0 Comments
စစ်ရေး

ခင်မွန်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် ဓားဖြင့်မွှန်းပြီး သေနတ်ဖြင့် ပစ်သတ်၊လူငယ်၂၀အား ဖမ်းဆီးသွား

May 15, 2025
ခင်မွန်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် ဓားဖြင့်မွှန်းပြီး သေနတ်ဖြင့် ပစ်သတ်၊လူငယ်၂၀အား ဖမ်းဆီးသွား

By Nway / MPA စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စစ်ကောင်စီတပ်က ရွာသားတစ်ယောက်ကို ဓားဖြင့်မွှန်းပြီး သေနတ်ဖြင့် ပစ်သတ်ကာ လူငယ်၂၀ အား ဖမ်းဆီးသွားကြောင်း သိရသည်။ မေလ ၁၃ရက်၊ ည ၈နာရီ...

Read more
by MPA
0 Comments
စစ်ဘေးရှောင်

ဒီးမော့ဆိုအရှေ့ခြမ်းရှိ နေအိမ်များ ဗုံးခိုကျင်းမတူးပါက ဒဏ်ငွေငါးသိန်းဆောင်ရမည်ဟု IEC ဆို

May 7, 2025
ဒီးမော့ဆိုအရှေ့ခြမ်းရှိ နေအိမ်များ ဗုံးခိုကျင်းမတူးပါက ဒဏ်ငွေငါးသိန်းဆောင်ရမည်ဟု IEC ဆို

By Bala / MPA ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ဗုံးခိုကျင်းမတူးသည့်နေအိမ်များကို ဒဏ်ကြေးအဖြစ် ကျပ်ငါးသိန်းကောက်ခံမည်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ၊ဒုတိယအပတ်ကစတင်ပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ပြည်သူများအား သက်ဆိုင်ရာ ရွာအလိုက် လူထုတွေ့ဆုံပညာပေးခြင်းများပြုလုပ်ခဲ့ပြီးနောက် မတ်လ...

Read more
by MPA
0 Comments
နိုင်ငံရေး

ရုရှားက မြန်မာ့လွတ်လပ်ရေးတွင် ပါဝင်ကူညီခဲ့ဟု ရုရှားသံအမတ် ဝါဒအမှားဖြန့်

May 7, 2025
ရုရှားက မြန်မာ့လွတ်လပ်ရေးတွင် ပါဝင်ကူညီခဲ့ဟု ရုရှားသံအမတ် ဝါဒအမှားဖြန့်

By Mg Dagon / MPA ရုရှားနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင်ရရှိခဲ့သော မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအတွင်း ပါဝင်ကူညီပေးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ် Iskander Azizov က ပြောကြားလိုက်သည်။...

Read more
by MPA
0 Comments
စစ်ရေး

ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချ

May 7, 2025
ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချ

By Bala / MPA ကရင်နီပြည်နယ်၊ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့( မေ ခြောက်ရက်) ၊ ည ၁၀နာရီ ၅၀မိနစ်တွင် စစ်ကောင်စီက...

Read more
by MPA
0 Comments
စစ်ရေး

ပုလောမြို့ပေါ်တွင် ဆိုင်ထိုင်အရက်သောက်နေသော ပျူသုံးဦး ပစ်ခတ်ခံရပြီး သေဆုံးဟုဆို

May 7, 2025
ပုလောမြို့ပေါ်တွင် ဆိုင်ထိုင်အရက်သောက်နေသော ပျူသုံးဦး ပစ်ခတ်ခံရပြီး သေဆုံးဟုဆို

By Ra Wai / MPA တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်တွင် ဆိုင်ထိုင် အရက်သောက်နေသော ပျူစောထီးသုံးဦးကို PDF တို့ ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်းသိရသည်။ ‌မေလ ခြောက်ရက်၊ ညနေ ငါးနာရီခွဲခန့်တွင် ပုလောမြို့၊ အမှတ်နှစ်ရပ်ကွက်ရှိ...

Read more
by MPA
0 Comments
Load More
Please login to join discussion

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In