• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Subscribe (Ks 1,500/Week)
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
30 May 2023
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

32 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

မြန်မာ့စစ်အာဏာသိမ်းမှုကြားရခိုင်ဒေသမူးယစ်ဆေးဝါးပြဿနာ

MPA by MPA
Jan 25, 2022
in ဆောင်းပါး
0
0
Share on FacebookShare on Twitter

(Special Report ,Drug Issue) Kaung Mrat Naing / MPA
မြန်မာပြည်ပဋိပက္ခ
” ရခိုင်ပြည်နယ်သည် လူမျိုးရေးတင်း မာမှုနှင့် ပဋိပက္ခများကြီးစိုးရာဒေသဖြစ်နေရုံသာမက မြန်မာနိုင်ငံ နှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပြင်းထန်သည့် ငြင်းခုန်မှုများအရှိဆုံးနှင့် ဝေဖန် စောင့် ကြည့်အခံရဆုံး ဒေသတစ်ခုဖြစ်သည်။” ဟု ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က ဆိုထားသည်။
မြန်မာ့ဒီမိုကရေစီအပြောင်းအလဲနော က်ပိုင်း ရခိုင်မှာလူမျိုးရေးတင်းမာမှုနှင့်ပဋိပက္ခများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။
ရခိုင်လူမျိုးများနှင့်မွတ်ဆလင်များကြား ၂၀၁၂ ကဖြစ်ပွားခဲ့သည် ပဋိပက္ခကြီးထွားလာ မှုကြောင့် မြန်မာပြည်ထဲက တခြားဒေသတချို့သို့ပင် ကူးစပ်ဖြစ်ပွားခဲ့ဖူးသည်။
ထိုအပြင် ၂၀၁၆/၂၀၁၇ ခုနှစ်အတွင်းရခိုင်ပြည်နယ်၊မောင်တောဒေသတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ကြောင့် မွတ်ဆလင် ၇ သိန်းနီးပါး တစ်ဖက် ဘင်္ဂလာဒေ့ရ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြရသည်။
ထိုပဋိပက္ခအကျိုးဆက်ကြောင့်မြန်မာ နိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်များဖြင့် နိုင်ငံတကာတရားရုံး (ICJ)မှာ တရားစွဲဆိုထားသည်။
ထိုနောက် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ပြီးနောက် မြန်မာပြည်ပဋိပက္ခမှာ အပြင်းထန်ဆုံး၊ အမြင့်ဆုံးအခြေအနေသို့ ရောက်သွားခဲ့သည်။
မြန်မာပြည်စစ်အာဏာသိမ်းမှုနောက်ပို င်း ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါးပြဿနာ ပိုမိုဆိုးဝါးလာ နေသည်ဟု ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။
ထိုအထဲတွင်ဘင်္ဂလာဒေ့ရှ်နယ်စပ် မော င်တောခရိုင်မှာ အဆိုးဝါးဆုံးဖြစ်ပြီး အလယ်တန်း အဆင့် ကျောင်းသား လူငယ်တချို့မှာ မူးယစ်ဆေးဝါး(WY)သုံးစွဲမှုများ များပြားလာနေကြောင့်လည်း ဒေ သခံများက ဆိုသည်။
” ကျွန်မသားလေးကို ပိုက်ဆံပေးလို့မလောက်၊ဆုံးမလို့မရတာကြာလာတော့အေအေလက်ထဲသို့ အပ် လိုက်ပါတယ်။ ” ဟု မူးယစ်ဆေးဝါး(WY)စွဲနေသည့် ၈ တန်းကျောင်းသားတစ်ဦး၏မိခင်ဖြစ်သူက ဆိုသည်။
ထိုကဲ့သို့ မူးယစ်ဆေးဝါးစွဲနေကြသည့်၈ တန်း၊ ၉ တန်း၊၁၀ တန်းကျောင်းသားတချို့မှာ မိဘများ ထိန်း မနိုင်တော့ပါကရက္ခိုင့်တပ်တော်(AA) လက်ထဲသို့အပ်လိုက်ကာ လူငယ်များစာရိတ္တထိန်းသိမ်း ရေးများ ကို လေ့ကျင့်ပြုပြင်စေသည်ဟုမိသားစုဝင်များက ဆိုသည်။
” မြန်မာနိုင်ငံအရှေ့ပိုင်းမှ ရခိုင်ပြည်န ယ်အတွင်းရှိ မောင်တောနှင့်ဘူးသီးတောင်မြို့တို့ကိုဖြစ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇာ(Cox`s Bazar)သို့ မူးယစ်ဆေးဝါးများကို တရားမဝင် မှောင်ခိုကူးမှု များသည် မကြာမီနှစ်များအတွင်း သိသာစွာတိုးမြှင့်လာသည်ကိုတွေ့ရသည်။ ” ဟု ရခိုင်ကော်မရှင်ကဆို ထားသည်။
ရခိုင်ပြည်နယ်သည် အိမ်နီးချင်းဘင်္ဂလားဒေ့ရ်ှနှင့်အိန္ဒိယနိုင်ငံသို့ မူးယစ်ဆေးဝါးတင်ပို့သည့် အဓိက ပင်မလမ်း ကြောင်းတစ်ခုဖြစ်လာခဲ့သည်ဟုလည်းလူ့အခွင့်အရေးလှုပ်ရှားသူများ၏ အစီ ရင်ခံစာများက ဆိုသည်။

(ဓာတ်ပုံ-ရခိုင်ပြည်နယ်၊မောင်တောမြို့တွင် ၂၀၂၀ပြည့်နှစ်၊ဖေဖော်ဝါရီလ ၁၂ရက်နေ့က ဘာသာပေါင်းစုံ မှ အမျိုးသမီးနှင့်လူငယ်များ မူးယစ်ဆေးဝါးတား ဆီးကာကွယ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့စဉ် – ​Kaung Mart Naing / MPA)

ရခိုင်ပဋိပက္ခနှင့်မူးယစ်ဆေးဝါး
မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကပင်ယနေအထိ ရခိုင်မှာ ​ပဋိပက္ခပေါင်းစုံအ ကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။
ထိုအထဲရခိုင်ပြည်နယ်အတွင်း၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ဘာ သာရေးဆန်သော ပဋိပက္ခ ကြောင့် လူပေါင်း ၁၉ ၂ ယောက်သေဆုံးပြီး ၂၆၅ ယောက် ဒဏ်ရာရခဲ့ကာ နေအိမ်ပေါင်း ၈,၆၀၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင့်နှင့် ခန့်မှန်းခြေ လူပေါင်းတစ်သိန်းကျော် အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ကြရကြောင့် ရခိုင်ပြည်နယ်ပဋိပက္ခများစုံစမ်းစစ် ဆေးရေးကော်မရှင်၏၂၀၁၃ ခုနှစ် ဧ ပြီလ ၂၂ ရက်နေ့ထုတ် အစီရင်ခံစာမှာဖော်ပြထားသည်။
ထိုနောက် ၂၀၁၆ ခုနှစ်၊အောက်တိုဘာ လတွင် မောင်တောမြို့နယ်မှာ လုံခြုံ ရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက် ခံရမှုများနှင့် ၂၀၁၇ သြဂုတ်လ တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး ထိုဖြစ်စဥ်များမှာ မူးယစ်ဆေးဝါး ပြဿနာ များနှင့်လည်း ဆက်စပ်နေကြောင့် သုံးသပ်ပြောဆိုခဲ့ကြသည်။
ထိုဖြစ်စဥ်တွင် အစိုးရလုံခြုံရေးတပ်ဖွဲ့ ဝင်များ၏နယ်မြေရှင်းလင်းရေးခေါင်းစဥ်တပ် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပဋိပက္ခမှာ နိုင်ငံတကာစောင့်ကြည့်မှုများအထိ ကြီးထွားခဲ့ရသည်။
အဆိုပါ ၂၀၁၇ သြဂုတ်လဖြစ်စဉ်ကြော င့် သြဂုတ်လ ၂၅ ရက်နေ့မှ ၂၀၁၈ မတ် လအထိ ရိုဟင်ဂျာ (မူရင်း အသုံးအနှု န်း) ကျေးရွားပေါင်း ၃၆၂ ရွာ မီးရှုံ့ခံခဲရပြီးလူပေါင်း ၆၈၀၀၀၀ ကျော် အိုးအိမ် စွန့်ခွါ ထွက်ပြေးနေကြရကြောင့် လူ့အ ခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Right Watch-HRW) က ၂၀၁၈ ခုနှစ်၊မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
” အဲဒီတုန်းက အာဆာဆိုသူတွေက လုံခြုံရေးကင်းစခန်းတွေကို ဝင်ထွက်သွားနေကြ သူတွေပါ။ တချို့ က ဒါနာ(မူးယစ်ဆေးဝါး)လုပ်နေသူတွေပါ။နောက်တော့ စခန်းတွေအတိုက်ခံရတယ်ကြားပြီး အကုန်လုံး ထွက်ပြေးသွားကြရတာပါပဲ” ဟု မောင်တောမြို့မှ မွတ်ဆလင်တစ်ဦးက ပြောပြသည်။
ထိုပဋိပက္ခများအပြင် ၂၀၁၈ ခုနှစ်၊အောက်တိုဘာလကစတင်ဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာစစ် တပ်တို့ကြား လက်နက်ကိုင်ပဋိပက္ခများကြောင့် ရခိုင်ပြည်သူသိန်းနှင့်ချီပြီး ထွက်ပြေး နေကြ ရကာ သေဆုံးထိခိုက်ဒဏ်ရာရ၊ဖမ်းဆီးတရားစွဲဆိုခံနေရသူများလည်း ရှိနေသည်။
ရခိုင်မှာ ထိုသို့ပဋိက္ခပေါင်းစုံဖြစ်ပွားနေသကဲ့သို့ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်ဖောင်းကားမှုများလည်း ပိုမိုများပြားလာနေကြောင့် ရခိုင်ပြည်သူများက ဆိုသည်။
ယခင်က ဝယ်ယူသုံးစွဲရန်ခက်ခဲသောမူးယစ်ဆေးဝါး(WY) ဆေးပြားများမှာ ကွမ်းယာဆိုင်၊ လက်ဖက် ရည်ဆိုင်၊ ဘီယာဆိုင်များမှာပါ အလွယ်တကူဝယ်ယူ၍ရနိုင်သကဲ့သို့ ဆေးပြားတစ်ပြား၏ တန်ဖိုးမှာ လက်ဖက်ရည်တစ်ခွက်၏ တန်ဖိုးဖြစ်သော ၅၀၀ ကျပ်မှ ၈၀၀ ကျပ်အတွင်းတွင်သာရှိတော့ကြောင့်ဝယ်ယူသုံးစွဲဖူးသူတချို့က ဆိုသည်။
ရခိုင်ဒေသခံများက အစိချေဟုခေါ် သော မူးယစ်ဆေးဝါး(WY) ရောင်းချသူများမှ ဆေးပြားများ ရောင်းပေး သည့်အပြင် သုံးစွဲရန်လိုအပ်သည့် ခဲပြား၊ပိုက်၊မီးခြစ်တို့ကိုပါ အဆင်သင့်ပေးပြီး နေရာ (လုံခြုံသော) အတွက်ပါ စီစဉ်ပေးထားသေးကြောင့်လည်း ထိုနေရာများသို့ ရောက်ဖူးသူတချို့ကပြောပြ သည်။
” ဆင်းရဲနွမ်းပါးမှုနှင့်နိမ့်ကျသည့် လူမှု ရေးဝန်ဆောင်မှုလုပ်ငန်းများကိုသာရရှိသည့်အခြေအနေများသည် လူတို့အားမူးယစ်ဆေးဝါးဆိုင်ရာပြစ်မှုများကျူး လွန်ခြင်းနှင့်မူးယစ်ဆေးဝါးသုံးစွဲသူများ ဖြစ်လာစေ သည့် အကြောင်းများဖြစ်နိုင်ပါသည်။”
” မူးယစ်ဆေးဝါးနှင့်မှောင်ခိုမှုများသည်မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများကိုဖြစ်ပေါ်စေသည့် အကြောင်းရ င်းတစ်ခုအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့ပါသည်။” ဟု ရခိုင်ကော်မရှင်က ထောက်ပြ ပြော ဆိုထားသည်။
မူးယစ်ဆေးဝါးပြဿနာ
ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ အထူးသဖြင့် WY အမျိုးအစားများပျံ့နှံ့ပေါများနေသည်မှာ ဆယ်စုနှစ် တစ်ခုအထိ ကြာနေပြီဖြစ်သော်လ ည်း ယခုအချိန်မှာ အပေါများဆုံး၊ ဝယ်ယူရ အလွယ်ဆုံး ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
လက်ရှိရခိုင်ပြည်၏မူးယစ်ဆေးဝါးပြ ဿနာမှာ ကွမ်းယာ၊ဆေးလိပ်ဝယ်သကဲ့သို့ အလွယ်တကူ ဝယ်ယူ သုံးစွဲ၍ရနေခြင်းကြောင့်ဟု ဒေသခံများက ထောက်ပြကြသည်။
“မိဘတွေက မုန့်ဖို့ပေးလိုက်ပေမယ့် ကျောင်းသားတွေက ဆေးတွေ၀ယ်သုံး နေကြပါတယ်။ အစိချေ (WY) တစ်လုံးကို ငါးရာ၊ခြောက်ရာနဲ့ ကြိုက်သလို ၀ယ်လို့ရတော့ ကျောင်းသားအရွယ်လူငယ်တွေ ဆေးသုံးစွဲနေတာတွေ အများကြီးပါ။ညဘက်တွေဆိုရင်လည်းသာမ န်လူတွေ ၀င်လို့မရပေမယ့် ဆေး၀ယ် မယ့်သူတွေကတော့ သွားချင်တဲ့အချိန်သွားလို့ရနေပါတယ်။” ဟု ဒေသခံတစ်ဦးက သူမြင် တွေ့နေရသည်များကို ဆိုသည်။
ထိုမူးယစ်ဆေးဝါး(သို့မဟုတ်) အရက်ကို အချိန်တိုင်း၊နေ့တိုင်း သောက်ချင်၊ သုံးစွဲချင် စိတ်ဖြစ်ခြင်း၊ ယင်း မူးယစ်ဆေးဝါး(သို့မဟုတ်)အရက်၏ ဆိုးကျိုးများကို သိနေသော်လည်း ဂရုမစိုက်ဘဲ ဆက်သုံး နေမိခြင်း၊ ယင်းသို့ဖြစ်နေပါက ထိုသူသည် ဆေးစွဲခြင်း၊အရက်စွဲခြင်းကို ခံနေရပြီဟု စိတ်ကျန်းမာရေးပ ညာရှင်များက ဆိုကြသည်။
ထိုမူးယစ်ဆေးဝါး(WY)အငွေ့သည်  ဦး နှောက်မှ ဓါတ်ပစ္စည်းများ ထွက်လာအောင် လုပ်ပေးသည်။ ယင်းကြောင့် အစိချေ(မူးယစ်ဆေးဝါး)ရှုထားသူသည် ပျော်လာမည်၊စိတ်တက်ကြွလာမည်၊ အစာမစား ချင်ဖြစ်လာမည်၊ မအိပ်ချင်ဖြစ်လာမည်၊ မှတ်ဉာဏ်ကောင်းအောင်၊ အာရုံစူးစိုက်မှုရအောင် ကူညီပေး မည်ဖြစ်ကြောင့်နှင့်ထိုမူးယစ်ဆေးဝါး(WY) ကို အရေအတွက်များများရှုမိပါက နှလုံးခုန်နှုန်း မြန်လာ မည်၊ သွေးဖိအားများလာမည်၊ ကိုယ်အပူချိန်မြင့် လာမည်ဖြစ်ကြောင်း စိတ်ကြွရူးသွပ်ဆေးနှင့် သက် ဆိုင်သည့် သုတေသနစာတမ်းများတွင် ဖော်ပြထားသည်။
” ရခိုင်မှာ ငွေကြေးချမ်းသာသူအများစုဟာ သူတို့ကိုယ်တိုင် မူးယစ်ဆေးဝါးလုပ်ငန်းနဲ့မကင်းသလို သားသမီး တွေကိုလည်း ဂရုမစိုက်သလို ဖြစ်နေကြပါတယ်။ မိဘတွေက ပိုက်ဆံချမ်းသာတော့ ပိုက်ဆံ ကို စိတ်ကြိုက်ပေထားတယ်။ သားသမီးတွေကတော့ ရတဲ့ပိုက်ဆံနဲ့ ဆေးသုံးပြီး ဖြစ်ချင်သလို ဖြစ်နေ ကြပါတယ်။” ဟု ရခိုင်ဒေသခံတစ်ဦးကသူ့မြင်တွေ့နေရသည်များကို ပြောပြသည်။
ထိုဆေးကို အနည်းငယ်သုံးစွဲမည်ဆိုပါက အာရုံစူးစိုက်မှုကို အထောက်အကူပြု ပေးသည်ဟုဆို သော် လည်း များလျှင်ရူးသွားနိုင်သည်ဟု ပညာရှင်များက ဆိုကြသည်။
ယင်းကြောင့် စိတ်ကြွရူးသွပ်ဆေး(အစိချေ)ကို ထိုင်းနိုင်ငံတွင် Yaba ဟုခေါ်ကြခြင်းဖြစ်၏။Yaba(ရာမ) ဆိုသည်မှာ ထိုင်းဘာသာစကားဖြင့် “ရူးစေသောဆေး”ဟု အဓိပ္ပါယ်ရသည်။
ရသေ့တောင်မြို့နယ်ဆရာဝန်ဒေါက် တာတင်မြင့်ဦးက“ဆိုးကျိုးကိုပဲ အဓိက ဦးတည် စေတယ်။ လူငယ် တွေအနေနဲ့ အဲဒါကို မစမိဖို့လိုတယ်။” ဟု မူးယစ်ဆေးဝါးအန္တရာယ်ကို ပြောပြသည်။
ထိုမူးယစ်ဆေးဝါး(အစိချေ)သံသရာထဲမှ ရုန်းမထွက်နိုင်ကြသေးသည့် လူငယ်များက ” စမိလျှင်တော့ ပြန်ဖြတ်ရန်ခက် ခဲသည်” ဟု သူတို့လက်ရှိကြုံနေရသည့် အခြေအနေကို ပြောပြကြသည်။
ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးပြဿနာကို အဖြေရှာဖြေရှင်းလို့ပါကအဓိကပင်မကို မြေလှန် ဖော်ထုတ်ဖမ်းဆီးအရေးယူရန်လိုအပ်သည်ဟု ဒေသခံများက ဆိုသည်။
ရခိုင်ကော်မရှင်က ” ရခိုင်ပြည်နယ်အ တွင်း မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့်သုံးစွဲမှုများသည် တစ်နေ့ တစ်ခြား ကြီးမားလာသည့် စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေပါသည်။ထိုအခြေအနေအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးထားဖြေရှင်းရန် အရေးတကြီးလိုအပ်နေပါ သည်။” ဟု ဆိုထားသည်။
(ဓာတ်ပုံ-ရခိုင်ပြည်နယ်၊မောင်တောမြို့တွင် ၂၀၂၀ပြည့်နှစ်၊ဖေဖော်ဝါရီလ ၁၂ရက်နေ့က ဘာသာပေါင်းစုံ မှ အမျိုးသမီးနှင့်လူငယ်များ မူးယစ်ဆေးဝါးတား ဆီးကာကွယ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့စဉ် – ​Kaung Mart Naing / MPA)

ပြည်ထောင်စုငြိမ်းချမ်းရေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၇ ခုနှစ်၊မေလ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁) ရာစု ပင်လုံ၊ ဒုတိယအ စည်းအဝေးမှာ ပြည်ထောင်စုသဘော တူစာချုပ်၊အစိတ်အပိုင်း(၁)ကို လက်မှတ် ရေးထိုးခဲ့ကြသည်။
ထိုသဘောတူစာချုပ်၏လူမှုရေးကဏ္ဍမူဝါဒသဘောတူညီချက်များထဲမှ အချက်၄မှာ ” မူးယစ်ဆေးဝါး ဆိုင်ရာကိစ္စရပ်များကို အမျိုးသားရေးပြဿနာ၊နို င်ငံရေး၊လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေး ပြဿနာ အဖြစ်သတ်မှတ်၍ ထိရောက်စွာ တားဆီးကာကွယ်၊တိုက်ဖျ က်နိုင်ရေး အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် စီမံချက်ချမှတ်ဆောင်ရွက်ရန်။” ဟု ဖော်ပြထားသည်။
” ရခိုင်က မူးယစ်ဆေးလမ်းကြောင်းဖြစ်နေတာကြာပါပြီ။ ခုတော့ တကယ့်ကို မူးယစ်ဆေးဝါးနယ်မြေ တစ်ခုလို ဖြစ်နေတယ်။သူတို့ပဲ အခြေခံလုပ်စားနေသလို ဖြစ်နေတယ်။ကျနော်တို့ဒေသက တော်တော် လေး ကို ဆိုးဝါးနေပြီ။ အဲဒီလိုပဲ လက်နက်ကိုင်တွေကပဲ ကယ်ရီလုပ်တယ်။သူတို့ကပဲ လာဘ်ပေးလာ ဘ်ယူ သူတို့လုပ်တယ်။အဲလိုနဲ့ပဲကျနော်တို့ဆီမှာ လူငယ်တွေတော်တော်လေး ပျက်စီးနေကြတယ်။” ဟု ရခိုင်ဒေသခံတစ်ဦးက သူ့အမြင်ကို ပြောသည်။
NLD အစိုးရလက်ထက်က ” မြန်မာတစ် နိုင်ငံလုံးအတွက်မူးယစ်ဆေးဝါးရောင်း ၀ယ်ဖောက်ကားမှု များကို အမြစ်ပြတ်အောင် ဖမ်းဆီးအရေးယူဖို့” အမျိုးသားလွှတ်တော်မှာတိုက်တွန်းခဲ့ဖူးသည်။
ထိုအပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာဥပဒေကို ပြင်ဆင် သည့် ဥပဒေကို ပြည် ထောင်စုလွှတ်တော်ဥပဒေအမှတ် ၆ အ ဖြစ်၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရ က်နေ့က နိုင်ငံတော်သမ္မတဦးထင်ကျော်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြု
ပြဋ္ဌာန်းခဲ့သည်။
” ဤဥပဒေပြဋ္ဌာန်းချက်များကို အကော င်အထည်ဖော်ဆောင်ရွက်သည့် ပြည် ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနများသည် ကာကွယ်ရေး၊ကုသရေး၊စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှု အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ များနှင့် မြန်မာနိုင်ငံကသဘောတူလက်မှတ်ရေးထိုးထားသည့် မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများတရားမဝင်သယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းများတွင်ပါဝင်သည့် ရည်ရွယ် ချက်များ၊ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီစေရေး ကိုထည့်သွင်း စဉ်းစားဆောင် ရွက်ရမည်။” ဟု ဖော်ပြပါရှိသည်။
မူးယစ်ဆေးဝါးပြဿနာမှာ အကြမ်းဖက်မှုပြဿနာများလည်းရှိနေပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆို င်ရာပြောင်းလဲမှုများမှတဆင့် ပြစ်မှုများကျူးလွန်နေကြသလို မူးယစ်ဆေး ဝါးသယ်ဆောင် ရောင်းဝယ်ထုတ်လုပ်မှု အပိုင်းများမှာလည်း စနစ်တကျစီစဉ်ထားမှုများကြောင်း စျေးကွက်ယှဉ်ပြိုင်မှု များ အတွက်အကြမ်းဖက်မှု၊လူသတ် မှုများအထိ ဖြစ်လာနေကြောင့်လည်း မူးယစ်ဆေးဝါးပြဿနာကို စောင့်ကြည့်လေ့လာသူများက ဆိုသည်။
မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှု နောက်ပိုင်း ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါးပြဿနာ ပိုမို များပြားလာပြီး နောက်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးရမိမှုတချို့ရှိသော်လည်း ပင်မပိုင်ရှင် အစစ် အမှန်များကို ဖမ်းဆီးရမိခြင်းမရှိသည်မှာ အာဏာရှိသူတချို့လည်းပါ ဝင်ပတ်သက်နေခြင်းကြောင့်ဟု ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။
” ရခိုင်ပြည်နယ်ဟာ မူးယစ်ဆေးဝါးလ မ်းကြောင်းရဲ့ပင်မဒေသဖြစ်တယ်။ တားဆီးနှိမ်နင်းဖို့အတွက် သက်ဆိုင်ရာတွေက တာ၀န်ပေါ့လျော့မှုတချို့ ရှိနေတယ်။” ဟု ရခိုင်က မူးယစ်အထူးတပ်ဖွဲ့မှ ရဲအရာရှိ ကြီးတစ်ဦးက ပြောဆိုထား သည်။
မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့်မှောင်ခိုမှုများသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းတစ်ခုအဖြစ် နှစ်ပေါ င်းများစွာတည်ရှိခဲ့သည်။
” ရခိုင်ပြည်နယ်တွင်လည်း Arakan Arm y-AAနှင့် Arakan Rohingya Salvation Army – ARSA တို့သည် ၎င်းတို့၏လှုပ် ရှားမှုများကို မူးယစ်ဆေးဝါးမှောင်ခိုလု ပ်ငန်းမှရရှိသော ဝင်ငွေများကိုအသုံးပြု ၍ လုပ်ဆောင်နေကြသည်ဟူသည့် သ တင်းများဖြစ်ပေါ်နေပါသည်။”
” အစိုးရဝန်ထမ်းများသည်လည်း မူးယ စ်ဆေးဝါးရောင်းဝယ်မှုများတွင်ပါဝင်မှုရှိသည်ဟု စွပ်စွဲမှုများ လည်း ရှိပါသည်။ ထိုအခြေအနေများကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်တွင် တရားဥပဒေ စိုးမိုးမှုများ အားနည်းခဲ့ပါသည်။” ဟု ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံ စာမှာ ဖော်ပြထားသည်။
မူးယစ်ဆေးဝါးအန္တရာယ် ရခိုင်ပြည်နယ်အတွင်း လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု၊ပျံ့နှံ့မှုပမာဏမှာ တိကျ သေချာသည့် စစ်တမ်းအထော က်များမရှိသော်လည်း အလွန်စိုးရိမ်ထိတ်လန့်ဖွယ်ရာ အခြေ အနေသို့ ရောက်နေပြီဟု စောင့်ကြည့်လေ့လာသူများနှင့်ဒေသခံများက ထောက်ပြပြောဆိုကြသည်။
ရခိုင်မှာမူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ရေးအတွက် အာဏာလက်ဝယ် ရှိသည့် အဖွဲ့ အစည်းများအနေ ဖြင့် ကြပ်ကြပ်မတ်မတ်၊ခြွင်းချက်မရှိ ပြင်းပြင်းထန်ထန်အရေးယူရန်လိုကြော င်း၊လက်ရှိတွင် ပျက်ကွက်နေသည်ကိုတွေ့ရကြောင်းဒေါက်တာတင်မြင့်ဦးကထောက်ပြသည်။
“အကိုင်းအခက်လေးတွေပါမကျန်၊ပင် စည်ပါမကျန် နုတ်ပစ်ရမယ့် အမျိုး သားရေးအန္တရာယ်လို့ ကျွန်တော်မြင်ပါတယ်။တော်တော်ကြီးကို စိတ်ပျက်ဖို့ကောင်းပါတယ်။”ဟု သူက ဆိုသည်။
” မြန်မာအစိုးရအနေဖြင့် ပြည်သူ့ကျန်း မာရေး၊လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးရေးတို့ကို အခြေခံကာ သက် ဆိုင်သည့် အခြေ အနေအရပ်ရပ်ကို ထည့်သွင်းစဥ်စား၍ ဖော်ဆောင်ထားသည့် မူးယစ် ဆေးဝါးတိုက်ဖျက်ရေး နည်းလမ်းတစ်ခုကို ချ မှတ်ရန်လိုအပ်သည်။”
” ဥပဒေနှင့်မကိုက်ညီသည့် လုပ်ငန်းများ သည် ပဋိပက္ခဖြစ်ပွားသည့်ဒေသများတွင် အလွယ်တကူ ကြီး ထွားလာနိုင်သ ည်ဖြစ်ရာ အစိုးရအနေဖြင့် ရခိုင်ပြည် နယ်မြောက်ပိုင်းမှ မွတ်ဆလင်လူ့အဖွဲ့အစည်း  အား လူမှုရေး၊ စီးပွားရေး နှင့်နိုင်ငံရေးကဏ္ဍများတွင်ပါဝင်လာ နိုင်စေရန် ကြိုးစား ဆောင်ရွက် ပေးသင့်ပါသည်။”
” ထို့ကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် သွားလာလှုပ်ရှားမှုများနှင့်ပတ်သက်သော ကန့်သတ်ချက်များ ကို ဖယ်ရှားပေးခြင်းဖြင့် ပြည်သူ့ဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီစေရန်နှင့်အသက် မွေးဝမ်းကျောင်း အခွင့်အလမ်းများ တိုးတက်လာစေရန်ဆောင်ရွက်သင့်ပါသည်။” ဟုလည်း ရခိုင်ကော်မရှင်က အကြံပြု ထားသည်။
လူညွှန့်တုံးစေလောက်သည့်အထိ လူထုကို ခြိမ်းခြောက်နေသော စိတ်ကြွရူးသွ ပ်ဆေး(WY)(သို့မဟုတ်) အစိချေကိုသုံးစွဲခြင်းကြောင့် ပြန်ပြန်၍မရသည့်၊ မူလအတိုင်း ပြန်ဖြစ်မလာနိုင်သော ဦးနှောက်ထိခိုက်မှု (permanent brain damage)ရနိုင်‌ကြောင်း ဒေါက်တာတင်မြင့်ဦးက ပြောသည်။
“မလုပ်မိဖို့လိုတယ်။ လုပ်မိရင်တော့ အဲ ဒီသံသရာထဲက ရုန်းထွက်လို့မရတော့ဘူး။ပိုလို့ ဦးနှောက်တွေ ပျက်စီးလာမယ်။တကယ့်ကို ဆေးသမာဘ၀ကို လုံး လုံးရောက်သွားမယ်ပေ့ါ။” ဟု သူ က ပြောသည်။
ရခိုင်ကော်မရှင်က” အစိုးရနေဖြင့်ဘင်္ဂလားဒေ့ရှ်နယ်စပ်တ စ်လျှောက် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးအဖွဲ့အ စည်းများအတွင်း အကျင့်ပျက်မှုများ တိုက်ဖျက်ရေးကို တိုးမြှင့်ဆောင်ရွက် သွားသင့် ပါသည်။” ဟု အကြံပြုထားသည်။
” အစိချေ (မူးယစ်ဆေးဝါး)ကိစ္စကို ဖေ့ဘွတ်(Facebook) မှာ ပို့စ်တင်လို့ ကားနဲ့တိုက်သတ်ပလိုက်မယ်လို့ လူချင်းတွေ့ချိန်ခြိမ်းခြောက်ပြောဆိုဖူးပါတယ်။” ဟု ရခိုင်အခြေစိုက် သတင်းသမားတစ်ဦးက သူ့အား မူးယစ်ရာဇာတစ်ဦးက သတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှုကို ပြောပြသည်။
ရခိုင်ပြည်နယ်တစ်ခုလုံး၊မြို့ပေါ်ကျေးလက်မကျန် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအတွက် မူးယစ် ဆေး နှင့် ပတ်သက်သည့်ဆိုးကျိုးများ၊မသုံးစွဲသ င့်သည့်အကြောင်းများကို အသိပညာပေးမှုများ လုပ် ဆောင်ပေးရန် လိုအပ်နေကြောင်းနှင့် ထိုလှုပ်ရှားမှုများကို အာ ဏာပါဝါရှိသူများ ဦးဆောင်လုပ်သင့်
ကြောင့်လည်း လူ့အခွင့်အရေးလှုပ်ရှားသူများနှင့်ဒေသခံများကထောက်ပြ ပြောဆိုကြသည်။
ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိ ပညာပေး လှုပ်ရှားမှု တချို့ လုပ်ဆောင်ခဲ့သည့် အရပ်ဖက်အဖွဲ့အစည်းများကို နောက်ယောက်ခံလိုက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အသက်ကို အန္တရာယ်ပြုမည်အထိပြောဆိုမှုများကြောင့် ဆက်မလုပ်ရဲကြတော့ဟု ဆိုကြသည်။
(ဓာတ်ပုံ-ရခိုင်ပြည်နယ်၊မောင်တောမြို့တွင် ၂၀၂၀ပြည့်နှစ်၊ဖေဖော်ဝါရီလ ၁၂ရက်နေ့က ဘာသာပေါင်းစုံ မှ အမျိုးသမီးနှင့်လူငယ်များ မူးယစ်ဆေးဝါးတား ဆီးကာကွယ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့စဉ် – ​Kaung Mart Naing / MPA)

မူးယစ်ဆေးဝါးအ​မြစ်ပြတ်ရေး
” (က)လူသားတို့အား အညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြော င်းလဲစေသော ဆေးဝါးများ၏ ဘေး အန္တရာယ်ကို အမျိုးသားရေးတာဝန်အ ဖြစ် တားဆီးကာကွယ်ရန်၊”
” (ခ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများ တရားမဝင်သယ်ဆောင် ရောင်းဝယ်ခြင်းကို ဆန့် ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊”
” (ဂ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများ၏ ဘေးအန္တ ရာယ်ကို အသိပညာပေးရေးနှင့် ဆေး ဝါးသုံးစွဲသူများအား ကုသပေးရေး၊ ပြန်လည်ထူထောင်ပေးရေးတို့အတွက် ပိုမိုထိရောက်စွာ ဆောင်ရွက်ရန်၊”
” (ဃ) မူးယစ်ဆေးဝါးများ၊စိတ်ကိုပြော င်းလဲစေသော ဆေးဝါးများနှင့်စပ် လျဉ်းသည့် ပြစ်မှုကျူးလွန်သူများအား ပိုမိုထိရောက်သော ပြစ်ဒဏ်များ ချမှတ်ရန်၊”
” (င) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂကွန်ဗင်းရှင်းဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူး ပေါင်းဆောင်ရွက်ရန်။” ဟု မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေမှာ ရည်ရွယ်ချက်များအဖြစ်ဖော်ပြထားသည်။
ထိုကဲ့သို့ ဥပဒေပြဋ္ဌာန်းကာရည်ရွယ်ချက်များကို ထည့်သွင်းရေးဆွဲထားသော်လည်း အစိုးရဖက်က အကောင်အထည်ဖော်ဆောင်ရွက်မှုမရှိသလောက်န ည်းပါးနေကြောင့် ဒေသခံများက ဝေဖန် ပြောဆို နေကြသည်။
ထိုဥပဒေပြဋ္ဌာန်းချက်များအတိုင်းအ ကောင်အထည်ဖော်ဆောင်ရန် ရခိုင်ပြည်နယ်မှာ အလွန်အရေး ကြီးနေပြီး မူးယစ်ဆေးဝါးပင်ရင်းကိုဖြတ်ချရန်လိုအပ်သည်ဟုလည်း ဒေသခံများက ဆိုသည်။
“အဓိကပင်မနေရာတွေ၊ထုတ်လုပ်နေသူတွေ၊နောက်ကွယ်ကအကြီးဆုံးသူတွေကို ဖော်ထုတ်အရေးယူ ရပါမယ်။ အဲဒီပင်မစီးဆင်းလာတဲ့အရင်းအမြစ်တွေကို ဖျက်ဆီးရပါမယ်။” ဟု ဒေသခံတစ်ဦးက ပြော သည်။
ထိုအပြင် မူးယစ်ဆေးဝါးစွဲနေသည့် လူ ငယ်များကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုဘဝ ပြန်လည် တည်ဆောက်ရေးအတွက် သီးသန့်စင်တာများရှိရန်လည်း လိုအပ်နေကြောင့် ဒေသခံများက တောင်းဆို ထားကြသည်။
” အစိုးရအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူများ၏ ကျန်းမာရေးနှင့်မူးယစ်ဆေး ဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ် လာနိုင်သည့် ဘေးအန္တရာယ်များလျှော့ချရေးဆိုင် ရာ ဝန်ဆောင်မှုပေးခြင်းများကို ပိုမိုကောင်းမွန် လာ အောင် ဆောင်ရွက်ပေးသင့်ပါသည်။ မူးယစ်ဆေးဝါးသုံးစွဲသူ များအား ထိုသို့သောဝန်ဆောင်မှုများကို ၎င်းတို့ သဘောဆန္ဒအရသာ ရယူခွင့်ပြုရပါမည်။” ဟုရခိုင်ပြည်နယ်ဆိုင် ရာအကြံ ပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာမှာ အကြံပြုထားသည်။
ရခိုင်မှ မူးယစ်ဆေးဝါး(WY)စွဲနေမှုကို ဖြတ်ရန် အေအေလက်ထဲသို့အပ်လိုက်သည့် ၈တန်းကျောင်းသား တစ်ဦး ၏ မိခင်ဖြစ်သူက အစိုးရဖက်ကလုပ် ဆောင်ပေးမည့် ကျန်းမာရေးစောင့်ရှောက်မှု နှင့် ပြည်လည် ထူထောင်ပေးရေး စသည့် ဝန်ဆောင်မှုကိုလည်း လိုအပ်ကြောင့် ဆိုသည်။
” ကျွန်မသားလေးလို့ ဆေးဖြတ်ချင်တဲ့ကလေးတွေကို မိဘရှေ့မှာ ကုသခွင့်၊ စောင့်ရှောက်ခွင့်၊ ပြန်လည် ကုစားခွင့်ရဖို့အစိုးရမှာ မူးယစ်ဆေးဝါးကုစားရေးစင်တာတွေကို ရခိုင်မှာ ဖွင့်ပေးဖို့လိုအပ်နေပါတယ်။” ဟု သူမက တောင်းဆိုထားသည်။
ထိုအပြင် မူးယစ်ဆေးဝါးအကြီးစားထုတ်လုပ်သူများနှင့်မူးယစ်ရာဇာကြီးများ၊ပါဝင်ပတ်သက်သည့် အာဏာပါ ဝါရှိသူများကိုလည်း အရေးယူရန်လ ည်း တောင်းဆိုကြသည်။
ရခိုင်ဒေသခံကျောင်းဆရာမတစ်ဦးက ” လူသားအားလုံးကို အဆိပ်တွေရောင်းပြီး ကလေးတွေ အနာဂတ်ကို ဖျက်စီးနေတဲ့ မူးယစ်ရာဇာတွေကို ဖော်ထုတ်အ ရေးယူရပါမယ်။ သူတို့ကို အကာအကွ ယ်ပေးနေကြတဲ့ အာဏာပါဝါရှိသူတွေနဲ့ပတ်သက်နေသူတွေကိုလည်း ဖော်ထု တ်အရေးယူပြရပါမယ်။” ဟု သူမ၏သဘောဆန္ဒပြများကို ပြောသည်။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အပြီးသတ်အစီရင်ခံစာမှာ ” အစိုးရအနေဖြင့် တရားဥပဒေအရ အရေးယူဆောင်ရွက်မှုများပြုလုပ်ရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ၊ မူးယစ်ဆေးဝါး အသေး စားရောင်းဝယ်သူများအား အရေးယူရေးကိုသာအာရုံထား၍ လုပ်ဆောင်ခြင်းမပြုဘဲ မူးယစ် ဆေးဝါး အကြီးစားထုတ်လုပ်သူများနှင့် မူးယစ်ရာ ဇာကြီးများကို အရေးယူနိုင်ရေးကို ပိုမိုအာရုံထား ကြိုးစားသွားသင့်ပါသည်။” ဟု ထောက်ပြအကြံပြုတိုက်တွန်းထားသည်။
#ရခိုင် #MPA #မူးယစ်ဆေးဝါး #တရားဥပဒေ #မြန်မာ

Tags: ArticleDrugMPAMyanmarRakhineStateSpecialReportYouths
Advertisement Advertisement Advertisement
ADVERTISEMENT
MPA

MPA

MPA

ဆက်စပ် သတင်းများ

သတင်း

ပုလဲမြို့ပေါ်တွင် ကင်းပတ်နေသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁ ဦးသေဆုံး၍ ၇ ဦးထိခိုက်ဒဏ်ရာရ

May 30, 2023
ပုလဲမြို့ပေါ်တွင် ကင်းပတ်နေသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁ ဦးသေဆုံး၍ ၇ ဦးထိခိုက်ဒဏ်ရာရ

By MPA CJ008 စစ်ကိုင်းဒေသကြီး၊ ပုလဲမြို့ပေါ်တွင် ပတ်ကင်းထွက်လာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်အား မေလ၊ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း M7...

Read more
by MPA
0 Comments
သတင်း

စဥ့်ကူး စစ်ရှောင်ရွာများမှ တန်ဖိုးရှိပစ္စည်းနှင့် အိမ်မွေးတိရိစ္ဆာန်များကို စစ်တပ် ခိုးယူ

May 30, 2023
စဥ့်ကူး စစ်ရှောင်ရွာများမှ တန်ဖိုးရှိပစ္စည်းနှင့် အိမ်မွေးတိရိစ္ဆာန်များကို စစ်တပ် ခိုးယူ

By MPA CJ023 မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ စစ်ရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် အိမ်မွေးတိရိစ္ဆာန်တို့ကို စစ်ကောင်စီတပ် ခိုးယူကာ ထုံးကြီးရဲစခန်းသို့ပို့ဆောင်နေကြောင်း သိရသည်။ မေလ ၂၈ ရက်နေ့ ၊နံနက်ပိုင်းမှ စ၍ စစ်ရှောင်နေရသောကြောင့် လူသူမရှိသည့် သဲအင်းကျေးရွာနှင့်ကြက်တူရွေးကျေးရွာမှ...

Read more
by MPA
0 Comments
သတင်း

စစ်ကိုင်းမှ မုံရွာသို့သွားသော စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်သား ၅ ဦးခန့် သေဆုံးဟုဆို

May 30, 2023
စစ်ကိုင်းမှ မုံရွာသို့သွားသော စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်သား ၅ ဦးခန့် သေဆုံးဟုဆို

BY MPA CJ 012 စစ်ကိုင်းတိုင်းမှ မုံရွာသို့ အပြောင်းအရွှေ့လုပ်သော စစ်ကောင်စီယာဉ်တန်းအား ပဒေသာမိုင်းများဖြင့် နှစ်ကြိမ်ခွဲကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်သား ၅ ဦးခန့် သေဆုံးကြောင်း မြင်းမူသတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။...

Read more
by MPA
0 Comments
သတင်း

KNU ထိန်းချုပ်နယ်မြေအတွင်း နွေရာသီလူငယ်စွမ်းရည်မြှင့်စခန်းသွင်းသင်တန်း ဖွင့်လှစ်ပြီးစီး

May 30, 2023
KNU ထိန်းချုပ်နယ်မြေအတွင်း နွေရာသီလူငယ်စွမ်းရည်မြှင့်စခန်းသွင်းသင်တန်း ဖွင့်လှစ်ပြီးစီး

By MPA CJ 023 KNU ထိန်းချုပ်နယ်မြေများတွင် နွေရာသီလူငယ်စွမ်းရည်မြှင့် စခန်းသွင်းသင်တန်း(Summer Youth Camp-SYC)ကို ယခုလအတွင်း အောင်မြင်စွာဖွင့်လှစ်ပြီးစီးခဲ့ကြောင်း သိရသည်။ ဧပြီလမှ စတင်၍ ကရင်လူငယ်များအစည်းရုံး(Karen Youth Organization)က ဦးဆောင်ပြီး သင်တန်းသား၃၀၀ကျော်...

Read more
by MPA
0 Comments
သတင်း

ထန်းတပင်တွင် မသန်စွမ်း အမျိုးသားကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက် ပြန်တွေ့

May 30, 2023
ထန်းတပင်တွင် မသန်စွမ်း အမျိုးသားကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက် ပြန်တွေ့

By MPA CJ 023 ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်အတွင်း လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်ဖမ်းဆီးသွားသော ကိုယ်အင်္ဂါမသန်စွမ်းသည့် စစ်ရှောင်အမျိုးသားကို စစ်ကောင်စီတပ်က သတ်သွားခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်မှ တပ်ရင်း ၄ ရင်းပေါင်းပြီး စစ်ကြောင်းထိုးနေစဥ် စစ်ရှောင်နေသည့် ခြေတဖက်ပြတ်နေသော...

Read more
by MPA
0 Comments
သတင်း

စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ၁၄၇ ကြိမ်ထိရှိလာ

May 29, 2023
စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ၁၄၇ ကြိမ်ထိရှိလာ

By MPA CJ 005 စစ်တပ်၏ အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စ၍ ၂၀၂၃ ခုနှစ် ဧပြီလအထိ ပြည်သူလူထု ၅ ဦးထက်မနည်း တပြိုင်တည်းသေဆုံးခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၁၄၇...

Read more
by MPA
0 Comments
သတင်း

ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး မရသေးသည့်အတွက် အခကြေးငွေများ ပေးကာ ဖုန်းအားသွင်းနေရ

May 29, 2023
ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး မရသေးသည့်အတွက် အခကြေးငွေများ ပေးကာ ဖုန်းအားသွင်းနေရ

By MPA CJ 012 မိုခါမုန်တိုင်းတိုက်ခက်ပြီးနောက် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးများ ပြတ်တောက်နေသည့်အတွက် ဖုန်းတစ်လုံးအား ငွေကျပ် ၅၀၀ မှ ထောင်ဂဏန်းအထိပေး၍ ဖုန်းအားသွင်းနေရကြောင်း ဒေသခံများထံမှ သိရသည်။ မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင်...

Read more
by MPA
0 Comments
သတင်း

အဆိုတော် ဗျူဟာကို နိုင်ငံရေး ပုဒ်မ ၅၀၅-က ဖြင့် မြောက်ဒဂုံတရားရုံးတွင် အမှုဖွင့်

May 29, 2023
အဆိုတော် ဗျူဟာကို နိုင်ငံရေး ပုဒ်မ ၅၀၅-က ဖြင့် မြောက်ဒဂုံတရားရုံးတွင် အမှုဖွင့်

By MPA CJ 014 Hip Hop အဆိုတော် ဗျူဟာကို မြောက်ဒဂုံမြို့နယ်တရားရုံးတွင် နိုင်ငံရေး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။ မေလ ၂၈ရက်နေ့ နံနက်ပိုင်းက အဆိုတော် ဗျူဟာကို...

Read more
by MPA
0 Comments
သတင်း

ကလေးမြို့တောင်ပိုင်းကျေးရွာများသို့ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်၊ ပြည်သူများဘေးလွတ်ရာသို့ တိမ်းရှောင်နေရ

May 29, 2023
ပုံစာ - (စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်အား တွေ့ရစဉ်)

By MPA CJ 008 စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများသို့ ကလေးမြို့စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်သည့်အတွက် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။ ကလေးမြို့မှထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ မေလ ၂၇ ရက်နေ့...

Read more
by MPA
0 Comments
သတင်း

ပုလဲ စိုက်ပျိုးဧက ၂၇၀၀ကျော် ရေမြုပ်ပြီး သီးနှံများပျက်၊မိုးစပါးစိုက်ရန်ပင်ခက်ခဲနေ

May 29, 2023
ပုလဲ စိုက်ပျိုးဧက ၂၇၀၀ကျော် ရေမြုပ်ပြီး သီးနှံများပျက်၊မိုးစပါးစိုက်ရန်ပင်ခက်ခဲနေ

By MPA CJ023 စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် ကျေးရွာပေါင်း ၃၄ရွာမှ လယ်ဧက ၂၇၀၀ ကျော်ရေနစ်မြုပ်ကာ သီးနှံများ ပျက်စီးပြီး မိုးစပါး စိုက်ပျိုးရန်ပင်ခက်ခဲနေကြောင်း Pale Entertainment ထံက သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောက်ယမားဆည်၏...

Read more
by MPA
0 Comments
Load More
Please login to join discussion

ရွေးချယ်ရန် Topics

MPA (3276) Myanmar (3005) News (2530) military (600) PDF (410) SAC (409) Politics (278) Yangon (258) SagaingRegion (188) RakhineState (127) militarycoup (118) Mandalay (110) Covid_19 (103) Magway (100) Pressphoto (86)

Monthly Archive

မေ လ၊ 2023 ခုနှစ်
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In