By MPA [ သတင်းဆောင်းပါး ]
လုံး၀မတတ်သာတော့၍သာ နေရပ်ကိုစွန့်ခွာခဲ့ရ သော်လည်း ဒေါ်ရူဘီရင်ထဲတွင် စိုးရိမ်ပူပန်မှုများသာကြီးစိုးနေသည်။ ချက်မြုပ်မြို့ဖြစ်သော မြို့လွိုင်ကော်သည် သူတို့မိသားစု၀င်အားလုံး သိုက်သိုက်၀န်း၀န်းပျော်ပျာ်ရွှင်ရွှင်နေခဲ့သည့် နေရာဖြစ်သလို ဇာတိမြို့ဆိုလျှင်လည်းမမှား ။ သို့သော် ဒီဇင်ဘာ (၃၁)မှစ၍ ပိုမိုဖြစ်ပွားလာသော မြို့တွင်းတိုက်ပွဲများကြောင့် အ၀တ်အစားအနည်းငယ်ကိုသာယူကာ ဒေါ်ရူဘီတို့မိသားစု ၇ ယောက်လုံး နေရပ်ကိုစွန့်ခွာခဲ့ရသည် ။ အိမ်နှင့်အနီးဆုံးနေရာအထိ လက်နက်ကြီးများကျလာသဖြင့် မထွက်၍ လုံး၀မဖြစ်တော့သည့်အခြေအနေဟု သူကဆိုသည်။
” တိုက်ပွဲကပိုပြီးပြင်းထန်လာတယ် ။ နေ့ရောညရောပစ်နေတဲ့အသံတွေနဲ့ ဘယ်လိုမှဆက်နေလို့ မရတော့ဘူး ” ဟု သူက ပြောသည် ။
ထို့ပြင် အသက် ၇၅ နှစ်အရွယ် နှလုံးရောဂါသည် မိခင်ကြီးမှာလည်း အဆိုပါပစ်ခတ်သံများကို ခံနိုင်ရည်မရှိဟု ဒေါ်ရူဘီကဆိုသည် ။
ဒေါ်ရူဘီတို့နေထိုင်သည့် မဂ်လာရပ်ကွက်သည် တိုက်ပွဲများဖြစ်ပွားနေသည့် မိုင်းလုံးရပ်ကွက်နှင့်တစ်ဆက်တည်းဖြစ်နေသောကြောင့် အန္တရာယ်က လက်တစ်ကမ်းတွင်ရှိနေသည် ။
“ စစ်တပ်ကလည်း ကျမတို့ရပ်ကွက် အ၀င်အထွက်လမ်းတွေမှာ တောက်ေလျှာက်သွားလာေနတာရှိတော့ ကျမတို့ရဲ့အသက်အန္တရာယ်အတွက် မထွက်လို့မရတော့ဘူး ” ဟု လွိုင်ကော် မြို့မှ တောင်ကြီးသို့ စစ်ရှောင်လာသည့်ဒေါ်ရူဘီက ဆိုသည် ။
၀န်ထမ်းဟောင်းတစ်ဦးဖြစ်သောအသက် ၄၉နှစ်အရွယ် ဒေါ်ရူဘီသည် မူလက ဒီမော့ဆိုတွင် နေထိုင်စီးပွားရှာရာမှ တိုက်ပွဲများဖြစ်လာ၍ မိခင်ရှိရာ လွိုင်ကော်မြို့သို့ လာရောက်နေထိုင်စဉ် ထပ်မံတိမ်းရှောင်ရခြင်းဖြစ်သည် ။
“ မိဘအိမ်မှာတစ်ခါထပ်ဖြစ်တော့ ထပ်ထွက်ရတော့တာပေါ့” ဟု သူကစိတ်ပျက်လက်ပျက်ပြောသည် ။
ကရင်နီပြည်နယ်မှစစ်ဘေးရှောင်များ
စစ်ကောင်စီနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြားဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေါ်ရူဘီတို့ကဲ့သို့ပင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ရှောင် သိန်းချီရှိေကြာင်း ၎င်းတို့အားကူညီပေးနေသည့်အဖွဲ့များကဆိုသည် ။ အများစုမှာ လွိုင်ကော်မြို့မှဖြစ်ပြီး ဒီမော့ဆို ၊ ဖရူဆိုမြို့နယ်များမှလည်း ပါ၀င်သည်။
ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်၏ အဆိုအရ ပြည်နယ်အတွင်း၌ပင် စစ်ရှောင်ဦးရေ ခြောက်သောင်း၀န်းကျင်ရှိနေသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနိူင်းရေးရုံး၏ ဇန်နဝါရီ ၃ ရက်နေ့အထိရရှိသောကိန်းဂဏန်းများအရ တိုက်ပွဲများကြောင့် ကယားပြည်နယ်တွင် လူဦးရေ ကိုးသောင်းနီးပါး (၈၇၈၀၀) သည် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ဟုဆိုသည်။
အထူးသဖြင့် ဇန်နဝါရီ ၆ရက်မှစတင်သည့် လွိုင်ကော်မြို့တွင်းတိုက်ပွဲများကြောင့် မြို့ခံများသည် နေ့စဉ်စွန့်ခွာနေကြရာ လက်ရှိတွင် မြို့၌ လူမရှိသလောက်ပင်ဖြစ်ကြောင်း ဇန်နဝါရီ ၁၂ရက်တွင် ကျန်ရှိမြို့ခံအချို့ကိုသွားရောက်ခေါ်ဆောင်ခဲ့သည့် ဆီဆိုင်မြို့မှ ခွန်ကျော်ဆွေက ပြောသည်။
“ လွိုင်ကော်မှာ လူဦးရေ ၅%တောင်မရှိတော့ဘူး ” ဟု ၎င်းက ပြောသည်။
လွိုင်ကော် မြို့ပေါ်တိုက်ပွဲဖြစ်ပွားချိန်မှစ၍ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်များက ရဟတ်ယာဉ်ဖြင့်လာရောက်ပစ်ခတ်မှုမှာ အကြိမ် ၂၀ထက်မနည်းရှိနေပြီးအရပ်သားသေဆုံးမှုများလည်းရှိလာ၍ ဒေသခံများကိုတောက်လျှောက်ကယ်ထုတ်နေကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)ေြပာရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်ေရှာင်များသည် ပြည်နယ်တွင်းရှိ အခြားမြို့များသို့လည်းကောင်း၊ တောင်ကြီး ၊ ဆီဆိုင် ၊ ဟိုပုံး၊ ညောင်ရွှေ ၊ ပင်ေလာင်း၊နောင်တယား နှင့်ဖယ်ခုံ စသည့်မြို့နယ်များသို့ လည်းကောင်းတိမ်းရှောင်လာကြခြင်းဖြစ်သည်။
လွိုင်ကော်မြို့နှင့် မိုင် ၃၀ကျော်သာကွာဝေးသည့် ဆီဆိုင်မြို့တွင် ဇန်နဝါရီ ၁၂ ရက်အထိစာရင်းအရ ပျမ်းမျှ လူဦးရေ နှစ်သောင်းနီးပါးရောက်ရှိနေကြောင်း စစ်ရှောင်များကိုကူညီပေးနေသည့်ခွန်ကျော်ဆွေက ပြောသည်။
စစ်ရှောင်များသည် ဇန်နဝါရီ၉ရက်မှစ၍ တစ်ဖွဲဖွဲ ၀င်လာနေပြီး အချို့မှာ ဆီဆိုင်မြို့ရှိ စစ်ရှောင်စခန်းများတွင်လည်းကောင်း၊အချို့မှာ ဆွေမျိုးမိတ်ဆေွများ၏နေအိမ်များတွင်လည်းကောင်းနေထိုင်ကြပြီး အချို့မှာစုပေါင်းအိမ်ဌားနေထိုင်ကြသည်ဟု ၎င်းက ပြောသည် ။
လက်ရှိတွင် ဆီဆိုင်ဆရာတော်ကြီး၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် မြို့နယ်အတွင်း စစ်ရှောင်များအတွက် နေရာ ၈ခုစီစဉ်ထားပြီး လူဦးရေ ငါးထောင်အထက်ခိုလှုံနေသည်ဟုဆိုသည်။
“ ဒီနေ့ (ဇန်နဝါရီ ၁၂)အထိ ဆက်၀င်လာနေတုံး ။ လွိုင်ကော်ဘက်မှာ လေယာဉ်နဲ့ပစ်တဲ့အခါကျတော့ လူတွေအလုံးအရင်းနဲ့ရောက်လာကြတယ် ” ဟု ခွန်ကျော်ဆွေက ပြောသည်။
စစ်ရှောင်များတွင် ကိုယ်၀န်ဆောင်များ ၊သက်ကြီးရွယ်အိုများ ၊ မွေးကင်းစရက်သားကလေးများလည်းပါ၀င်နေပြီး စခန်းရောက်မှ မီးဖွားသူတစ်ဦးပင်ရှိခဲ့ကြောင်း ၎င်းက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်သို့လည်း စစ်ရှောင်များတဖွဲဖွဲရောက်ရှိလာကြောင်း ၊ အများစုမှာလွိုင်ကော်မှပင်ဖြစ်ပြီး ဒီမော့ဆိုမှလည်းအချို့ပါ၀င်ကြောင်းစစ်ရှောင်များကိုကူညီပေးနေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ရှမ်းတောင်မြို့နယ်များမှဒေသခံများသည် ကယားပြည်နယ်မှစစ်ရှောင်လာသူများအား ကားဖြင့်အခမဲ့ကြိုပို့ပေးခြင်း ၊ မိမိတို့၏ နေအိမ်များ ၊လွတ်နေသောအခန်းများတွင် နေထိုင်ခွင့်ပေးခြင်းများပြုလုပ်ပေးလျက်ရှိသည်။
သို့သော် အချို့စစ်ရှောင်များသည် အ၀တ်တထည်ကိုယ်တခုဖြင့် ထွက်ေြပးလာရသဖြင့် ၎င်းတို့အတွက် ရိက္ခာ ၊ဆေးဝါး ၊ အ၀တ်ထည်များ၊ တာလပတ်များနှင့်စောင်၊ခြင်ထောင်များ လိုအပ်နေကြောင်း ကူညီပေးနေသူများက ပြောသည်။
” ခုကတအားအေးနေတဲ့အချိန်ဖြစ်တော့ ပိုပြီးလိုအပ်ပါတယ် “ ဟု ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
ဆီဆိုင်မြို့နယ်တွင်လည်း စစ်ရှောင်များအတွက် စားရေးသောက်ရေးအလှူရှင်များလိုအပ်ေနကြာင်းခွန်ကျော်ဆွေက ပြောသည် ။
“ မြို့သေးသေးလေးလည်းဖြစ်တဲ့အတွက် အတော်လေးခက်ခဲတယ် “ ဟု ၎င်းကဆိုသည်။
လွိုင်ကော်မြို့နယ်အတွင်းနေအိမ်အချို့မီးလောင်သည့်သတင်းများကြောင့် ပြန်စရာအိမ်မရှိမည်ကိုစိုးရိမ်နေသူက အသက် ၄၂နှစ်အရွယ် ကယားတိုင်းရင်းသူ ဦးမြာဖြစ်သည်။
စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့်ပစ်ခတ်မှုကြောင့် အ၀တ်အစားအနည်းငယ်ယူကာ တိမ်ေးရှာင်လာသည့် သူတို့မိသားစု၀င်များမှာ စုစုပေါင်း ၂၃ ယောက်ဖြစ်ပြီး ဆီဆိုင်မြို့ရှိ စစ်ရှောင်စခန်းတစ်ခုတွင်ယာယီခိုလှုံနေကြသည် ။နေအိမ်တွင်ကျန်ရှိသည့် ပစ္စည်းများကိုစိတ်ပူသလို အိမ်မီးရိူ့ခံရမည်ကိုလည်းသူတွေကြောက်နေသည်။
“ ကိုယ့်အိုးကိုယ့်အိမ်မပျက်စီးဖို့ကအဓိကပါ ။ ကျန်တဲ့ဟာတွေကတော့ ကိုယ့်ဘာကိုယ်ရှာစားလို့ရပါတယ် “ ဟု သူကဆိုသည် ။
၂ထပ်ကွမ်းစစ်ရှောင်ရသူဒေါ်ရူဘီမှာလည်း ဒီမော့ဆိုမှ စစ်ရှောင်စဉ်က ကျန်ခဲ့သည့်ပစ္စည်းများအဖောက်ခံရသည့်အတွက် ယခုတစ်ဖန်စစ်ရှောင်ရသည့်အခါ လွိုင်ကော်ရှိနေအိမ်အတွက်သောကရောက်နေရသည်။
“ ဆိုင်ကယ်တို့ဘာတို့အကုန်ကျန်ခဲ့တယ် ၊ဘာမှမယူခဲ့ရဘူး” ဟုသူက ပြောသည်။
လွိုင်ကော်မှစစ်ရှောင်များအနေဖြင့် ၎င်းတို့အိမ်၌ကျန်ရှိသော ပစ္စည်းများကိုကူညီယူဆောင်ပေးရန် ကရင်နီဒီမိုကရက်တစ်တပ်ဦးသို့ဆက်သွယ်အကူအညီတောင်းခြင်းများရှိကြောင်း အဆိုပါအဖွဲ့ေြပာရေးဆိုခွင့်ရှိသူက ပြောသည်။
” သူတို့အိမ်မှာပိုင်ဆိုင်မှုတွေကျန်ခဲ့တယ် ။တချို့ဆို ရွှေတွေကျန်ခဲ့တာရှိတယ် ။တချို့ဆို ဆီတွေ ၊ဆန်တွေကျန်ခဲ့တာရှိတယ် ၊အဲ့ဒါတွေကို ထုတ်ပေးဖို့ပေါ့” ဟု ၎င်းက ပြောသည်။
သို့သော် ၎င်းတို့အနေဖြင့် လတ်တလောတွင်လုပ်ပေးရန်အဆင်မပြေသေးဘဲ ဒေသခံများအားကယ်ထုတ်ရေးကိုသာဦးစားပေးလုပ်ဆောင်နေသည်ဟုဆိုသည်။
ပိုင်ဆိုင်မှုများကိုထားခဲ့ကာ ဘေးလွတ်ရာထွပ်ေြပးလာရသည့် စစ်ရှောင်များကမူ နေအိမ်သို့အမြန်ဆုံးပြန်လိုကြပြီး လက်ရှိတိုက်ပွဲများအမြန်ဆုံးပြီးစေချင်ကြောင်း ပြောသည်။
“ ကလေးတွေ (ပြည်သူ့ကာကွယ်ရေးတပ်)တွေကိုလည်းအန္တရယ်မဖြစ်စေချင်ဘူး ။ အမြန်ဆုံးပြီးစီးစေချင်တယ် ။ ပြီးစီးစေချင်တယ်ဆိုတာက ရှုံးလို့ပြီးစီးတာမျိုးမဟုတ်ဘဲနဲ့ အောင်မြင်သောပြီးစီးမှုမျိုးနဲ့ ပြီးစေချင်တယ် “ ဟု ဒေါ်ရူဘီက ၎င်း၏ ရင်တွင်းဆန္ဒကိုပြောသည်။