• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
20 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

စံနှုန်းလွှဲဒီမိုကရေစီ၊ ကွန်ဖက်ဒရေးရှင်း အိပ်မက်နှင့်လူသားဝါဒမျှော်လင့်ချက်များ

MPA by MPA
Aug 25, 2021
in ဆောင်းပါး
0
0

Photo - Kaung Mrat Naing / MPA

Share on FacebookShare on Twitter
By Kaung Mrat Naing / MPA
ရခိုင်ဒေသ ပဋိပက္ခ
ရခိုင်ဟာ ဖွံ့ဖြိုးမှုဆိုင်ရာအကျပ်အတည်း( Development Crisis)၊လူ့အခွင့်အရေးဆိုင်ရာအကျပ်အတည်း (Human Rights Crisis)နဲ့ လုံခြုံရေးဆိုင်ရာအကျပ်အတည်း (Security Crisis)တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရခို င်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာထောက်ပြ ထားပါတယ်။
စစ်အာဏာရှင်တွေပြုလုပ်ပေးတဲ့ ဒီမို ကရေစီရွေးကောက်ပွဲနဲ့အတူ ရခိုင်ဟာပဋိပက္ခပေါင်းစုံကို ဒီနေ့ထိ ရင်ဆိုင်တွေ့ကြုံနေကြရဆဲပဲဖြစ်ပါတယ်။
ရခိုင်မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ပဋိပက္ခတွေအပြင် ၂၀၁၇ ခုနှစ်၊ပဋိပ က္ခကြောင့် အတိဒုက္ခကျရောက်ခဲ့သူတွေအပါအဝင် ၂၀၁၈ ကစတင်ခဲ့တဲ့လက်နက်ကိုင် ပဋိပက္ခရဲ့ မြေဇာပင်စစ်ဘေးရှောင်သိန်းနဲ့ချီဟာလည်း ဒုက္ခ ပေါင်းစုံကြား ခက်ခက်ခဲခဲ ရှင်သန်ရပ် တည်ဖို့ကြိုးစားနေကြရဆဲပဲဖြစ်ပါတယ်။
“ ကျွန်မတို့က ကိုယ့်ရွာ၊ကိုယ့်အိမ်သို့ပြန်ချင်တာပေါ့။ဒီမှာ နေတာကလည်း၁၀ နှစ်တောင်ရှိနေပြီလေ။ ဘယ်အစိုးရတက်တက် ဒီအတိုင်းပဲ ရှိနေတာပါပဲ” လို့ စစ်တွေမြို့၊ဒါးပိုင်း IDPs စခန်းမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
သူမတို့မိသားစုဟာ ၂၀၁၂ ပဋိပက္ခကြောင့် စစ်တွေမြို့၊ရွှေပြားရပ်ကွက်ကနေ ထွက်ပြေးလာခဲ့ကြရတာလို့ သူမကရှင်းပြပါတယ်။
ရခိုင်ပြည်နယ်အတွင်း၂၀၁၂ ခုနှစ်၊ ပဋိ ပက္ခကြောင့် လူပေါင်း ၁၉၂ ယောက် သေဆုံးပြီး ၂၆၅ ယောက် ဒဏ်ရာရခဲ့ကာ နေအိမ်ပေါင်း ၈,၆၀၀ ကျော် ဖျက် ဆီးခံခဲ့ရပြီးတော့ ခန့်မှန်းခြေ လူပေါင်းတစ်သိန်းကျော် အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ကြရတယ်လို့ ရခိုင်ပြည်နယ်ပဋိပက္ခများစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ထုတ် အစီရင်ခံစာမှာဖော်ပြထားပါတယ်။
‘အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရှိ IDP စခန်းများ ပိတ်သိမ်းရေးအတွက် မဟာဗျူဟာတစ်ရပ်ကို သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအတွင်း ညှိုနှိုင်းတိုင်ပင်၍ချမှတ် သွားသင့်ကြောင်းကော်မရှင်က ထပ်မံ၍ အကြံပြုအပ်ပါ သည်။
ထိုမဟာဗျူဟာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအတွက် အချိန်ဇယား ကို ရှင်းလင်းစွာဖော်ပြသင့်ပါသည်။
ထို့အပြင် မိမိတို့၏ မူလနေရာများကို ပြန်သွားမည် (သို့မဟုတ်) တခြားနေရာများတွင် ပြည်လည်နေရာချထားမည့် သူများအတွက် ၎င်းတို့ပြောင်းရွှေ့မည့်နေရာများတွင် လုံခြုံရေးနှင့်အသက် မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အရေးများ ရရှိရေးအတွက် ဖော်ထုတ်ဆောင် ရွက်ပေးသည့်စီမံချက်များ ပါဝင်သင့်ပါသည်’ လို့ ကိုဖီအာနန်ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မ ရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာ အကြံ ပြုထားပါတယ်။
စံနှုန်းလွှဲဒီမိုကရေစီ
အာဏာရှင်တွေအချိန်ယူရေးဆွဲခဲ့တဲ့၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ရွေးကော က်ပွဲဝင်အနိုင်ရလာသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုရလက်ထ က် ၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့အကူး ညမှာ ပဋိပက္ခတစ်ခုထပ်မံပေါ်ပေါက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မ ရှင်ရဲ့အပြီးသတ်အစီရင်ခံစာထုတ်ပြန်အပြီး နောက်တစ်နေ့မကူးမီ ၂၀၁၇ သြဂုတ်လ ၂၄ရက်နေ့ညဖက်ကစတင်ကာမောင်တောဒေသက နယ်ခြားစောင့်စခ န်းပေါင်းများစွာကို ဝင်ရောက်တိုက်ခို က်မှုတွေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLDအစိုးရ က ၂၀၁၆ခုနှစ်၊စက်တင်ဘာလမှာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည် နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊မောင်တောမြို့မှာ ၂၀၁၆ခုနှစ်၊အောက်တိုဘာလအတွင်းကျီးကန်ပြင် ဌာနချုပ်တိုက်ခိုက်ခံခဲ့ရမှုအပါအဝင် ရခိုင်ပြည်နယ်တွင် နေထိုင်ကြတဲ့ ပြည်သူလူထုတွေအတွက် ငြိမ်းချမ်းမျှတပြီး သာယာဝပြောတဲ့အနာဂတ်ပေါ်ထွန်းလာနိုင်ရေးကို ဦးတည်ပြီး ဖွဲ့စည်းခဲ့တာလို့ ရှင်းပြထားပါတယ်။
ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ဘူးသီးတောင်၊မောင်တောမြို့နယ်တွေမှာ ၂၀ ၁၇ သြဂုတ်လတိုက်ခိုက်မှုတွေမှာ စစ် တပ်ရဲ့နယ်မြေရှင်းလင်းရေးလုပ်ဆော င်ချက်ကြောင့်း ၂၀၁၇သြဂုတ်လ ၂၅ ရက်နေ့ကနေ ၂၀၁၈ မတ်လအထိ မွတ်ဆလင်ကျေးရွား(မူရင်း-ရိုဟင်ဂျာ) ပေါင်း ၃၆၂ ရွာ မီးရှုံ့ခံခဲ့ရကာ လူပေါ င်း ၆၈၀၀၀၀ ကျော် အိုးအိမ်စွန့်ခွါထွက် ပြေးနေကြရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Right Watch-HRW)က ၂၀၁၈ ခုနှစ်၊မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်အပါအဝင် ရခိုင်ဒေသနေမွတ်လဆင်တွေအပေါ် လူမျိုးတုန်းသတ် ဖြတ်ခဲ့မှုစွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင် ရာတရားရုံး (ICJ)မှာ တရားစွဲဆိုခဲ့ရပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သွား ရောက်ချေပခဲ့ဖူးပါတယ်။
မြန်မာပြည်သူလူထုထောက်ခံမှုအများဆုံးဖြစ်တဲ့ NLD ပါတီဟာ ၂၀၂၀ ရွေး ကောက်ပွဲမှာလည်း တစ်နိုင်ငံမှာ တောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပေမယ့် ရခိုင်ကမြို့အများ စုမှာတော့ လုံခြုံရေးအကြောင်းပြကာ ရွေးကောက်ပွဲ မကျင်းပပေးခဲ့တာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အ နိုင်ရ NLD ဟာ နောက်တစ်ကြိမ်အစိုးရမဖွဲ့ရသေးခင် ဇန်နဝါရီလနောက် ဆုံးနေ့ညမှာပဲ သူမကိုယ်တိုင် ICJ မှာ အ ကာအကွယ်ပေးခဲ့တဲ့စစ်တပ်ရဲ့အာဏာ သိမ်းမှုကို ခံလိုက်ရပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLDအစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊တိုင်းရင်းသားအရေးကိစ္စအပါအဝင် စစ်တပ်ရဲ့ဘတ်ဂျက်တောင်းယူမှုကိစ္စတွေမှာ အဆင်မပြေမှုတွေရှိခဲ့ပေမယ့် အာဏာသိမ်းစစ်တပ်ကတော့ ၂၀ ၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုကိုသာ အဓိကမီးမောင်းထိုးပြောကြားပါတယ်။
ကွန်ဖက်ဒရေးရှင်းအိပ်မက်
ရခိုင်မှာ၂၀၁၅-ရွေးကောက်ပွဲအတွင်းအများဆုံးအနိုင်ရတဲ့ ရခိုင်အမျိုးသားပါတီ(ANP)ကို ၂၀၀၈ ဖွဲ့စည်းပုံကို အကြောင်းပြကာ ဝန်ကြီးချုပ်နေရာနဲ့ပြ ည်နယ်အစိုးရဖွဲ့ခွင့်မပေးခဲ့တာကိုတွေ့ရပါတယ်။
“ ကျွန်မတို့က မဲစာရင်းထဲမှာ မပါတာတောင် တာဝန်ရှိသူတွေကို အတင်း ပြောပြီး အချိန်မီရအောင် မဲလာထည့်ခဲ့တာပါ။ ဒေါ်စုကို ထောက်ခံတာမို့ NLDကိုထည့်ခဲ့ပါတယ်။ကျွန်မတို့အတွက် အ ပြောင်းအလဲတွေ လုပ်ပေးမယ်ထင်လို့ပါ” လို့ စစ်တွေမြို့၊ဒါးပိုင်း IDPs စခန်းမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
မြောက်ပိုင်းမဟာမိတ်ထဲမှာပါတဲ့ ရက္ခိုင့်တပ်တော်(AA)ကိုပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံသို့ အသိအမှတ်ပြု မဖိတ်ခေါ်မှုတွေအပါအဝင် ရခိုင်မှာတို က်ပွဲတွေပြင်းထန်းနေချိန် စစ်တပ်နဲ့ရဲတွေကို လက်မှတ်ထိုးဂုဏ်ပြုခဲ့တာတွေဟာ ဒေသခံရခိုင်ပြည်သူလူထုနဲ့ NLD ကြားပိုမိုဝေးကွာသွေးခြားစေသလိုဖြစ်နေခဲ့ပါတယ်။
ရခိုင်မြောက်ပိုင်းမှာ ၂၀၁၈ ခုနှစ်ကစ တင်ပြီး ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေဟာ၂၀၁၉ ခုနှစ်၊ဇန်နဝါရီလ ၄ ရက်၊လွတ်လပ်ရေးနေ့မှာ ဘူးသီးတောင်မြောက်ပိုင်းက အစိုးရတပ်စခန်း လေး ခု၊တစ်ပြိုင်တည်းတိုက်ခိုက်ခံရမှုနောက်မှာ ပိုမိုပြ င်းထန်လာခဲ့ပါတယ်။
“ ကျွန်တော်တို့က ICJ မှာ အမှုတင်တဲ့ ကိစ္စတွေကိုလည်းပဲ အမှန်တရားကို ဖော်ထုတ်ဖို့အတွက် အချက်အလက်တွေ ပေးအပ်သွားမယ်ဆိုတာ ဒါတွေလည်း ပါတယ်။
ပြီးရင် ရခိုင်ပြည်မှာဖြစ်ခဲ့တဲ့ ပြဿနာတွေမှာလည်း အထောက်အထားတွေကိုင်ထားတာ ကျွန်တော်တို့မှာ ရှိသင့်သ လောက်ရှိတယ်။အပြစ်ရှိတဲ့ လူကို အ ပြစ်ရှိကြောင်း အမှန်တရားကို ဖော်ထု တ်ဖို့ကျွန်တော်တို့က ရပ်တည်သွားမယ် ။” လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသ တင်းဌာနသို့ ဖြေဆိုဖူးပါတယ်။
အဲဒီနောက် ရခိုင်တိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရမိတဲ့ မြန်မာ့တပ်မတော်သား၂ ဦး ကို နိုင်ငံတကာပူးပေါင်းပါဝင်မှုနဲ့ ICJ သို့ ပို့ဆောင်ပေးထားပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ CIJ မှာ ချေပပြောဆိုနေစဉ် အေအေလက်နက်ကိုင်အင်အားအများအပြားဟာ အတိတ်က ရခိုင့်နိုင်ငံတော် အတွက် အစိုးရကို တော်လှန်ပုန်ကန်နေကြတယ်လို့ နိုင်ငံတကာအလယ်မှာ ပြောဆိုခဲ့ဖူးပါတယ်။
အေအေစစ်ဦးစီးချုပ်ကတော့ ” ကျွန်တော် ထင်တာတော့ ကျွန်တော်တို့ရဲ့ တိုက်ပွဲနဲ့ အခုအလားအလာအတိုင်းဆို ကျွန်တော်တို့ ကြိုးစားမှုက ၂၀၂၅ မတိုင်ခင်တစ်စုံတစ်ရာ အပြောင်းအလဲကြီးတစ်ခု ကျွန်တော်တို့ ဖန်တီးနိုင်ဖို့ အတွက် သေချာပေါက် ခန့်မှန်းထားတယ်။” လို့ပြောဆို ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကတော့ စစ်တပ်ရဲ့ ဆိုးဝါးလှတဲ့ ရာဇဝ တ်မှုတွေအပေါ် ရေငုံနှုတ်ပိတ်နေခဲ့ဖူးပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်NLD နောက်ခံပြု အမျိုးသားညီညွတ် ရေးအစိုးရ (NUG)ကတော့ ရခိုင်က မွတ်ဆလင်တွေကို နိုင်ငံတကာကခေါ်နေကြသလို ” ရိုဟင်ဂျာ ” လို့ သုံးစွဲခေါ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ” ရခိုင်ပြ ည်နယ်ရှိ ရိုဟင်ဂျာ ပြည်သူများဆိုင်ရာ မူဝါဒသဘောထား” တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမူဝါဒသဘောထားမှာ ” လူ့အခွင့် အရေးနှင့်လူသားတို့၏ ဂုဏ်သိက္ခာကို လေးစားလိုက်နာပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ရှင်းလင်းစွာ ဖော်ပြထားသည့်အတိုင်း ပြည်ထောင်စုအတွ င်းဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊အရင်းခံပြဿနာများကို အပြီးသတ်ချုပ်ငြိမ်းစေရန် နိုင်ငံသူ ၊ နိုင်ငံသားများ အားလုံး ငြိမ်းချမ်းစွာ အေးအတူပူအမျှ အတူ တကွယှဉ်တွဲနေထိုင်နိုင်သော သာယာ ဝပြောသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား တည်ဆောက်ရန်ရည်ရွယ်” တယ်လို့ ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ပတ်သက်ပြီး “ သူတို့က ဂရုတစိုက် ခေါ်ယူခဲ့တာ ရှိပေမယ့် ကိုယ့်ရပ်တည် ချက်နဲ့ ကိုယ်ဖြစ်လို့ မပါဝင်ခဲ့တာပါ၊ သူတို့ကို အပြစ်ပြောဖို့ မလိုအပ်ပါ။” လို့ရက္ခိုင့်တပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူရဲ့တွစ်တာလူမှုကွန်ရက်စာမျက်နှာမှာ ရခိုင်စကားနဲ့ ဧပြီလ ၁၆ ရက်နေ့က ရေးသားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တရားစွဲဆိုဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICC)ကို စီရင်ပိုင်ခွင့်အပ်နှင်းတယ်လို့ NUG ကပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
NUG အနေနဲ့ ICC ရဲ့ ရောမစာချုပ် အ တည်ပြုလက်မှတ်ထိုးနိုင်ရေးနှင့် ရာဇ ဝတ်မှုကျူးလွန်သူတွေကို တာဝန်ခံခိုင်းစေရန်အတွက် တရားရုံးရဲ့ လုပ်ထုံး လု ပ် နည်းတွေကို ပံ့ပိုးနိုင်ဖို့ ရက္ခိုင့်တပ်တော်ကို အကူအညီတောင်း ဆွေးနွေးသင့်တယ်လို့ ရခိုင်အရေးလေ့လာသူတချို့က ဆိုပါတယ်။
“ ရခိုင်ပြည်မှာနေတဲ့ မွတ်စလင်တွေနဲ့ ကျွန်တော်တို့က ပြေပြစ်တဲ့ဆက်ဆံရေးကို အမြဲတမ်းထိန်းသိမ်းထားဖို့ သတိထား ပြီး ကြိုးစားတယ်။” လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားဖူးပါတယ်။
ရခိုင်ဒေသကလူထုဆန္ဒ
ရခိုင်မှာ စစ်ကောင်စီအစိုးရရဲ့တရားစီရင်ရေး၊အုပ်ချုပ်ရေးယန္တရားတွေကို ရက္ခိုင့် တပ်တော်(AA) က အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားတွေနဲ့ အစား ထိုးနေရယူပြီး အရှိန်အဟုန်မြှင့်လုပ်နေတာဟာ ဒေသခံပြည်သူလူထုကအပြည့်အဝထောက်ခံအားပေးတာမို့ဆောင်ရွက်နေနိုင်တာကို လူတိုင်းကြား သိနေကြပြီလို့ ပြောရပါမယ်။
ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလကပင်ဒီနေ့အထိ တိုက်ပွဲတွေရပ်စဲနေတဲ့ အချိန်မတိုင်ခင်ကတ ည်းက အေအေဘက်က အဲဒါတွေကို ကြိုးစားတည်ဆောက်နေခဲ့တာဖြစ်ပါတယ်။
“ ဒီမှာတော့ အေအေတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ကတော့ ညီအစ်ကိုလို့ပါပဲ။ကျွန်တော်တို့ကို တစ်ခါမှပြဿနာရှာတာမရှိပါဘူး။ဗမာစစ်သားနဲ့အေအေဆိုရင် အေအေကိုသာ အလိုရှိပါတယ်။” လို့ စိုင်းတင်တောင်တန်းတွင် သစ်၊ဝါးတွေထု တ်လုပ်နေတဲ့ ဖုံညိုလိပ်(မွတ်ဆလင်) ရွာ သားတစ်ဦးက ဆိုပါတယ်။
ရခိုင်က မြို့အားလုံးနီးပါးမှာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)မှ အုပ်ချုပ်ရေးသင်တန်းတွေပေးခဲ့တာမှာ မွတ်ဆလ င်တွေလည်းပါဝင်ကာ” မွတ်ဆလင်ရေးရာကော်မတီ” ကိုလည်း သီးသန့်ဖွဲ့ထားပြီးမြေပြင်အခြေအနေမှာလည်း မွတ်ဆလင်တွေအတွက် ဆက်ဆံရေးရုံးတွေ ဖွင့်ထားပြီးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရခိုင်မှာလူဦးရေ ဒုတိယအများဆုံးဖြစ်တဲ့ မွတ်စလင်အသိုင်းအဝိုင်းကို ရက္ခိုင့်တပ်တော် (AA/ULA) ရဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်လာဖို့ ကြိုးပမ်းနေတယ်လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တရားဝင်ပြောလာပြီးလည်းဖြစ်ပါတယ်။
“ ဒီမှာကတော့ အများစုက ခင်ခင်မင်မင်အရင်လို့ပဲနေကြပါတယ်။အများစုကတော့ အေအေကို ထောက်ခံတယ်လို့ပြောလို့ရပါတယ်။” လို့ ဘူးသီးတောင်မြို့နယ် က မွတ်ဆလင်လူကြီးတစ်ဦးကပြောပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော် (AA) ရဲ့တော် လှန်ရေးကဏ္ဍဟာ ၇၅ ရာခိုင်နှုန်းထိ ခ ရီးရောက်နေပြီး ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ရည်မှန်းချက်ကို အကောင်အ ထည်ဖော်ရာမှာ အလျှော့အတင်းလုပ်တာမရှိသလို နောင်လည်းရှိမှာ မဟုတ်ဘူးလို့ဆိုထားပါတယ်။
လူသားဝါဒမျှော်လင့်ချက်
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဘက်ပေါင်းစုံကနေပြု လုပ်နေကြတဲ့စစ် အာဏာရှင်တော်လှန် ရေးမှာ လူမျိုး၊ဘာသာပေါင်းစုံ ပါဝင်နေကြတာကို တွေ့ရပါတယ်။
အဲဒီစစ်အာဏာရှင်တော်လှန်ရေးမှာပါ ဝင်နေကြတဲ့ လူငယ်အများအပြားဟာ လူမျိုးသာဘာ စုံလင်ကွဲပြားမှုတွေများ ပြားတဲ့ မြန်မာနိုင်ငံမှာ လူသားဝါဒကိုသာအခြေခံသင့်တယ်လို့ ထောက်ပြပြောဆိုလာကြပါတယ်။
“ကျွန်တော်တို့က လူမျိုး၊ဘာသာမခွဲခြားဘဲ ရခိုင်ပြည်မှာ နေထိုင်ကြသူအားလုံးအတွက် တရားမျှတမှု ဆောင်ကြဉ်းပေးဖို့ ရည်ရွယ်ပါတယ်။” လို့ ရက္ခိုင့်တပ်တော်(အေအေ)ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ညိုထွန်းအောင်က ပြောပါတယ်။
ရခိုင်မှာ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ရမ်းဗြဲမြို့နယ်မှ ကမန်လူမျိုးတွေနေရပ်မပြန်နိုင်သေးသလိုသိန်းနဲ့ချီတဲ့ မွတ်ဆလင်တွေဟာလည်း၁၀ စုနှစ်တစ်ခုထိ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခပေါင်းစုံကြား နေထိုင်နေကြရဆဲပဲဖြစ်ပါတယ်။
“ ကျွန်မတို့ကတော့ ရခိုင်တွေနဲ့ အရင်လို့ပဲရင်းရင်းနှီးနှီး၊အေးအေးချမ်းချမ်းနေချင်ပါတယ်။ ကျွန်မတို့ ကလေးတွေကိုရခိုင်တွေနဲ့ စိမ်းသွားတာမျိုးမဖြစ်ချင်တော့ပါဘူး။” လို့ ဒုက္ခသည် မွတ်ဆလင်အမျိုးသမီးက ဆက်ပြောပါတယ်။
‘ရခိုင်နှင့်မွတ်ဆလင်လူ့အဖွဲ့အစည်းခေါင်းဆောင်များအတွက်လည်း ကြားဝင်ဖြန်ဖြေညှိနှိုင်းပေးမှုဆိုင်ရာ သင်တ န်းများကို ပေးသင့်ပါသည်။လူ့အဖွဲ့အစည်းခေါင်းဆောင်များအားလုံးလည်းအသုံးဝင်မည့် သင်ခန်းစာကောင်းများ၊ရလဒ်ကောင်းများရရှိနိုင်သည့် အကောင်းဆုံးနည်းလမ်းများ( Best Practice) သိရှိလာစေရန်အတွက် အခွင့်အလမ်းများ ဖန်တီးပေးသင့်ပါသည်။
အစိုးရအနေဖြင့် လူ့အဖွဲ့အစည်းများအကြား ပြန်လည်သင့်မြတ်မှုများရှိလာစေရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် အထောက်အကူပြုသည့်အခြေအနေကောင်းများကို ဖန်တီးပေးသင့်ပါသည်။
ရခိုင်ကလူ့အဖွဲ့အ စည်းများအကြားပေါင်းစည်းရေးအတွ က် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာအကြံပြုထားပါတယ်။
#ရခိုင် #ပဋိပက္ခ #ဆောင်းပါး #MPA
Tags: ArticleMPAMyanmarNewsRakhine
Advertisement Advertisement Advertisement
ADVERTISEMENT
MPA

MPA

MPA

ဆက်စပ် သတင်းများ

စီးပွားရေး

ဝက်ထီးကန်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေ

May 15, 2025
ဝက်ထီးကန်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေ

By Nway / MPA ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေကြောင်း သိရသည်။ ယခုနှစ် နွေစပါးပေါ်ချိန်တွင် ဝက်ထီးကန်တိုက်နယ်၊ ပျဥ်းမအိုင်ရွာ နေ အသက် ၃၀...

Read more
by MPA
0 Comments
သတင်း

ကျောက်တော်မြို့ကို စစ်ကောင်စီထပ်မံ ဗုံးကြဲ ပြည်သူခုနှစ်ဦးသေဆုံး၊ ရခိုင်တွင် သုံးရက်ဆက် ဗုံးကြဲခံရမှုကြောင့် သေဆုံး သူ ၂၀ ကျော်ရှိလာ

May 15, 2025
ကျောက်တော်မြို့ကို စစ်ကောင်စီထပ်မံ ဗုံးကြဲ ပြည်သူခုနှစ်ဦးသေဆုံး၊ ရခိုင်တွင် သုံးရက်ဆက် ဗုံးကြဲခံရမှုကြောင့် သေဆုံး သူ ၂၀ ကျော်ရှိလာ

By Hlaing / MPA ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူခုနှစ်ဦးသေဆုံးခဲ့ရပြီး ရခိုင်ပြည်နယ်တွင် သုံးရက်ဆက်တိုက် ဗုံးကြဲခံရမှုကြောင့် သေဆုံးသူ ၂၀ကျော်ထိရှိလာကြောင်း သိရသည်။ ယနေ့(မေ ၁၅ရက်)၊ မွန်းလွဲ နှစ်နာရီခန့်က စစ်ကောင်စီသည်...

Read more
by MPA
0 Comments
နိုင်ငံရေး

စစ်ကောင်စီအပေါ် တရုတ်ထောက်ခံနေမှု လွဲမှားသည့် လောင်းကြေးထပ်မှုဟုကုလအကြံပေးဟောင်းများဆို

May 15, 2025
စစ်ကောင်စီအပေါ် တရုတ်ထောက်ခံနေမှု လွဲမှားသည့် လောင်းကြေးထပ်မှုဟုကုလအကြံပေးဟောင်းများဆို

By Mg Dagon / MPA တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေးပေါ် မျက်နှာပြောင်တိုက် ဝင်ရောက်စွက်ဖက်နေခြင်းနှင့် စစ်ကောင်စီအပေါ် စစ်ရေးအထောက်အပံ့ပေးနေခြင်းတို့သည် လွဲမှားသည့်လောင်းကြေးထပ်မှုတစ်ခု ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က ပြောဆိုလိုက်သည်။ လက်ရှိတရုတ်၏ လုပ်ရပ်များသည် စစ်ကောင်စီကို မကယ်နိုင်သည့်အပြင်...

Read more
by MPA
0 Comments
စစ်ဘေးရှောင်

ဘန်ကောက်စစ်ရှောင်စခန်း ဗုံးကြဲခံရမှု သတင်းပေးကြောင့်ဟုဆို အဆိုပါစခန်းကို လေကြောင်းတိုက်ခိုက်ခံရမှု သုံးကြိမ်ထိရှိလာ

May 15, 2025
ဘန်ကောက်စစ်ရှောင်စခန်း ဗုံးကြဲခံရမှု သတင်းပေးကြောင့်ဟုဆို အဆိုပါစခန်းကို လေကြောင်းတိုက်ခိုက်ခံရမှု သုံးကြိမ်ထိရှိလာ

By Bala / MPA ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် နယ်စပ်ရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ယင်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှု သုံးကြိမ်ထိရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့( မေ ၁၄ရက်)၊ ည ရှစ်နာရီ...

Read more
by MPA
0 Comments
ပညာရေး

ဂန့်ဂေါမြို့အနီးရှိ စာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်ပြန်

May 15, 2025
ဂန့်ဂေါမြို့အနီးရှိ စာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်ပြန်

By Hsu Yee/MPA မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်တွင် ညအချိန်၌ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ ကြောင်း သိရသည်။ မေလ ၁၄ ရက်၊ည ၁၁ နာရီကျော်တွင်ဂန့်ဂေါမြို့အနီးရှိ လာပို့ရွာ ‌စာသင်ကျောင်းကို လေကြောင်း...

Read more
by MPA
0 Comments
စစ်ရေး

ခင်မွန်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် ဓားဖြင့်မွှန်းပြီး သေနတ်ဖြင့် ပစ်သတ်၊လူငယ်၂၀အား ဖမ်းဆီးသွား

May 15, 2025
ခင်မွန်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် ဓားဖြင့်မွှန်းပြီး သေနတ်ဖြင့် ပစ်သတ်၊လူငယ်၂၀အား ဖမ်းဆီးသွား

By Nway / MPA စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စစ်ကောင်စီတပ်က ရွာသားတစ်ယောက်ကို ဓားဖြင့်မွှန်းပြီး သေနတ်ဖြင့် ပစ်သတ်ကာ လူငယ်၂၀ အား ဖမ်းဆီးသွားကြောင်း သိရသည်။ မေလ ၁၃ရက်၊ ည ၈နာရီ...

Read more
by MPA
0 Comments
စစ်ဘေးရှောင်

ဒီးမော့ဆိုအရှေ့ခြမ်းရှိ နေအိမ်များ ဗုံးခိုကျင်းမတူးပါက ဒဏ်ငွေငါးသိန်းဆောင်ရမည်ဟု IEC ဆို

May 7, 2025
ဒီးမော့ဆိုအရှေ့ခြမ်းရှိ နေအိမ်များ ဗုံးခိုကျင်းမတူးပါက ဒဏ်ငွေငါးသိန်းဆောင်ရမည်ဟု IEC ဆို

By Bala / MPA ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ဗုံးခိုကျင်းမတူးသည့်နေအိမ်များကို ဒဏ်ကြေးအဖြစ် ကျပ်ငါးသိန်းကောက်ခံမည်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ၊ဒုတိယအပတ်ကစတင်ပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ပြည်သူများအား သက်ဆိုင်ရာ ရွာအလိုက် လူထုတွေ့ဆုံပညာပေးခြင်းများပြုလုပ်ခဲ့ပြီးနောက် မတ်လ...

Read more
by MPA
0 Comments
နိုင်ငံရေး

ရုရှားက မြန်မာ့လွတ်လပ်ရေးတွင် ပါဝင်ကူညီခဲ့ဟု ရုရှားသံအမတ် ဝါဒအမှားဖြန့်

May 7, 2025
ရုရှားက မြန်မာ့လွတ်လပ်ရေးတွင် ပါဝင်ကူညီခဲ့ဟု ရုရှားသံအမတ် ဝါဒအမှားဖြန့်

By Mg Dagon / MPA ရုရှားနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင်ရရှိခဲ့သော မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအတွင်း ပါဝင်ကူညီပေးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ် Iskander Azizov က ပြောကြားလိုက်သည်။...

Read more
by MPA
0 Comments
စစ်ရေး

ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချ

May 7, 2025
ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချ

By Bala / MPA ကရင်နီပြည်နယ်၊ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့( မေ ခြောက်ရက်) ၊ ည ၁၀နာရီ ၅၀မိနစ်တွင် စစ်ကောင်စီက...

Read more
by MPA
0 Comments
စစ်ရေး

ပုလောမြို့ပေါ်တွင် ဆိုင်ထိုင်အရက်သောက်နေသော ပျူသုံးဦး ပစ်ခတ်ခံရပြီး သေဆုံးဟုဆို

May 7, 2025
ပုလောမြို့ပေါ်တွင် ဆိုင်ထိုင်အရက်သောက်နေသော ပျူသုံးဦး ပစ်ခတ်ခံရပြီး သေဆုံးဟုဆို

By Ra Wai / MPA တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်တွင် ဆိုင်ထိုင် အရက်သောက်နေသော ပျူစောထီးသုံးဦးကို PDF တို့ ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်းသိရသည်။ ‌မေလ ခြောက်ရက်၊ ညနေ ငါးနာရီခွဲခန့်တွင် ပုလောမြို့၊ အမှတ်နှစ်ရပ်ကွက်ရှိ...

Read more
by MPA
0 Comments
Load More
Please login to join discussion

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In