မြန်မာပြည်စစ်အာဏာသိမ်းမှုနှစ်နှစ်ပြည့်ဖို့ နှစ်ပတ်ခန့်အလိုမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အာဏာသိမ်းမှုဓလေ့တွေနဲ့အရိုးစွဲနေတဲ့ ထိုင်းနိုင်ငံရဲ့စစ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတကာဖိအားပေါင်းစုံနဲ့ပြည်တွင်းခုံခံတော်လှန် စစ်ကို အပြင်းအထန်ခံနေရချိန်မှာ ခုလိုမျိုးလုံခြုံရေးစိတ်ချစွာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုပြုလုပ်နိုင်ခဲ့တဲ့နေရာဟာ မြန်မာပြည်ရဲ့လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ အချိန်တိုအတွင်းအင်အားအ များဆုံးနဲ့အောင်မြင်မှုအများဆုံးရနေခဲ့တဲ့ ရက္ခိုင့်တပ်တော်(AA)ရဲ့ရခိုင်ပြည်ထဲမှာပဲဖြစ်ပါတယ်။
အဲဒီမြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက် ခံကျင်းပပြုလုပ်ခဲ့တဲ့ ၈ ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအ ဝေး (8th High Level Committee Meeting)ဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ်၊သံတွဲမြို့ရှိ Jasmine Ngapali Resortမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမစတင်မီ မြန်မာပြ ည်က အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ထို င်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်GeneralChalermphonSrisawasdi တို့ သီးခြားတွေ့ဆုံပြီး တပ်မတော်နှစ်ရပ်အကြား ရှေ့ဆက်ဆောင်ရွက်မယ့်ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီဆွေးနွေးပွဲမပြုလုပ်မီ ၅၄ ရက်အ လိုက ရခိုင်မှာနှစ်ဖက်ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတို့ကြား တိုက်ပွဲတွေကို ရုတ်တရက် ယာယီအပစ်ရပ်ခဲ့လိုက်ကြပါတယ်။
တကျော့ပြန်ရခိုင်တိုက်ပွဲအတွင်းမှာ ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတ ပ်ရဲ့အထိုင်စခန်းတွေ၊ကင်းစခန်းတွေအ ထိတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်တွေ-ရန်ကုန်အဝေးပြေးကားလမ်းမကြီးတစ်ခုလုံးကို မထိန်းချုပ်နိုင်ခဲ့သလို
ရခိုင်တောင်ပိုင်းမှာတော့ သိသာထင်ရှားတဲ့ တိုက်ပွဲဖော်ဆောင်မှုတွေကိုလည်းမပြုလုပ်နိုင်ခဲ့ပါဘူး။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)က အာဖာ၊ဗီတာ၊နိုဗာဆိုပြီး စစ်ဒေသကြီးသုံးခုကို တစ်ခုစီအောက်မှာ တပ်မဟာသုံးခုစီခွဲထားပြီး စစ်သည်အင်အားသောင်းချီနဲ့လှုပ်ရှားထိန်းချုပ်လွှမ်းမိုးကစားနေပေမယ့် သံတွဲမြို့နယ်ဟာလည်း ရက္ခိုင့်တပ်တော်(AA)ရဲ့လွှမ်းမိုးထိန်းချုပ်မှုအင်အားအနည်းဆုံးနယ်မြေထဲမှာပါတယ်လို့ ပြောရမှာဖြစ်ပါတယ်။
အဲဒီသံတွဲမြို့နယ်အတွင်းမှာ ရက္ခိုင့်တ ပ်တော်(AA)ဟာ ရခိုင်မှာအခြေချလှုပ် ရှားချိန်ကနေဒီနေ့အထိ တိုက်ပွဲမဖော်ဆောင်းခဲ့၊မဖော်ဆောင်နိုင်သေးတဲ့မြို့ နယ်လို့လည်းပြောလို့ရပါတယ်။
အဲဒီသံတွဲမြို့နယ်ဟာ စစ်ခေါင်းဆောင်ရဲ့ဇနီးမြို့နယ်ဖြစ်သလို မဘသတွေအင်အားကြီးလွှမ်းမိုးခဲ့ချိန် ရခိုင်က မဘသဥက္ကဌရှိရာမြို့ဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အင်အားနည်းပြီး အုပ်စုကွဲခဲ့တဲ့ မြို့နယ်လည်းဖြစ်ပါတယ်။
အဲဒီအပြင်အာဏာသိမ်းစစ်တပ်ရဲ့တပ် ရင်းတွေ၊ရေတပ်တွေရှိနေသလိုအေအေဘက်ကာထိုးဖောက်လှုပ်ရှားလွှမ်းမိုးဖို့ကြိုးစားလာနေချိန်ကနေ အမျိုး သားညီညွတ်ရေးအစိုးရ(NUG)ထိုးဖောက်လာခဲ့ချိန်အထိ ဆက်နွယ်ပတ် သက်သူတွေကို စစ်ကောင်စီဖက်က ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။
အဲဒီသံတွဲမြို့နယ်ဟာ ရက္ခိုင့်တပ်တော် (AA)ရဲ့ရခိုင်ပြည်ထဲရှိအကြီးဆုံးထဲမှာပါဝင်သူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးလင်းသစ်ထိန်းချုပ်ရာ နိုဗာစစ်ဒေသထဲမှာပါဝင်ပေမယ့် အဲဒီမြို့နယ်မှာတော့ အေအေဖက်က စစ်ကောင်စီတပ်တွေကို လွှမ်းမိုးထိန်းချုပ်ကစားနိုင်သေးတာကို မတွေ့ရသေးပါဘူး။
ဒါကြောင့် တစ်နိုင်ငံလုံးနေရာအနှံ့အ ပြားမှာ ခုခံတော်လှန်စစ်တွေ၊တိုက်ပွဲတွေဖြစ်နေပြီး အာဏာသိမ်းစစ်ခေါင်းဆောင်တွေ လုံခြုံရေးစိုးရိမ်နေကြရချိန်မှာ ပြည်ပနိုင်ငံတစ်ခုမှစစ်ဦးစီးချုပ်အ ထိခေါ်ယူတွေ့ဆုံအစည်းအဝေးလုပ်နိုင်တာဖြစ်ပြီးအဲဒီမြို့နယ်ဟာ အာဏာ သိမ်းစစ်ကောင်စီအတွက် မြန်မာနိုင်ငံမှာ လက်ရှိလုံခြုံရေးစိတ်အချရဆုံးနေ ရာလိုဖြစ်နေပါတယ်။
အဲဒီအစည်းအဝေးမစတင်မီကတည်း က ရခိုင်ရှိရေတပ်သင်္ဘောကြီးတွေ၊ရေ တပ်စစ်သည်တွေအပြင် ရန်ကုန်တိုင်းရှိရေတပ်သင်္ဘောကြီးတွေ၊ရေတပ်အရာ ရှိစစ်သည်တွေကို အင်အားထောင်ချီဖြည့်လုံခြုံရေးယူထားခိုင်းခဲ့သလိုအနီးဆုံးနေရာတွေရှိ လေတပ်တွေ၊တိုက်လေယာဥ်တွေကိုလည်း အဆင်သင့်လုပ်ခိုင်းထားခဲ့တာလို့ စစ်ကောင်စီတပ်မှအရာရှိကြီးတချို့က ဆိုကြပါတယ်။
အဲဒီ ၈ ကြိမ်မြောက် မြန်မာ-ထိုင်း တပ် မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာ ရှိကြီးများအစည်းအဝေးသို့ စစ်ကောင် စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi တို့ အဓိကဦးဆောင်ဆွေးနွေးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ရဲ့ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်၊ကာ ကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်၊ကာ ကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အ ရာရှိကြီးများ၊ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများ၊နှစ်နိုင်ငံစစ်သံမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။
အဲဒီအစည်းအဝေးမှာ ” နှစ်နိုင်ငံတပ်မ တော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊နှစ်နိုင်ငံနယ်စပ်ဒေ သမှပြည်သူလူထုများအေးချမ်းတည် ငြိမ်ရေး၊သဘာဝဘေးအန္တရာယ်ကြို တင်ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည်။” လို့ ထုတ်ပြန်ထားပေမယ့် ဆွေးနွေးသဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မထုတ်ပြန်ထားပါဘူး။
အဲဒီအစည်းအဝေးမတိုင်မီ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ ရခိုင်ပြည်နယ်၊သံတွဲမြို့အနီးရှိ န ယ်မြေခံရေတပ်ပင်မရေငုပ်နှင့်ဆယ် ယူရေးတပ်ရဲ့လေ့ကျင့်ရေးဆောင်ရွက်နေမှုတွေကို သွားကြည့်ခဲ့ပါတယ်။
အဲဒီကို စစ်ကောင်စီရဲ့ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာ ကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်တာဝန်ရှိသူတွေပါဝင်ခဲ့ပါတယ်။
” ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ် လေ့ကျင့်ရေးကမ်းခြေတွင် ရေ တပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၈ ဦးမှ ရန်သူ့ရေယာဉ်အား တိတ်တဆိတ် ဝင်ရောက်ဖောက်ခွဲ၍ ပြန်လည်ထွက်ခွာ ခြင်း(Cast & Recovery) လေ့ကျင့်ခန်းသရုပ်ပြသခြင်းနှင့် သရုပ်ပြလေ့ကျင့်နေမှု” ကို ကြည့်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင်” ရေအောက်အနှောင့်အယှ က်လေ့ကျင့်ခန်း လေ့ကျင့်နေမှု၊ နှစ်ယောက်တွဲလေဝေရှူခြင်း လေ့ကျင့်နေမှု၊Closed Circuit အသုံးပြု၍ Underwater Compass ဖြင့် ရေအောက်ကူးခတ်ခြင်း လေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး 10 Men Hyperbaric Medical Treatment Chamber နှင့် Diving Tower တို့ကိုကြည့်ပြီး တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များ၏ Escape Training သရုပ်ပြသလေ့ကျင့်နေမှု” ကို ကြည့်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ကောင်စီရဲ့ရေတပ်ကို ရုရှားရေ တပ်က လေ့ကျင့်သင်ကြားပေးနေသ လို အဲဒီမှာရုရှားရေတပ်ရဲ့အခြေစိုက်စ ခန်းကို အခိုင်အမာတည်ဆောက်ထားပြီးစစ်ကောင်းစီရဲ့ပင်လယ်ပြင်စီးမိုးရေးလှုပ်ရှားမှုကို ဦးဆောင်လှုပ်ရှားနေတယ်လို့ ရခိုင်စစ်ရေးလေ့လာစောင့်ကြည့်နေသူတွေနဲ့ရုရှားရေတပ်ဖွဲ့ဝင်အချို့ကိုမြင်တွေ့ဖူးကြတဲ့ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့၊နေ့လည်ပိုင်းမှာ ရခိုင်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်တွေနဲ့အဲဒီ Pristine Mermaid Resort ဧည့်ခန်းမဆောင်မှာ တွေ့ဆုံ စကားပြောခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲသို့ တပ်မတော်အရာရှိကြီးများ၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ရခိုင်ပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်၊ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သံတွဲ မြို့နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါတယ်။
နောက်တစ်နေ့မနက်မှာတော့ သံတွဲတ ပ်နယ်ရှိ ငပလီခန်းမမှာ စစ်ခေါင်း ဆောင်နဲ့ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူတွေဟာ သံတွဲတပ်နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေနဲ့တွေ့ဆုံခဲ့ပါသေးတယ်။
အဲဒီတွေ့ဆုံပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က” မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေအထွေထွေရွေး ကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့်အခြေအနေများ၊ထိုကဲ့သို့သော မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့ဘဲနိုင်ငံတော်တွင်ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရ” တယ်လို့ ဝါဒဖြန့်သတင်းမှားတွေကို ပြောဆိုခဲ့သေးတယ်။
စစ်ကောင်စီရဲ့ပြည်နယ်ရုံးစိုက်ရာစစ်တွေမြို့ရှိ ဦးဥတ္တမခန်းမမှာ ရခိုင်ရှိစီး ပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပွဲပြု လုပ်ဖို့လုံခြုံရေးအင်အားတွေအများကြီးချထားပြီးအဆင်သင့်ပြုလုပ်ထား ခဲ့ပေမယ့် သတင်းပေါက်ကြားသွားတ ယ်ဆိုပြီး အဲဒီတွေ့ဆုံပွဲကို ဖျက်သိမ်းခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သံတွဲမြို့သို့ တခြားနိုင်ငံတစ်ခုမှစစ်ဦးစီချုပ်အထိခေါ်ယူတွေ့ဆုံအစည်းအဝေးလုပ်ပြနိုင်ခဲ့ပေမယ့် ရက္ခိုင့်တပ်တော် (AA)က ထိန်းချုပ်လွှမ်းမိုးမှုတစ်စုံတစ် ရာရှိနေပြီးသူရဲ့တပ်ဖွဲ့ဝင်တချို့ဖမ်းဆီးခံခဲ့ရမှုတွေရှိခဲ့တဲ့ စစ်တွေမြို့ပေါ်မှာတော့ သူကိုယ်တိုင်မလာရောက်ဝံ့ခဲ့တာကို သတိထားမိပါတယ်။
အဲဒီစစ်တွေမြို့ပေါ်မှာတော့ စစ်ကောင် စီရဲ့ပြည်နယ်ရုံးစိုက်ထားသလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဟာ စစ်တိုင်းအခြေစိုက်ရာအမ်းမှာမထိုင်တော့ဘဲ စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီ တပ်နယ်ထဲမှာလာရောက်နေထိုင်ကွပ်ကွဲနေပါတယ်။
အဲဒီအပြင် စစ်တွေမြို့နယ်၊ရွှေမင်ဂံရှိ စစ်ကောင်စီရဲ့ရေတပ်အခြေစိုက်စခန်းအသစ်သို့ အာဏာသိမ်းစစ်ခေါင်းဆောင်လာရောက်ကြည့်ဖို့စီစဥ်ထားပေမယ့်သူ့ခရီးစဥ်နဲ့သွားရောက်မယ့်နေရာတွေကိုသတင်းအတိအကျထွက်သွားတာမို့ လုံခြုံရေးကိုစိုးရိမ်ပြီးမလာရောက်ခဲ့တာကို တွေ့ရပါတယ်။
ရခိုင်တကျော့ပြန်တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်(AA)ဟာ စစ်ကောင်စီရုံးစို က်ရာပြည်နယ်မြို့တော်နဲ့ ၁၀ မိုင်ခန့်သာကွာဝေးတော့တဲ့ အဝေးပြေကားလ မ်းမကြီးအထိထိန်းချုပ်လွှမ်းမိုးစစ်ဆင် နိုင်ခဲ့သလို အဲဒီနေရာအနီးအနားမှာ ခုချိန်ထိ အေအေတပ်ဖွဲ့ဝင် ၅၀၀ခန့်အထိ စခန်းချလှုပ်ရှားရှိနေတုန်းပဲလို့ ဒေသခံတွေက ဆိုကြပါတယ်။
ရခိုင်ပြည်နယ်မြို့တော်စစ်တွေအပါအ ဝင်ပုဏ္ဏားကျွန်းမြို့နယ်ဟာလည်း ရက္ခိုင့်တပ်တော်(AA)ရဲ့ဗိုလ်မှူးကြီးထွန်းဝေလက်အောက်ရှိ အာဖာစစ်ဒေသသုံးခုထဲမှာပါဝင်သလို တကျော့ပြန်ရခိုင်တို က်ပွဲဖြစ်ခဲ့တဲ့ အေအေရဲ့တပ်မဟာကြီးထဲတွေထဲက တပ်မဟာတစ်ခုဒေသလည်းဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်းဟာ ပင်လယ်ကမ်းခြေမြို့ချင်းတူသလို စစ်ကောင်စီရဲ့ ကြည်း၊ရေ၊လေ ပူးပေါင်းတပ်ဖြန့်ချထားလှုပ်ရှားနေတဲ့နေရာချင်းတူပေမယ့် သံတွဲမြို့ဟာ သူ့အတွက် တိုက်ခိုက်ခံရမှုမရှိနိုင်တဲ့၊ လုံခြုံရေးစိတ်အချရဆုံးမြို့ဖြစ်တာမို့ ထိုင်း -မြန်မာနှစ်နိုင်ငံစစ်ခေါင်းဆောင်တွေ တွေ့ဆုံပွဲအတွက် သံတွဲမြို့၊ငပလီကို ရွေးချယ်ပြုလုပ်ခဲ့တာလို့ မြင်မိပါတယ်။