• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
17 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

အိမ်ဆောက်ပစ္စည်းဈေး ထောင်တက်နေသဖြင့် ရန်ကုန်ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နေ

Thar Nge Lay by Thar Nge Lay
May 10, 2025
in စီးပွားရေး
0
0
အိမ်ဆောက်ပစ္စည်းဈေး ထောင်တက်နေသဖြင့် ရန်ကုန်ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နေ

ဓာတ်ပုံ-Naingwinaung ဖေ့စ်ဘွတ်ခ် ပုံစာ- ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု (ပုံဟောင်း)

Share on FacebookShare on Twitter

By Ra Wai / MPA

ငလျင်လှုပ်ခတ်ပြီးနောက် အိမ်ဆောက်ပစ္စည်းဈေးနှုန်းများ ထောင်တက်လာခြင်းကြောင့် ရန်ကုန်မြို့ ရှိ အသေးစားနှင့်အလတ်စား ဆောက်လုပ်ရေးလုပ်ငန်းအများစု ရပ်နားထားကြောင်း သိရသည်။

ငလျင်လှုပ်ပြီးနောက်ပိုင်း ဘိလပ်မြေဈေးတင်ရောင်းသည်ဟုဆိုကာ ဆောက်လုပ်ရေးပစ္စည်း အ ရောင်းဆိုင်၆၂ဆိုင်ကို ဖမ်းဆီး လိုက်ကြောင်း စစ်ကောင်စီက ဧပြီ၂၄ရက်တွင် ထုတ်ပြန်ပြီးနောက် ရန် ကုန်ဘိလပ်မြေဈေးကွက်မှာ အရောင်းရပ်နေသလို အခြားသောအိမ်ဆောက်ပစ္စည်းများမှာလည်း ဈေးတက်နေခြင်းကြောင့် လုပ်ငန်းများ ရပ်နေခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အသေးစား ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

“သင်္ကြန်ပြီးရင် ဆောက်မယ်ဆိုပြီး ကျတော်နဲ့ ချိတ်ထားတဲ့ အိမ်ရှင်နှစ်ဦးက ဈေးတွေတက်နေလို့ မဆောက်နိုင်သေးဘူးလို့ ပြန်ပြောတယ်။နောက်တစ်ဦးကျတော့ သူကဆောက်ချင်ပေမဲ့ ကျတော်က ဈေးတက်နေတာကို မမှန်းနိုင်လို့ ရှုံးမှာစိုးလို့ မဆောက်ရဲဘူး။ကျတော်တို့အလုပ်က မဆောက်ခင်က တည်းက အကုန်တွက်ချက်ပြီး ဘယ်လောက်ကျမယ်ဆိုတာ ပြောပြီး စာချုပ်ချုပ်ပြီးဆောက်ရတာ။ ဆောက်နေရင်းနဲ့ ဈေးတွေထိုးတက်သွားလို့ စာချုပ်ထဲကထက် ပိုပေးပါ သွားပြောလို့မရဘူး။ဈေး တက်လို့ အရှုံးပေါ်ရင် ကန်ထရိုက်က ခံပဲ”ဟု ၎င်းက MPAသို့ပြောသည်။

ရန်ကုန် ဆောက်လုပ်ရေးပစ္စည်းဆိုင်များတွင် ဘိလပ်မြေ အရောင်းရပ်ထားသော်လည်း တစ်အိတ် လျှင် ၃၅,၀၀၀နှင့် ၄၀,၀၀၀ ကြား ဈေးခေါ်နေကြောင်း သံဈေးမှာ ငါးရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းအထိ ဈေးတက်သွားသ လို အုတ်ဈေးလည်း တက်နေကြောင်း မြန်မာတွင် အသုံးအများဆုံး PMG အိမ် သုတ်ဈေးမှာ ဈေးကွက်ထဲ ပစ္စည်းပြတ်နေပြီး တရုတ်နှင့်ထိုင်းမှ ဝင်လာသည့် အရည်အသွေးညံ့သော အိမ်သုတ်ဆေးများသာ ရှိကြောင်း သိရသည်။

“နောက်တစ်ချက်က နေပြည်တော်မှာ အပျက်အစီးရှင်းတဲ့အလုပ် တော်တော်ခေါ်နေလို့ ရန်ကုန် လုပ် ငန်းရှင်တွေ နေပြည်တော်ဘက် ခြေဦးလှည့်နေကြတယ်။အပျက်ရှင်းပြီးရင် ပြန်ဆောက်မှာဆိုတော့ ဆောက်လုပ်ရေးဈေးကွက်က နေပြည်တော်ဘက် ရွေ့နေတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

နေပြည်တော် အပျက်အစီးရှင်းသည့်အလုပ်ကို စစ်ကောင်စီနှင့် မပတ်သက်လိုသော လုပ်ငန်းရှင်များ က မလုပ်ကြကြောင်း သိရသည်။
“ကျတော်ကတော့ စစ်ကောင်စီနဲ့ မပတ်သက်ချင်လို့ အလုပ်လာပေးပေမဲ့ မလုပ်ဘူး”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက ဆောက်လုပ်ရေးပစ္စည်းဆိုင်များကို ဘိလပ်မြေတစ်အိတ်လျှင် ကျပ်၁၇,၀၀၀ဖြင့် ရောင်းခိုင်းနေပြီး သတ်မှတ်ဈေးဖြင့် မရောင်းပါက ဖမ်းဆီးနေဆဲဖြစ်သဖြင့် ဆိုင်များက ၎င်းတို့ စိတ်ချရသည့် ဖောက် သည်များကိုသာ ပြင်ပပေါက်ဈေးအတိုင်း လက်သိပ်ထိုးရောင်းချနေကြောင်း သိရသည်။

Tags: ဆောက်လုပ်ရေးလုပ်ငန်းရပ်နားထားအိမ်ဆောက်ပစ္စည်းဈေးနှုန်း
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

စီးပွားရေး

ရန်ကုန်တွင် အဆမတန်ထိုးတက်သည့် အိမ်ဆောက်ပစ္စည်းဈေးနှုန်း တဖြည်းဖြည်းပြန်လည်ကျဆင်း

Mar 20, 2025
ရန်ကုန်တွင် အဆမတန်ထိုးတက်သည့် အိမ်ဆောက်ပစ္စည်းဈေးနှုန်း တဖြည်းဖြည်းပြန်လည်ကျဆင်း

By Mg Dagon / MPA အိမ်ဆောက်ရာသီဖြစ်သော်လည်း အဆမတန်ထိုးတက်ခဲ့သော ရန်ကုန်မြို့ရှိ အိမ်ဆောက်ပစ္စည်းဈေးနှုန်းများ တဖြည်းဖြည်းပြန်လည်ကျဆင်းလာနေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ ဘိလပ်မြေအပါအဝင် အုတ်၊ သဲ၊ ကျောက်နှင့် သံဈေးနှုန်းများ သုံးပုံ တစ်ပုံခန့် ကျဆင်းလာခြင်းဖြစ်သည်ဟု...

Read more
by Thar Nge Lay
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In