• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
17 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

စစ်ကောင်စီဗဟိုဘဏ်က ကန်ဒေါ်လာ ၃၈ သန်းထပ်ရောင်းပေးမည်ဟုဆိုသော်လည်း စက်သုံးဆီဈေး ဆက်တက်

Thar Nge Lay by Thar Nge Lay
May 3, 2025
in စီးပွားရေး
0
0
စစ်ကောင်စီဗဟိုဘဏ်က ကန်ဒေါ်လာ ၃၈ သန်းထပ်ရောင်းပေးမည်ဟုဆိုသော်လည်း စက်သုံးဆီဈေး ဆက်တက်

Photo-MPA

Share on FacebookShare on Twitter

By Mg Dagon / MPA

စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform)မှတစ်ဆင့် ၎င်းတို့သတ်မှတ်ဈေးဖြင့် စက်သုံးဆီလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ ၃၈ သန်း ထပ်မံရောင်းချပေးမည်ဟု ပြီးခဲ့သည့်မေလ ၃၀ ရက်နေ့က ယင်းဗဟိုဘဏ်၏ ကြေညာထားချက်အရ သိရသည်။

စက်သုံးဆီဈေးကျဆင်းစေရန် စစ်ကောင်စီက ထိုသို့နိုင်ငံခြားငွေများထုတ်ရောင်းပေးနေသော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ကျဆင်းခြင်းမရှိဘဲ ဆက်လက်မြင့်တက်လာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့်ဧပြီလအတွင်း တစ်ကြိမ်ကျဆင်းပြီး နှစ်ကြိမ်ပြန်မြင့်တက်ခဲ့သည့် စက်သုံးဆီဈေးနှုန်းများသည် ယခုမေလအတွင်း အောက်တိန်း 92 တစ်လီတာကို ၈၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၇၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၃၅ ကျပ်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၄၅ ကျပ် အစရှိသဖြင့် ထပ်မံမြင့်လာကြောင်း သိရသည်။

စစ်ကောင်စီသည် ဧပြီ တစ်လအတွင်း စက်သုံးဆီလုပ်ငန်းရှင်များထံ စုစုပေါင်း ကန်ဒေါ်လာ ၁၄၈ သန်း ထုတ်ရောင်းပေးမည့်အကြောင်း လေးကြိမ်ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့တွင် အမေရိကန်ဒေါ်လာ သန်း ၃၀၊ ဧပြီလ ၁၆ ရက်နေ့တွင် ကန်ဒေါ်လာ ၅၅ သန်း၊ ဧပြီလ ၂၂ ရက်နေ့တွင် ကန်ဒေါ်လာ ၂၅ သန်းနှင့် ဧပြီ ၃၀ ရက်နေ့တွင် ကန်ဒေါ်လာ ၃၈ သန်း စသဖြင့် ထုတ်ရောင်းပေးမည်ဟု စက်သုံးဆီလုပ်ငန်းရှင်များထံ နိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform)မှတစ်ဆင့် ထုတ်ပြန်ကြေညာထားသည်။

“ကျနော်တို့အတွက် ဈေးကျရင်တော့ ပိုကောင်းတာပေါ့။ ကားခ လျှော့ယူလို့ရတယ်။ ဆီဈေးတက်တော့ မကောင်းဘူးပေါ့။ ကားခ ထပ်တက်ပြီးယူရတာပေါ့။ အဲဒီတော့ ဆွဲမကောင်းရတဲ့ကြားထဲ ပိုမကောင်းတော့ဘူးပေါ့” ဟု ရန်ကုန်မြို့က အသက် ၃၅ နှစ်အရွယ်ရှိ အငှားယာဉ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ယာဉ်ပိုင်ရှင်အမျိုးသားတစ်ဦးကလည်း စက်သုံးဆီဈေးနှုန်းများ ကျဆင်းစေလိုသော်လည်း ဆီမပြတ်လပ်ရေးကို ပိုမိုလိုလားသည်ဟု ပြောသည်။

“ဆီက ဈေးကြီးတာထက် မရတာက ပိုဆိုးတယ်။ အားလုံးလည်းသိနေတာပဲ။ နာရီပေါင်းများစွာကြာအောင် စက်သုံးဆီတိုးရတဲ့ဒုက္ခက အတော်လေးဆိုးဝါးပါတယ်ဗျာ။ အခုတော့ အဲဒီလိုမဖြစ်သေးတာပဲတော်ပါသေးတယ်” ဟု ရန်ကုန်မြို့က အသက် ၄၀ ဝန်းကျင်ရှိ ယာဉ်ပိုင်ရှင်အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ကမ္ဘာ့ရေနံစိမ်းဈေးကွက်အတွင်း ရေနံစိမ်းဈေးနှုန်းများမှာလည်း ဆက်လက်ကျဆင်းနေပြီး ဧပြီလနှောင်းပိုင်းကထက် ကမ္ဘာသုံးရေနံစိမ်းအမျိုးအစားဖြစ်သည့် Brent Crude ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၂ ဒေါ်လာကျော်နှင့် WTI တစ်စည်လျှင် ၄ ဒေါ်လာခန့် ထပ်မံကျဆင်းကြောင်း သိရသည်။

ယနေ့ မေလ ၃ ရက် ရန်ကုန်စက်သုံးဆီဈေးကွက်အတွင်း အောက်တိန်း 92 တစ်လီတာလျှင် ၂၈၈၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၉၄၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၄၇၀ ကျပ်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၃၀၅၅ ကျပ်ဈေးရှိကြောင်း စက်သုံးဆီဆိုင်ကြီးများက နေ့စဉ်ထုတ်ပြန်သည့် ဈေးနှုန်းများအရ သိရသည်။

ယနေ့ကမ္ဘာ့ရေနံစိမ်းဈေးကွက်အတွင်း ကမ္ဘာသုံးရေနံစိမ်းအမျိုးအစားဖြစ်သည့် Brent Crude ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၄ ဒေါ်လာကျော်နှင့် WTI တစ်စည်လျှင် ၅၉ ဒေါ်လာကျော်ဈေးရှိကြောင်း သိရသည်။

Tags: စစ်ကောင်စီဗဟိုဘဏ်နိုင်ငံခြားငွေကြေးဈေးကွက်
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

No Content Available
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In